ပညာရေးဌာနမှ ဖြန့်ဝေထားသည့် မူ/လယ်/ထက် အချိန်ခွဲဝေမှူဇယား
ပညာရေးဌာနမှ ဖြန့်ဝေထားသည့် မူ/လယ်/ထက် အချိန်ခွဲဝေမှူဇယား
#အချိန်ဇယားရေးဆွဲရာတွင်
အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်
(က) သတ်မှတ်ပေးထားသည့် ရက်သတ္တပတ်အတွင်း အတန်းအလိုက်ဘာသာရပ် တစ်ခုချင်း၏ သင်ချိန်ခွဲဝေမှုအတိုင်း ရေးဆွဲရမည်။
( ခ) အတန်းတစ်တန်းအတွက် နေ့စဉ် ဘာသာစုံပါဝင်ရန် တတ်နိုင်သမျှ စီစဉ်ရေးဆွဲရမည်။
( ဂ) ဆရာတစ်ဦးတည်း(၃)ကြိမ် ဆက်တိုက်သင်ရန် ထည့်သွင်းရေးဆွဲခြင်းမျိုးမဖြစ်စေရပါ။
(ဃ) ကျောင်းသား၊ ကျောင်းသူများ၏ ပင်ပန်းနွမ်းနယ်မှု အခြေအနေကိုထည့်သွင်း စဉ်းစားရေးဆွဲ ရမည်။ (သာမန်အားဖြင့် နံနက်ပိုင်းအချိန်တို့သည် စိတ်ဓာတ်အရွှင်လန်းဆုံးဖြစ်သည်။ ကျောင်းဆင်းခါနီး နောက်ဆုံးအချိန်သည် ကလေးများ၏ စိတ်ရောကိုယ်ပါနွမ်းနယ်ပတည် ငြိမ်သောအချိန်ဖြစ်၍ တက်ကြွလန်းဆန်းချိန်များတွင် အာရုံစူးစိုက်ရန်လိုအပ်သော ဘာသာရပ် များကို ထည့်သွင်းရေးဆွဲရမည်။)
( င) တစ်ဘာသာတည်းကို သင်ချိန်(၃/၄)ချိန် ဆက်တိုက် မရေးဆွဲရပါ။(ဆရာရောတပည့်ပါ ငြီးငွေ့ လာမည်။ ဘာသာရပ်သဘာဝအရရေးသောအချိန်၊ တွက်သောအချိန်၊ သီဆိုရသော အချိန်၊ လှုပ်ရှားလုပ်ဆောင်ရသော အချိန်တို့ကို မျှတစွာ အလှည့်ပေးရေးဆွဲရမည်။)
( စ) ကာယကဲ့သို့သော ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှု ဘာသာရပ်များကို နောက်ဆုံးအချိန်တွင်ထားရ မည်။
(ဆ) အတန်းပိုင်စနစ်ဖြင့် ဘာသာစုံသင်သော မူလတန်းအဆင့်တွင် အတန်းလိုက်အချိန်ဇယား ရေးဆွဲရမည်။ အတန်းအချိန်ဇယားသည် ကိုယ်ပိုင်အချိန်ဇယားနှင့် ထပ်တူဖြစ်ရမည်။ (ရေးဆွဲ ရာတွင်တစ်တန်းနှင့် တစ်တန်းသင်ကြားသောဘာသာရပ်၊ သဘာဝချင်း အနှောင့်အယှက် မဖြစ်ရအောင် အတတ်နိုင်ဆုံးစီစဉ်ရမည်။ ဥပမာ-ဒုတိယတန်းတွင် သင်္ချာသင်ချိန်ဖြစ်လျှင် အတန်းချင်းကပ်နေသော တတိယတန်းတွင် ဂီတအချိန်၊ စုပေါင်းသီချင်းဆိုခြင်းမျိုး မဖြစ်သင့်
( ဇ) ဘာသာရပ်စနစ်ဖြင့် ဆရာများက ဘာသာရပ်ခွဲဝေ၍ အတန်းတစ်တန်းကိုဖြစ်စေ၊ အတန်း များကိုဖြစ်စေ၊ သင်ပြသော အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များတွင် ကိုယ်ပိုင် အချိန်ဇယားကိုမူတည်၍ `အတန်းအချိန်ဇယားဖြစ်အောင် ရေးဆွဲရမည်။
(1) ဆရာတစ်ဦးအား အင် အချိန်တစ်ချိန်တွင် တာဝန်ချထားပေးပြီးပါက ၎င်းဆရာအား အဆိုပါ အချိန် တွင်ပင် အခြားအတန်း တန်းများ၌ တာဝန်ချထားခြင်းမပြုရ။ (အချိန်မထပ်စေရပါ။)
(ည) ကျောင်၊ ကျောင်းတက်စပထမအ ပထမအချိန်နှင့် အခြေအနေပေးပါက နေ့လယ်ပိုင်းကျောင်းပြန်တက်သော အချိန်တို့ တွင် အတန်းပိုင်ဆရာအား ၎င်းတာဝန်ယူရသောအတန်းတွင် တာဝန်ချထားပေး ရမည်။
( ဋ) အချိန်ရေးဆွဲသည့်အခါ ဘာသာရပ်သဘာဝရှုထောင့်၊ စိတ်ပညာရှုထောင့်၊ ကျန်းမာရေး ရှုထောင့်စသည့် ရှုထောင့်ဘက်ပေါင်းစုံနှင့် ဆီလျော်အောင် ရေးဆွဲရမည်။
#မှတ်ချက်
ဒေသသင်ရိုးအစား စာကြည့်တိုက်ပြင်ရန်
#luckyomar4upage
Comments
Post a Comment