Posts

Showing posts from January, 2023

၄တန်း/၈တန်းကြီးကြပ်ရေးတာဝန်ထမ်းနိုင်ရန်စာရင်း ဇယားအခက်အခဲရှိသူများအတွက်လေ့လာနိုင်ရန်

Image
 ၄တန်း/၈တန်းကြီးကြပ်ရေးတာဝန်ထမ်းနိုင်ရန်စာရင်း ဇယားအခက်အခဲရှိသူများအတွက်လေ့လာနိုင်ရန်။ Credit: Aung Naing Lin

ရာသီပန်း

Image
 ရာသီပန်း တန်ခူးဂိမ္မာန်  နွေသင်္ကြန် ပိတောက်ပွင့်ကြပြန်။ ကဆုန်လလေး  စကားဝါမွေး လေပြည်လေညင်းသွေး။ လကနယုန် စပယ်ရုံ ဖူးပွင်စီရီစုံ။ ဝါဆိုမိုးအေး ပုန်းညက် ဖွေး မိုးရေတဖွေးဖွေး။ ဝါခေါင် ခတ္တာ ပွင့်ဖတ် ဝါ ငြှိုးဆဲမိုးမဲရွာ။ တော်သလင်းမှာ ယင်းမာပန်း မိုးရေစက်ပက်ဖျန်း။ သီတင်းကျွတ်မကုန် ပွင့်ဖူးငုံ ကြာာပန်းကြာဖူးစုံ။ ခဝဲပွင့်လန်း တန်ဆောင်မုန်းချမ်း နှင်းဖွဲသွန်းပက်လန်း။ သဇင်တော်ဝင် နတ်တော် မြင် ပန်းလှထိပ်ခေါင်တင်။ ပြာသိုချမ်းအေး ခွာညိုဖွေး ပွင့်ဖတ်ပန်းလေးမွေး။ တပိုတွဲမှီ ပေါက်ပွင့် နီ မြူနှင်းမှုန်ဝေရီ။ တပေါင်းလဆန်း ည​လေး ချမ်း ပွင့်လှသရဖီပန်း။                         ဝေဟင်.

ဆရာဆိုတာ အင်္ဂလိပ်လိုခေါ်ရင်( Teacher ) ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။ 

 ဆရာဆိုတာ အင်္ဂလိပ်လိုခေါ်ရင်( Teacher ) ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။  ဒါပေမယ့် တကယ်တော့( Teacher )ဆိုတဲ့ ထို စာလုံးဖြစ်လာတာဟာ စာလုံးများစွာရဲ့ အစ စကားလုံးလေးတွေ ပေါင်းထားတာပါ လို့ ဆို ပါတယ် ။  T = teaching  E = education  A = active  C = clever  H = honest  E = expert  R = research minded အဲဒီအချက်တွေထဲက တစ်ချက်တလေကျန်ခဲ့ရင် Teacher ဖြစ်မှာမဟုတ်တော့ပါ။ ဒါကြောင့် စာလုံးတစ်လုံးစီကို အကျယ်ဖွင့်ကြည့်ကြပါစို့။ , Teaching(ပညာသင်ကြားပေးခြင်း) ========================  ဆရာဆိုတာ တစ်စုံတစ်ခုကို တတ်မြောက်အောင်သင်ကြားပေးသူလို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ ၁။ သင်ဆရာ ၂။ မြင်ဆရာ ၃။ ကြားဆရာ ဆိုပြီး ဆရာသုံးမျိုးပြန်ခွဲထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာလို့ခေါ်ခံရဖို့ သူတပါးကို တစ်ခုခုတော့ လမ်းညွှန်သင်ကြားပေးသူတော့ ဖြစ်ဖို့လိုတာသေချာပါတယ်။ . Education(ပညာတတ်မြောက်ခြင်း)  =========================  ဆရာတစ်ယောက်ဟာ ထိုက်သင့်တဲ့ပညာကိုတော့ တတ်မြောက်ထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာတော်မှ တပည့်တတ်မှာဖြစ်လို့ပါ။ ဆရာကို၌က Educated ပညာတတ်ပုဂ္ဂိုလ...

