#အတိုကျက်မှတ်နည်း
#အတိုကျက်မှတ်နည်း
စာကျက်တဲ့အခါဘာသာရပ်အလိုက်အကန့်လိုက်အတိုကောက် မှတ်သားပြီး ကျက်ထားရင် မှတ်မိ
လွယ်ပြီး စာကိုလည်းမမေ့တော့ပါ။ ထိရောက်တဲ့
နည်းဖြစ်လို့ ကျင့်သုံးကြည့်ပါ။
ကျွန်တော်ယခင်က အတိုကောက် မှတ်ပြီးကျက်ခဲ့
တဲ့နမူနာလေးတွေပါ ဦးနှောက်ထဲ မှတ်သားဖို့ များ
နေတဲ့စာတွေကို ဝန်လျှော့ချခြင်းဖြစ်ပါတယ်။
#ဆယ့်နှစ်လရာသီပန်း
ကံ့ ကား ပယ် မြတ်
ခတ် ယင်း ကြာ ဝဲ
ဇင် ခွာ လဲ ဖီ ရာသီဆယ့်နှစ်ပါး ပွင့်သောပန်းမှတ်။
#ဆယ့်နှစ်လရာသီပွဲတော်
သင်း ညောင် ပြန် ဆို
ရေး လှေ ကျွတ် ဆောင်
စာ မြင်း နဲ ပေါင်း ပွဲခညောင်း။
#ပြည်နယ်နေ့များ
ဇန်ချင်တစ်ဆယ်
ယားဇန်ဆယ့်ငါး
ရှမ်းမှာဖေခွန်(၇)
ဖေနှစ်ဆယ်ချင်း
မတ်ဆယ့်ငါးမွန်
နိုခွန်(၇)ကရင်
ခိုင်ဒီဆယ့်ငါး ပြည်နေ့များ။
#ကြာမျိုးငါးပါး
ဖြူ နီ ညို လောင်း ရိတ် ကြာမျိုးစိတ်ငါးသွယ်။
ရိတ်သည် ကြာပုဏ္ဍရိတ်
လောင်းသည် ကြာခေါင်းလောင်း(ပဒုမ္မာ)
ကြာဖြူသည် ကုမုဒ္ဒြာ
#နဝရတ်ကိုးပါး
စိန် ကြောင် နီလာ ပတ္တမြား
ဂေါ်မုတ် ဥဿဖရား
သန္တာ ပုလဲ မြ မှတ်ကြနဝရတ်။
#ခုနှစ်ထွေအက
မျောက် ဘီလူး ဇော် ဝန်
အိုးစည် ဒိုးပတ် သူငယ်တော် ခုနှစ်ထွေတဲ့နော်။
#ရတုအခေါ်များ
စက် ဂွမ်း သား ပိုး
သစ် ကြား လပ် ကြေး
ဥ သံ ဏိ ချည်
ဇာ ဆင် ကျောက် ကြွေ
ငွေ လဲ စိမ်း မြား
နီ ရွှေ မြ စိန်
ဒုစိန် နဝရတ် ရတုမှတ်။
(နှစ်တွေကိုတော့ သီးခြားမှတ်ရပါမယ်)
#ဗမာလူမျိုးစုကိုးမျိုး
ဗမာ ထားဝယ် မြိတ်
ယော ရဘိန်း
ကဒူး ကနန်း
ဆလုံ ဇွန်(ဇုန်း)
(ရဘိန်းသည် တောင်သားဖြစ်သည်)
#တိုင်းရင်းသားလူမျိုးစု
ကရင်ဆယ့်တစ်
ဆယ့်နှစ်ကချင်
ချင်းတွင်ငါးသုံး
သုံးသုံးမှာရှမ်း
မှတ်စမ်းကယား
ကိုးခုထားလော့
တူငြားဗမာ
ကိုးခုပါတည့်
မွန်မှာတစ်ဖြစ်
မှတ်လစ်ရခိုင်
ခွန်ဖြစ်နိုင်တည့်
မြိုင်ဆိုင်တင့်ငြား
တိုင်းရင်းသားတို့
မှတ်သားပေါင်းက
တစ်ရာ့သုံးဆယ်
ငါးမျိုးကြွယ်သည်။
တစ်ကြိမ်ကျက်မှတ်ထားရုံဖြင့် မမေ့နိုင်တော့သည့်
နည်းလမ်းဖြစ်ပါသည်။ သို့ပါ၍ အတိုကောက်မှတ်
ကာ ကျက်စေလိုပါသည်။
#ရေးသားကျက်မှတ်နည်း
စာကျက်တော့မည် စာကြည့်တော့မည် စာဖတ်
