မြန်မာစာသတ်ပုံ သံပေါက် ကဗျာများ
မြန်မာစာသတ်ပုံ သံပေါက် ကဗျာများ
――――――――――――
၁။ ရ,ရစ်= ြ − / ြ−
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(1). ငါးမည်ရွှေကြာ၊ ခက်ညွန့်ဖြာ၊
စိမ်းပြာကိုလည်း ရစ်ရမည်။
(2). ယာဉ်ပျံစကြာ၊ ရွှေလိပ်ပြာ၊
ကြိုးကြာကိုလည်း ရစ်ရမည်။
(3). ဇမ္ဗူ့သပြေ၊ အသီးကြွေ၊
မိုးမြေကိုလည်း ရစ်ရမည်။
(4). စည်းစိမ်မကြေ၊ ကြိုးနှင့်ဖြေ၊
လက်ခြေကိုလည်း ရစ်ရမည်။
(5). ကောင်းကင်မှာကြယ်၊ လွန်ဆန်းကြယ်၊
စင်ကြယ်ကိုလည်း ရစ်ရမည်။
(6). မွမ်းမံစီခြယ်၊ စည်းစိမ်ကြွယ်၊
မပြယ်ကိုလည်း ရစ်ရမည်။
(7). ပြင်ရွာမြို့ပြ၊ မျက်ရှင်ပြ၊
ကြိုးကြွကိုလည်း ရစ်ရမည်။
(8). ရွှေစက်ဖြန့်ကြွ၊ အာဏာပြ၊
ကြောင့်ကြကိုလည်း ရစ်ရမည်။
(9). မင်္ဂလာထိမ်းမြား၊ လွန်ဆန်းပြား၊
ပိုင်းခြားကိုလည်း ရစ်ရမည်။
(10). စွမ်းအန်ကြွားကြွား၊ လွန်မြောက်မြား၊
လျှောက်ကြားကိုလည်း ရစ်ရမည်။
(11). ငုံးခါခိုကြက်၊ ကြောင်နှင့်ကြွက်၊
ထက်မြက်ကိုလည်း ရစ်ရမည်။
(12). အလျှံပြိုးပြက်၊ လက်ဝါးပြက်၊
လျှပ်ပြက်ကိုလည်း ရစ်ရမည်။
(13). နီလာစိန်ကြောင်၊ စီခြယ်မြှောင်၊
ဝမ်းပြောင်ကိုလည်း ရစ်ရမည်။
(14).ကျားဆရာကြောင်၊ တောမှာပြောင်၊
ဆင်ပြောင်ကိုလည်း ရစ်ရမည်။
(15). အရေးအကြာင်း၊ ပြည်ရွာပြောင်း၊
ကျဉ်းမြောင်းကိုလည်း ရစ်ရမည်။
(16). ဓမ္မသတ်ကြောင်း၊ မှုတ်သည့်ပြောင်း၊
ရေမြောင်းကိုလည်း ရစ်ရမည်။
(17). အဟုန်ပြင်းပြင်း၊ သိန္ဓောမြင်း၊
ကျန်ကြွင်းကိုလည်း ရစ်ရမည်။
(18). နွမ်းရိဟောင်းမြင်း၊ ထားနှင့်မြွမ်း၊
ငါးကြင်းကိုလည်း ရစ်ရမည်။
၂။ ယပင့်= - ျ
‾‾‾‾‾‾‾‾‾‾‾
(1). အသက်ရာကျော်၊ စည်းစိမ်ပျော်၊
မွေ့လျော်ကိုလည်း ပင့်ရမည်။
(2). မတော်မလျော်၊ မယ့်မျက်ဖျော်၊
ကြည့်မျှော်ကိုလည်း ပင့်ရမည်။
(3). ဒါနလှူမျိုး၊ စိုက်ချပျိုး၊
ကောင်းကျိုးကိုလည်း ပင့်ရမည်။
(4). နွမ်းရိခေါက်ချိုး၊ နတ်မယ်မျိုး၊
ဆွေမျိုးကိုလည်း ပင့်ရမည်။
(5). သုဝရွှေကျေး၊ ယဉ်ကျေးကျေး၊
ကတ်ကျေးကိုလည်း ပင့်ရမည်။