 #အတိုကျက်မှတ်နည်း

Image
 #အတိုကျက်မှတ်နည်း စာကျက်တဲ့အခါဘာသာရပ်အလိုက်အကန့်လိုက်အတိုကောက် မှတ်သားပြီး ကျက်ထားရင် မှတ်မိ လွယ်ပြီး စာကိုလည်းမမေ့တော့ပါ။ ထိရောက်တဲ့ နည်းဖြစ်လို့ ကျင့်သုံးကြည့်ပါ။ ကျွန်တော်ယခင်က အတိုကောက် မှတ်ပြီးကျက်ခဲ့ တဲ့နမူနာလေးတွေပါ ဦးနှောက်ထဲ မှတ်သားဖို့ များ နေတဲ့စာတွေကို ဝန်လျှော့ချခြင်းဖြစ်ပါတယ်။ #ဆယ့်နှစ်လရာသီပန်း ကံ့ ကား ပယ် မြတ် ခတ် ယင်း ကြာ ဝဲ ဇင် ခွာ လဲ ဖီ ရာသီဆယ့်နှစ်ပါး ပွင့်သောပန်းမှတ်။ #ဆယ့်နှစ်လရာသီပွဲတော် သင်း ညောင် ပြန် ဆို ရေး လှေ ကျွတ် ဆောင် စာ မြင်း နဲ ပေါင်း ပွဲခညောင်း။ #ပြည်နယ်နေ့များ ဇန်ချင်တစ်ဆယ် ယားဇန်ဆယ့်ငါး ရှမ်းမှာဖေခွန်(၇) ဖေနှစ်ဆယ်ချင်း မတ်ဆယ့်ငါးမွန် နိုခွန်(၇)ကရင် ခိုင်ဒီဆယ့်ငါး ပြည်နေ့များ။ #ကြာမျိုးငါးပါး ဖြူ နီ ညို လောင်း ရိတ် ကြာမျိုးစိတ်ငါးသွယ်။ ရိတ်သည် ကြာပုဏ္ဍရိတ် လောင်းသည် ကြာခေါင်းလောင်း(ပဒုမ္မာ) ကြာဖြူသည် ကုမုဒ္ဒြာ #နဝရတ်ကိုးပါး စိန် ကြောင် နီလာ ပတ္တမြား ဂေါ်မုတ် ဥဿဖရား သန္တာ ပုလဲ မြ မှတ်ကြနဝရတ်။ #ခုနှစ်ထွေအက မျောက် ဘီလူး ဇော် ဝန် အိုးစည် ဒိုးပတ် သူငယ်တော် ခုနှစ်ထွေတဲ့နော်။ #ရတုအခေါ်များ စက် ဂွမ်း သား ပိုး သစ် ကြား လပ် ကြေး ဥ သံ ဏိ ချည် ဇာ ဆင် ကျောက...