တော့မည်ဆိုလျှင် ဘေးမှာရေးမှတ်ဖို့ စာအုပ်အ
သင့်ထားပါ။ Fbမှ Save ထားတာဖြစ်စေ Share
ထားတာကိုဖြစ်စေ ဖတ်သမျှကို ချရေးလိုက်ပါ။
ဘာသာရပ်အလိုက် စာအုပ်ခွဲခြားမှတ်ရပါမည်။
တစ်ခေါက်ဖတ်၍ မှတ်စုစာအုပ်ထဲ ချရေးလိုက်
ခြင်းသည် ခေါင်းထဲကို တစ်ကြိမ်ရောက်သွားပါ
တယ်။နောက်တစ်ကြိမ်ပြန်ဖတ်သည့်အခါ အတို
ကောက် ဖြတ်၍မှတ်သားလိုက်ပါ။ တတိယကြိမ်
အတိုမှတ်ထားသည့်အတိုင်း ၃ကြိမ်လောက် ဖတ်
လိုက်ပါ။ အကြောင်းအရာ တစ်ခုကို တစ်ခါဖတ်
မှတ်ပြီးတိုင်း (*)လေးပြခဲ့ပါ။ (***)ခု ပြည့်ပါက
ထိုအကြောင်းအရာကို အလွတ်ရမရ ဆန်းစစ်ပါ။
အလွန်လွယ်ကူသော နည်းလမ်းဖြစ်ပါတယ်။
#ဆက်စပ်ကျက်မှတ်နည်း
အကြောင်းအရာတစ်ခုကို ကျက်မှတ်တော့မည်ဆို
ပါက ဆက်စပ်သည့် အကြောင်းအရာများကိုလည်း
တစ်ပါတည်း ရှာဖွေကျက်မှတ်ရပါမည်။
ဥပမာ
ပြည်နယ်နေ့များ ကျက်မှတ်သည့်အခါ
ရိုးရာအက အထိမ်းအမှတ် ဓလေ့ပွဲတော်.....
မင်းကွန်းခေါင်းလောင်းဆိုလျှင် အလေးချိန်
သိရုံမျှမက ကြီးလေးကြီး မင်းကွန်းလူအိုရုံ
တည်ထောင်သူ ဘွားဦးဇွန်း ....စသည်ဖြင့်
ဖြန့်ခွဲဆက်စပ် ကျက်မှတ်ရမည်ဖြစ်သည်။ တစ်ပွဲ
တိုး ကျက်ခြင်းမျိုးမဟုတ်ဘဲ အမြဲတမ်းမှတ်သား
မိစေရန် ကျက်မှတ်တတ်ဖို့လိုပါတယ်။
ဝင်ခွင့်အများစုက အခြေခံနဲ့ အဆင့်မြင့်မှာ သင်ခဲ့
တဲ့ စာတွေမေးတာများပြီး ပြင်ပဗဟုသုတနဲ့ ပေါင်း
စပ်မေးမြန်းတာဖြစ်ပါတယ်။ အဆင့်မြင့်ပညာသင်
ချိန်မှာ အခြေခံကစာတွေမေ့ပစ်လို့မရသလို ဘွဲ့ရပြီး
လျှင်လည်း အခြေခံကစာသာမက အဆင့်မြင့်ကစာ
ကိုပါမေ့လိုက်လို့မရပါ။ အက္ခရာစဥ် အနှစ်ချုပ် ဆို
ပထမနှစ်တွင် သင်ကြားခဲ့ရသည့်စာများဖြစ်သည်။
ယခုချိန် မမှတ်မိတော့လျှင် ဦးနှောက်ကို အလုပ်ပို
ပေးသလို ဖြစ်နေပါမည်။ ဖတ်ထား မှတ်ထားသမျှ
မေ့ပစ်လို့မရပါ။
#အက္ခရာစဥ်ဆိုလျှင်
ဗျည်း သရ အသတ် ဗျည်းတွဲ အဆင့်ဆင့် စဥ်ပေး
လိုက်ရုံဖြင့် အက္ခရာစဥ်တတ်မည်ဖြစ်သည်။
#အနှစ်ချုပ်ဆိုလျှင်
စာလုံးရေပြီး ၃နဲ့စား ခေါင်းစဥ် ၇လုံးထက်မပိုရ
မျဥ်းမသားရ မူရင်းအာဘော်မပျောက်စေလျှင်
အဓိပ္ပာယ်ဆီလျော်မှုရှိရင် ရေးတတ်ပါပြီ။
အောင်မြင်မှုရရှိပါစေ
ကြည်ဖြူ
Comments
Post a Comment