(6). မြို့ပြရွာကျေး၊ ကြေးငွေချေး၊
ကံကျွေးကိုလည်း ပင့်ရမည်။
(7). ကြံ့ဆင်သစ်ကျား၊ အလွန်များ၊
နာဖျားကိုလည်း ပင့်ရမည်။
(8). သကာချိုပျား၊ ထန်းလျက်ပျား၊
လျှာဖျာကိုလည်း ပင့်ရမည်။
(9). ငါမွေးသည့်မျောက်၊ ငါ့ကို ချောက်၊
ပယ်ဖျောက်ကိုလည်း ပင့်ရမည်။
(10). ပတ္တမြားကျောက်၊ ဥစ္စာပျောက်၊
ကမ်းချောက်ကိုလည်း ပင့်ရမည်။
(11). ဘုန်းကံမျှ၊ နန်းနှိမ်ချ၊
လျော့ကျကိုလည်း ပင့်ရမည်။
(12). ညှင်းညှင်းပျပျ၊ ဟိန်းဟဲချ၊
ပျောင်းပျကိုလည်း ပင့်ရမည်။
(13). စိုးမိုးချုပ်ချာ၊ သင်ဖြူးဖျာ၊
သေချာကိုလည်း ပင့်ရမည်။
(14). ရွှေရင်ကလျှော၊ နွဲ့နွဲ့ချော၊
နစ်မျောကိုလည်း ပင့်ရမည်။
(15). လူလည်းမမျှော၊ ရေ၌မျှော၊
ငှက်ပျောကိုလည်း ပင့်ရမည်။
၃။ တ,သတ် (−တ် )
‾‾‾‾‾‾‾‾‾‾‾‾‾‾
(1). သုံးပုံပိဋကတ်၊ ကျမ်းရိုးတတ်၊
စွဲမှတ်ကိုလည်း တ,သတ်ရမည်။
(2). တရားဆုံးဖြတ်၊ ဓမ္မသတ်၊
ဖြောင့်မတ်ကိုလည်း တ,သတ်ရမည်။
(3). အမြင့်အမြတ်၊ နုထွတ်ထွတ်၊
ချောမွတ်ကိုလည်း တ,သတ်ရမည်။
(4). မျက်ရှင်ကျောက်မြတ်၊ နဝရတ်၊
ရာပြတ်ကိုလည်း တ,သတ်ရမည်။
(5). ပွင့်ညှာပွင့်ဝတ်၊ ပင်လုံးညွတ်၊
လှမ်းဆွတ်ကိုလည်း တ,သတ်ရမည်။
(6). ဖန်တီ ဖန်တွတ်၊ ဆိုရေရွတ်၊
လွမ်းဆွတ်ကိုလည်း တ,သတ်ရမည်။
(7). စကြာရဟတ်၊ လေးကျွန်းပတ်၊
မိုဃ်းနတ်ကိုလည်း တ,သတ်ရမည်။
(8). မင်းကချဝတ်၊ ငွေတစ်မတ်၊
ရိုက်ခတ်ကိုလည်း တ,သတ်ရမည်။
(9). တညီတညွတ်၊ ခုံသမတ်၊
လျောက်ပတ်ကိုလည်း တ,သတ်ရမည်။
(10). ကြက်တိုက်အန်ခတ်၊ ခါးဆီးပတ်၊
ယွင်းချွတ်ကိုလည်း တ,သတ်ရမည်။
(11). စက်နှယ်ပိုင်းဖြတ်၊ လောကဓာတ်၊
မလွတ်ကိုလည်း တ,သတ်ရမည်။
(12). လုံခြုံသေသတ်၊ တံဆိပ်ခတ်၊
ပညတ်ကိုလည်း တ,သတ်ရမည်။
၄။ လုံးကြီးတင် တ,သတ်=( −ိ တ် )
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(1). တွန်ကျူးကရဝိတ်၊ မိန့်ဗျာဒိတ်၊
နိမိတ်ကိုလည်း တ,သတ်ရမည်။
(2). ဦးဆံမုဆိတ်၊ ပယ်ဖြတ်ရိတ်၊
သပိတ်ကိုလည်း တ,သတ်ရမည်။
(3). ပြောဆိုတိတ်တိတ်၊ နှုတ်သံပိတ်၊
သပိတ်ကိုလည်း တ,သတ်ရမည်။
