မူဆင့်စစ်ဆေးခြင်း.
#မူဆင့်စစ်ဆေးခြင်း...☺
📗📗📗📗📗📗📗📗
“မအောင်မရှိ ငါ့တပည့်”ဆိုတာ မှန်တယ်။
ဒါပေမဲ့ မူလတန်းဆင့်ရဲ့
G4 နဲ့ G5 (မူထက်ဆင့်)မှာ စာမေးပွဲရှိတယ်။
တစ်နှစ်မှာ (၄)ကြိမ်စစ်ရမယ်။ တစ်ချိန်စာ။(မိနစ်၄၀)နဲ့။
(July နဲ့ Aug) မှာ အခန်းဆုံးစစ်ဆေး။
October မှာ ပထမနှစ်ဝက် စစ်ဆေး။
December မှာ အခန်းဆုံးစစ်ဆေး။
March မှာ ဒုနှစ်ဝက်ဆုံး စစ်ဆေး။(Feb မှာအပြီး)။
👉 ဘယ်လိုဖြေမှာလဲ။
(မမ၊ မဂလ၊ သခ၊ သပ၊ လမ)ကို ရေးဖြေမေးရမယ်ဗျာ။
(စံပုံစံ နဲ့ မေးခွန်းပုံစံ)၂မျိုးနဲ့ မေးခွန်းထုတ်ပေါ့။
မေးခွန်းက (မှတ်မိမှု၊ နားလည်မှု၊ အသုံးချတတ်မှု)ကို စစ်ဆေးတဲ့ မေးခွန်းအရည်အသွေးပြည့်မီရမယ်။
ကျန်ဘာသာတွေက နေ့စဉ်အကဲဖြတ်နဲ့ သွားမယ်။ Guide line မှာတော့ တွဲဖက်ဘာသာတွေကို (၃)လတစ်ကြိမ်သာ ချုပ်လို့ ရပါတယ်။ ဒါပေမဲ့ တစ်လ တစ်ကြိမ်ချုပ်ထားလိုက်ပါ။
👉 စစ်ဆေးအကဲဖြတ်မှတ်တမ်း
နေ့စဉ်အကဲဖြတ်မှတ်တမ်းပုံစံ။
လစဉ်အကဲဖြတ်မှတ်တမ်းပုံစံ။ ပုံစံ (၂)မျိုးရှိတယ်။
နေ့တိုင်းအကဲဖြတ်သွားပါ။ (အလွန်ကောင်း-A၊ ကောင်း-S၊ ထပ်မံကြိုးစားရန်-E )။ ပြီးရင် တစ်လပြည့်လချုပ်မှာ Aများရင် Aပေါ့။ Sများရင် S။ Eများရင် Eပဲ။ (A,B,C မဟုတ်ဘူး)
(၀ - ၃၉% = E၊ ၄၀ - ၇၄% = S၊ ၇၅ - ၁၀၀% = A)
ချုပ်ရတာ လွယ်တယ်။
👉 ပညာရည်အကဲဖြတ်မှတ်တမ်း
MRC နဲ့ QRC (၂)မျိုးရှိတယ်။
MRC မှာ ဖြည့်ဖို့ (ပထမအကြိမ်၊ ဒုတိယအကြိမ်၊
တတိယအကြိမ်၊ စတုတ္ထကြိမ်)ဆိုပြီး (၄)ကွက်ပါတယ်။ ဘယ်လိုထည့်မလဲ။ စာမေးပွဲ (၄)ကြိမ်ဖြေထားတယ်မလား။ အဲ့ရလဒ်သာ ကြည့်ပြီးထည့်ဗျာ။ ရှင်းရော။
QRC အလှည့်။ (၃)လ တစ်ကြိမ်ချုပ်ရမယ်။ မခက်နဲ့။ စစ်ဆေးအကဲဖြတ်မှတ်တမ်းတုန်းက ရလဒ်တွေကို။
တစ်လတစ်ကြိမ်ချုပ်ပါ လို့ အပေါ်မှာပြောခဲ့ပြီးသား
အဲ့မှတ်တမ်းကို ကြည့်လို့(၃လ တစ်ကြိမ်စာ) ချုပ်ပြီးသာထည့်ဗျာ။
ဒါဆို မှတ်တမ်း စုံပြီ။ မူအောက်ဆင့်(G1 to G3) ကတော့ စာမေးပွဲ မရှိဘူး။ နေ့စဉ်အကဲဖြတ်မှတ်တမ်းနဲ့ သွားရမယ်။ ပြီးရင် စစ်ဆေးအကဲဖြတ်မှတ်တမ်း၊ ပညာရည်အကဲဖြတ်မှတ်တမ်း၊ MRC၊ QRC ဖြည့်။ ဒါပါပဲ။
ကဲ။ ဒီလောက်ဆိုရင် စာမေးပွဲနဲ့ စစ်ဆေးအကဲဖြတ်မှု ရပြီ။ ကျောင်းတိုင်းဖွင့်၍ ဖွင့်သောကျောင်းတိုင်း
အဆင်ပြေပြေ ဆောင်ရွက်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းရင်း.......
credit
ဦးရဲ
Comments
Post a Comment