ရာသီပန်း

 ရာသီပန်း


တန်ခူးဂိမ္မာန် 

နွေသင်္ကြန်

ပိတောက်ပွင့်ကြပြန်။


ကဆုန်လလေး 

စကားဝါမွေး

လေပြည်လေညင်းသွေး။


လကနယုန်

စပယ်ရုံ

ဖူးပွင်စီရီစုံ။


ဝါဆိုမိုးအေး

ပုန်းညက် ဖွေး

မိုးရေတဖွေးဖွေး။


ဝါခေါင် ခတ္တာ

ပွင့်ဖတ် ဝါ

ငြှိုးဆဲမိုးမဲရွာ။


တော်သလင်းမှာ

ယင်းမာပန်း

မိုးရေစက်ပက်ဖျန်း။


သီတင်းကျွတ်မကုန်

ပွင့်ဖူးငုံ

ကြာာပန်းကြာဖူးစုံ။


ခဝဲပွင့်လန်း

တန်ဆောင်မုန်းချမ်း

နှင်းဖွဲသွန်းပက်လန်း။


သဇင်တော်ဝင်

နတ်တော် မြင်

ပန်းလှထိပ်ခေါင်တင်။


ပြာသိုချမ်းအေး

ခွာညိုဖွေး

ပွင့်ဖတ်ပန်းလေးမွေး။


တပိုတွဲမှီ

ပေါက်ပွင့် နီ

မြူနှင်းမှုန်ဝေရီ။


တပေါင်းလဆန်း

ည​လေး ချမ်း

ပွင့်လှသရဖီပန်း။

                        ဝေဟင်.



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