ညနေဆည်းဆာ၊သရုပ်ဖော်စာစီစာကုံး

. #ညနေဆည်းဆာ ၁ (နိဒါန်း)▫️နေမင်းသည် ကမ္ဘာတစ်ခြမ်းမှ မထွက်ခွာမီ သူ၏ရွှေအိုရောင်အလင်းတန်းများကို လူသားတို့အား နှုတ်ဆက်လက်ဆောင်ပေးခဲ့ပေသည်။ညနေဆည်းဆာတွင် ဩကာသလောကတစ်ခွင်၌ မြင်မြင်ရာသည် လှပနေပေသည်။ ညနေဆည်းဆာကို "အကျည်းတန်လှချိန်" ဟု တင်စားသူတို့က တင်စားကြလေသည်။ ညနေဆည်းဆာသည် တစ်ရက်တာ၏ အလှဆုံးအချိန်ဖြစ်သလို လွမ်းစရာအချိန်အခါလည်းဖြစ်ပေသေးသည်။ "ရှုလေတိုင်းသာပ၊ မှိုင်းမိသလိုလိုနဲ့၊ နေညိုလျှင် ဘယ်ကိုလွမ်းတယ်လို့၊ မှန်းဆ၍ မသိပါပြီ။" ဟု ဆရာဇော်ဂျီက "နေနီနီ" ကဗျာတွင် ရေးဖွဲ့ထားသည်။ စာဆိုတို့ကလည်း ညနေဆည်းဆာအလှကို အမျိုးမျိုးအဖုံဖုံ ရှုထောင့်စုံက စာဖွဲ့ခဲ့ကြဖူးလေသည်။ ပန်းချီကျော်တို့ကလည်း ညနေဆည်းဆာအလှကို အရောင်အသွေးအစုံစုံ အသွင်အပြင်မျိုးစုံဖြင့် ခြယ်သခဲ့ကြဖူးလေသည်။ အနုပညာပုံသဏ္ဌာန်မျိုးစုံဖြင့် ညနေဆည်းဆာအလှကို ဖော်ထုတ်ခဲ့ကြသော်လည်း အရှိပကတိ ညနေဆည်းဆာအလှကို မမီနိုင်ပါ။ ညနေဆည်းဆာသည် နတ်ပန်းချီပင် မမီနိုင်သော သဘာဝ၏လက်ဆောင်ဖြစ်လေသည်။ယနေ့ကမ္ဘာတွင် နေဝင်ချိန်စောင့်ကြည့်ရန် အကောင်းဆုံးနေရာများပင် သတ်မှတ်ထားကြသည် မဟုတ်ပါလော။ ၂▫️မိုးကုန်ဆောင်းကူးချိန်နှင့် နွေနှောင်းမိုးဦးချိ...