စာလုံးပေါင်းဖတ်ရမယ့်နည်း

 စာလုံးပေါင်းဖတ်ရမယ့်နည်း စာလုံးပေါင်းဖတ်ရာ၌ ဗျည်းများကို "က ခ ဂ ဃ င" ဟူ၍ အသံမထွက်ရပါ။ "ကကြီး ၊ ခခွေး ၊ ဂငယ် ၊ ဃကြီး" စသည်ဖြင့် အက္ခရာအမည် အပြည့်အစုံရွတ်ဆိုရပါမည်။ ထိုမှတဖန် ဗျည်းနှင့်သရ တွဲ၍- "ကကြီးရေး လုံးကြီးတင် - ကိ၊ ကကြီးရေး လုံးကြီးတင်ဆန်ခတ် - ကီ - ကိ - ကီ၊ ကကြီးရေး လုံးကြီးတင်ဆန်ခတ် - ကီ - ဝစ္စနှစ်လုံးပေါင်း - ကီး၊ ကိ - ကီ - ကီး" စသည်ဖြင့် စာလုံးပေါင်း ဖတ်ရပါမည်။ စာလုံးပေါင်းဖတ်နည်းကို သင်ကြားပေးမည်ဆိုလျှင် ဗျည်းသရများ သင်္ကေတများ၏ အခေါ်အဝေါ်များ အသံထွက်များကို ဂဃနဏ သိရှိထားရပါမည်။ ထိုသို့ သိရှိထားမှသာ စာလုံးပေါင်းဖတ်နည်းကို အောက်ပါအတိုင်း သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပါသည်။ - 'ဤခရီးနီးသလား' အက္ခရာဤ၊ ခကွေးရေး - ခ  ဤ - ခ၊ ရကောက်ရေး လုံးကြီးတင်ဆန်ခတ် - ရီ၊ ဝစ္စနှစ်လုံးပေါက် - ရီး ဤခရီး၊ နငယ်ရေးလုံးကြီးတင်ဆန်ခတ် - နီ - ဝစ္စနှစ်လုံးပေါက် နီး - ဤခရီးနီး၊ သရေ - သ ဤခရီးနီးသ၊ လရေးချ လာ ဝစ္စနှစ်လုံးပေါက် လား၊ ဤခရီးနီးသလား။ - 'အဆောက်အဦ/ အဆောက်အအူ' အရေး - အ၊ သဝေထိုး ဆလိမ်ရေးချ ကသတ်-ဆောက် - အဆောက်၊ အရေး - အ၊ အက္ခရာဦ - အဆောက်အဦ။ ('အဆောက်အဦ' ...

စနစ်သစ် ပညာရေး အတွက် Calculator အသုံးပြုနည်း

Image
 #စနစ်သစ် ပညာရေး အတွက် Calculator အသုံးပြုနည်း #အသုံးဝင်ကြပါစေ 📚📚📚 #Credit....... Dr.Win Swe

📝 စာစီစာကုံး ရေးသာ/ရေးနည်း📝 ဆောင်ဖွယ် /ရှောင်ဖွယ်များ

Image
 📝 စာစီစာကုံး ရေးသာ/ရေးနည်း📝    ဆောင်ဖွယ် /ရှောင်ဖွယ်များ   လိုအပ်သူများအတွက်။  Credit; Tr M. Haron

မြန်မာစာသတ်ပုံ သံပေါက် ကဗျာများ

Image
 မြန်မာစာသတ်ပုံ သံပေါက် ကဗျာများ ―――――――――――― ၁။ ရ,ရစ်=  ြ −   /  ြ− ‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾ (1). ငါးမည်ရွှေကြာ၊ ခက်ညွန့်ဖြာ၊ စိမ်းပြာကိုလည်း ရစ်ရမည်။ (2). ယာဉ်ပျံစကြာ၊ ရွှေလိပ်ပြာ၊ ကြိုးကြာကိုလည်း ရစ်ရမည်။ (3). ဇမ္ဗူ့သပြေ၊ အသီးကြွေ၊ မိုးမြေကိုလည်း ရစ်ရမည်။ (4). စည်းစိမ်မကြေ၊ ကြိုးနှင့်ဖြေ၊ လက်ခြေကိုလည်း ရစ်ရမည်။ (5). ကောင်းကင်မှာကြယ်၊ လွန်ဆန်းကြယ်၊ စင်ကြယ်ကိုလည်း ရစ်ရမည်။ (6). မွမ်းမံစီခြယ်၊ စည်းစိမ်ကြွယ်၊ မပြယ်ကိုလည်း ရစ်ရမည်။ (7). ပြင်ရွာမြို့ပြ၊ မျက်ရှင်ပြ၊ ကြိုးကြွကိုလည်း ရစ်ရမည်။ (8). ရွှေစက်ဖြန့်ကြွ၊ အာဏာပြ၊ ကြောင့်ကြကိုလည်း ရစ်ရမည်။ (9). မင်္ဂလာထိမ်းမြား၊ လွန်ဆန်းပြား၊ ပိုင်းခြားကိုလည်း ရစ်ရမည်။ (10). စွမ်းအန်ကြွားကြွား၊ လွန်မြောက်မြား၊ လျှောက်ကြားကိုလည်း ရစ်ရမည်။ (11). ငုံးခါခိုကြက်၊ ကြောင်နှင့်ကြွက်၊ ထက်မြက်ကိုလည်း ရစ်ရမည်။ (12). အလျှံပြိုးပြက်၊ လက်ဝါးပြက်၊ လျှပ်ပြက်ကိုလည်း ရစ်ရမည်။ (13). နီလာစိန်ကြောင်၊ စီခြယ်မြှောင်၊ ဝမ်းပြောင်ကိုလည်း ရစ်ရမည်။ (14).ကျားဆရာကြောင်၊ တောမှာပြောင်၊ ဆင်ပြောင်ကိုလည်း ရစ်ရမည်။ (15). အရေးအကြာင်း၊ ပြည်ရွာပြောင်း၊ ကျဉ်းမြောင်းကိုလည်း ...