(4). မျက်စိကိုမှိတ်၊ လည်ကိုညှိတ်၊
တို့ဆိတ်ကိုလည်း တ,သတ်ရမည်။
(5). ရွှေသိင်္ဂနိတ်၊ အာရောင်ဖိတ်၊
ဂေါ်မိတ်ကိုလည်း တ,သတ်ရမည်။
(6). တရားစရိတ်၊ ငွေအစိတ်၊
ရုံးပိတ်ကိုလည်း တ,သတ်ရမည်။
(7). ဝါဖန်ဝါကြိတ်၊ အိမ်လုံးတိတ်၊
မဆိတ်ကိုလည်း တ,သတ်ရမည်။
(8). ပညာပဏ္ဍိတ်၊ ပုရောဟိတ်၊
ကျော်ထိတ်ကို တ,သတ်ရမည်။
(9). ဆင်မြင်းနွားဆိတ်၊ ကျင့်စာရိတ်၊
အတိတ်ကိုလည်း တ,သတ်ရမည်။
(10). တပတ်ရွှေမြတ်၊ နန္ဒမိတ်၊
လန့်ထိတ်ကိုလည်း တ,သတ်ရမည်။
၅။ လုံးကြီးတင် န,သတ်=( −ိ န် )
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(1). ရတနာစိန်၊ ဝင်းလျှံထိန်၊
ရောင်ရှိန်ကိုလည်း န,သတ်ရမည်။
(2). အသက်ဇိဝိန်၊ စုတေချိန်၊
ညှိုးပိန်ကိုလည်း န,သတ်ရမည်။
(3). ပဉ္စအာလိန်၊ တာဝတိန်၊
ဒေဝိန်ကိုလည်း န,သတ်ရမည်။
(4). မိုဃ်းကြိုးပုဆိန်၊ ဝရဇိန်၊
ပစ်ချိန်ကိုလည်း န,သတ်ရမည်။
(5). လူသုခမိန်၊ ပြက္ခဒိန်၊
နှိုင်ချိန်ကိုလည်း န,သတ်ရမည်။
(6). သင်္ကန်းကထိန်၊ ဖုံးမသိန်၊
ငွေချိန်ကိုလည်း န,သတ်ရမည်။
(7). ပညာကဝိန်၊ ရှင်မဟိန်၊
ကျော်ရှိန်ကိုလည်း န,သတ်ရမည်။
(8). မင်းစောဥတိန်၊ ဇေယျသိန်၊
နရိန်ကိုလည်း န,သတ်ရမည်။
(9). နှုတ်သစ္စာကျိန်၊ လူမှိန်မှိန်၊
ချိုမြိန်ကိုလည်း န,သတ်ရမည်။
၆။ တစ်ချောင်းငင် န,သတ်=( −ုန် )
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(1). တောင်ရှိန်ပြင်းဟုန်၊ ငှက်ဂဠုန်၊
သုန်သုန်ကိုလည်း န,သတ်ရမည်။
(2). မလည်မသုန်၊ ရေကြောင်းစုန်၊
ဒဂုန်ကိုလည်း န,သတ်ရမည်။
(3). ရောင်းဝယ်သည့်ကုန်၊ ကြေးငွေကုန်၊
လာကုန်ကိုလည်း န,သတ်ရမည်။
(4). လူပျက်သူပုန်၊ လမှာယုန်၊
ဆင်မုန်ကိုလည်း န,သတ်ရမည်။
(5). ဂိမှာန်ကဆုန်၊ လနယုန်၊
တုန်လှုပ်ကိုလည်း န,သတ်ရမည်။
(6). ဆီးနှင်းမြူမှုန်၊ မိုဃ်းပဇ္ဇုန်၊
မြူးခုန်ကိုလည်း န,သတ်ရမည်။
၇။ တစ်ချောင်ငင် န,သတ် ဝိသဇ္ဇနီထိုး=( −ုန်း )
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(1). ရှင်ဘုရင်ဘုန်း၊ မိုဃ်းသို့ချုန်း၊