တက္ကသိုလ်ဝင် စာမေးပွဲအတွက် ကြီးကြပ်ရေးမှုးများပြုလုပ်ရမည့် အကြောင်းအရာ လုပ်ငန်းများ။

Image

တံခွန် နှင့် ကင်စီး ဘယ်လို စာလုံး ပေါင်းဖတ်မည်နည်း။

Image
 

မူဆင့်စစ်ဆေးခြင်း.

Image
 #မူဆင့်စစ်ဆေးခြင်း...☺ 📗📗📗📗📗📗📗📗 “မအောင်မရှိ ငါ့တပည့်”ဆိုတာ မှန်တယ်။ ဒါပေမဲ့ မူလတန်းဆင့်ရဲ့ G4 နဲ့ G5 (မူထက်ဆင့်)မှာ စာမေးပွဲရှိတယ်။ တစ်နှစ်မှာ (၄)ကြိမ်စစ်ရမယ်။ တစ်ချိန်စာ။(မိနစ်၄၀)နဲ့။ (July နဲ့ Aug) မှာ အခန်းဆုံးစစ်ဆေး။ October မှာ ပထမနှစ်ဝက် စစ်ဆေး။ December မှာ အခန်းဆုံးစစ်ဆေး။ March မှာ ဒုနှစ်ဝက်ဆုံး စစ်ဆေး။(Feb မှာအပြီး)။ 👉 ဘယ်လိုဖြေမှာလဲ။ (မမ၊ မဂလ၊ သခ၊ သပ၊ လမ)ကို ရေးဖြေ‌မေးရမယ်ဗျာ။ (စံပုံစံ နဲ့ မေးခွန်းပုံစံ)၂မျိုးနဲ့ မေးခွန်းထုတ်ပေါ့။ မေးခွန်းက (မှတ်မိမှု၊ နားလည်မှု၊ အသုံးချတတ်မှု)ကို စစ်ဆေးတဲ့ မေးခွန်းအရည်အသွေးပြည့်မီရမယ်။ ကျန်ဘာသာတွေက နေ့စဉ်အကဲဖြတ်နဲ့ သွားမယ်။ Guide line မှာတော့ တွဲဖက်ဘာသာတွေကို (၃)လတစ်ကြိမ်သာ ချုပ်လို့ ရပါတယ်။ ဒါပေမဲ့ တစ်လ တစ်ကြိမ်ချုပ်ထားလိုက်ပါ။  👉 စစ်ဆေးအကဲဖြတ်မှတ်တမ်း နေ့စဉ်အကဲဖြတ်မှတ်တမ်းပုံစံ။ လစဉ်အကဲဖြတ်မှတ်တမ်းပုံစံ။ ပုံစံ (၂)မျိုးရှိတယ်။ နေ့တိုင်းအကဲဖြတ်သွားပါ။ (အလွန်ကောင်း-A၊ ကောင်း-S၊ ထပ်မံကြိုးစားရန်-E )။ ပြီးရင် တစ်လပြည့်လချုပ်မှာ Aများရင် A‌ပေါ့။ Sများရင် S။ Eများရင် Eပဲ။ (A,B,C မဟုတ်ဘူး) (၀ - ၃၉% = E၊ ၄၀ - ၇၄% = S၊ ၇၅ - ၁၀၀%...