ပျက်ပြုန်းကိုလည်း န,သတ်ရမည်။
(2). တောင်ပံရှုန်းရှုန်း၊ တဟုန်းဟုန်း၊
ပိတုန်းကိုလည်း န,သတ်ရမည်။
(3). လူမြင်တိုင်းမုန်း၊ တစ္ဆေစုန်း၊
ဆုန်းဆကိုလည်း န,သတ်ရမည်။
(4). ငုပ်လေစုန်းစုန်း၊ ကျွဲနွားရုန်း၊
မျက်မုန်းကိုလည်း န,သတ်ရမည်။
(5). ခါသင့်ချိန်ဆုန်း၊ တန်ဆောင်မုန်း၊
ပျော်တုန်းကိုလည်း န,သတ်ရမည်။
(6).သဇင်ဂမုန်း၊ ထန်းနှင့်အုန်း၊
မြေကုန်းကိုလည်း န,သတ်ရမည်။
(7). ခွေခွေနုန်းနုန်း၊ စာသင်ပုန်း၊
နှိုင်းနှုန်းကိုလည်း န,သတ်ရမည်။
(8). ပျံလေဖြုန်းဖြုန်း၊ လေသင်တုန်း၊
ရှုန်းရှုန်းကိုလည်း န,သတ်ရမည်။
၈။ လုံးကြီးတင် မ,သတ်=( −ိ မ် )
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(1). လေကကစည်းစိမ်၊ နန်းရွှေအိမ်၊
ရိပ်ငြိမ်ကိုလည်း မ,သတ်ရမည်။
(2). ဆေးလေငြိမ်းဆိမ်၊ လွန်မွေ့သိမ်၊
ဂုဏ်သိမ်ကိုလည်း မ,သတ်ရမည်။
(3). ငယ်ငယ်သိမ်သိမ်၊ နန်းချည်လိမ်၊
ပန်းထိမ်ကိုလည်း မ,သတ်ရမည်။
(4). မဖျင်းမသိမ်၊ ရေမှာစိမ်၊
တင်းတိမ်ကိုလည်း မ,သတ်ရမည်။
(5). နှလုံးမငြိမ်၊ အကြိမ်ကြိမ်၊
စိုးရိမ်ကိုလည်း မ,သတ်ရမည်။
(6). အနက်အတိမ်၊ ကွယ်ဝှက်ထိမ်၊
ထိမ်ပင်ကိုလည်း မ,သတ်ရမည်။
(7). ရန်ကိုနင်းနှိမ်၊ ရှိခိုးနှိမ်၊
ဖျင်းသိမ်ကိုလည်း မ,သတ်ရမည်။
(8). ကျောင်းဘုရားသိမ်၊ ဝါးနွယ်ကြိမ်၊
လိမ္မော်ကိုလည်း မ,သတ်ရမည်။
၉။ လုံးကြီးတင် န,သတ် ဝသဇ္ဇနီထိုး=( −ိ န်း )
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(10). မျှော်ရှုစိန်းစိန်း၊ တမှိန်းမှိန်း၊
စောင့်ထိန်းကိုလည်း န,သတ်ရမည်။
(11). ရွှင်ပျော်စက်ကျိန်း၊ တဖိန်းဖိန်း၊
လူပြိန်းကိုလည်း န,သတ်ရမည်။
(12). သင်္ချာသောင်းသိန်း၊ ရေတွက်ကိန်း၊
ချိန်းချက်ကိုလည်း န,သတ်ရမည်။
(13). အသံထိန်းထိန်း၊ ပူစပ်ကျိန်း၊
တိန်းညက်ကိုလည်း န,သတ်ရမည်။
(14). ကလက်ကလိန်း၊ မြင်းဆင်ထိန်း၊
ထိန်းကျောင်းကိုလည်း န,သတ်ရမည်။
(15). ပိန်းနဲလှေပိန်း၊ စားသင့်ပိန်း၊
လူပြိန်းကိုလည်း န,သတ်ရမည်။
(16). မိန်းမောပျော်မှိန်း၊ စည်းစိမ်မှိန်း၊
မိန်းမကိုလည်း န,သတ်ရမည်။
(17). အမတ်ကာမိန်း၊ ထောင်သည့်မှိန်း၊
ဒေဝိန်းကိုလည်း န,သတ်ရမည်။
(18). မြည်သံဟိန်းဟိန်း၊ ဆရာသိန်း၊
သိန်းဇိုင်းကိုလည်း န,သတ်ရမည်။
၁ဝ။ လုံးကြီးတင် ပ,သတ်=( −ိ ပ် )
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(9). ကမ္ပည်းတံဆိပ်၊ ရွှေပေလိပ်၊
သိပ်သိပ်ကိုလည်း ပ,သတ်ရမည်။
(10). ငါးမည်မာရ်နှိပ်၊ ပလ္လင်ထိပ်၊
ညောင်ရိပ်ကိုလည်း ပ,သတ်ရမည်။
(11). စကားတံဆိပ်၊ တံခွန်ရိပ်၊
တောင်ထိပ်ကိုလည်း ပ,သတ်ရမည်။
(12). မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်၊
စက်အိပ်ကိုလည်း ပ,သတ်ရမည်။
(13). မကျဲမစိပ်၊ သစ်ပင်ရိပ်၊
တိမ်လိပ်ကိုလည်း ပ,သတ်ရမည်။
(14). မတွန့်မလိပ်၊ ကြာတံဆိပ်၊
လက်ထိပ်ကိုလည်း ပ,သတ်ရမည်။
(15). သည်းခြေသလိပ်၊ သွေးလေနှိပ်၊
မြွေဆိပ်ကိုလည်း ပ,သတ်ရမည်။
(16). လက်ဖြင့် နှယ်သိပ်၊ မြစ်ကမ်းထိပ်၊
ငါးလိပ်ကိုလည်း ပ,သတ်ရမည်။
၁၁။ သေးသေးတင်=( −ံ )
‾‾‾‾‾‾‾‾‾‾‾‾‾‾‾‾
(1). စကြာရွှေလှံ၊ နတ်မြင်းပျံ၊
တိမ်ယံကိုလည်း သေးသေးတင်။
(2). တစ်ခါတရံ၊ လောကဓံ၊
ဆက်ဆံကိုလည်း သေးသေးတင်။
(3). ချစ်ကျွမ်းရည်ငံ၊ လက်ထပ်ခံ၊
မောင်နှံကိုလည်း သေးသေးတင်။
(4). အသက်ရုပ်နံ၊ ကိုယ်တစ်လံ၊
ဘုန်းကံကိုလည်း သေးသေးတင်။
(5). ရွှေပြင်ပုဂံ၊ တိုင်းနိုင်ငံ၊
ဆိတ်ညံကိုလည်း သေးသေးတင်။
(6). ယပ်လေညှင်းခံ၊ ငှက်နှယ်ပျံ၊
ဝေးလံကိုလည်း သေးသေးတင်။
(7). ရှေးကထုံးစံ၊ ဆွမ်းတော်ခံ၊
စီမံကိုလည်း သေးသေးတင်။
(8). ကြိုးကြိုးနွံနွံ၊ စာပေအံ၊
ညံညံကိုလည်း သေးသေးတင်။
(9). လူစိမ်း လူဆွံ့၊ လက်မရွံ့၊
ဝက်ဝံကိုလည်း သေးသေးတင်။
(10). ပုပ်စပ်ညှီနံ၊ စက်ဆုပ်ရွံ၊
ရေနံကိုလည်း သေးသေးတင်။
(11). ရွှေတောင်မင်းဝံ၊ ကျောက်ဂဝံ၊
ဂဝံပတိကိုလည်း သေးသေးတင်။
ဤကား မြန်မာစာသတ်ပုံ သံပေါက်ကဗျာ အပြီးတည်း။
မြန်မာစာသတ်ပုံ မှန်ကန်စွာ ရေးတတ်ကြပါစေ။
မူရင်းရေးသူ #Credit
#sayashine_high_education_academy
Comments
Post a Comment