အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ
📌📌📌အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ❤ #အာဇာနည်နေ့အကြောင်း ========================== မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးစားထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် (၉) ဦး လုပ်ကြံခံခဲ့ရသော ဝမ်းနည်းဖွယ်နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ အစိုးရရုံးပိတ်ရက်အဖြစ် သက်မှတ်ပြီး နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူခြင်း၊ သံရှည်ဥဩဆွဲခြင်းတို့ဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကိုပြကြသည်။ အာဇာနည်နေ့သမိုင်းအကျဉ်း ၁၉၄၇၊ မြန်မာစံတော်ချိန် ၁၀နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လည်ရှိ အတွင်းဝန်များရုံး၊ ဝန်ကြီးများရုံး၌ အစည်းအဝေးပြုလုပ်နေချိန်ဖြစ်သည်။ ထိုအချိန်တွင် အင်္ဂလိပ်မြို့စောင့်တပ် အမှတ် (၁၂) ၏ စစ်ယူနီဖောင်းအပြည့်အစုံကိုဝတ်ဆင်ကာ စစ်သေနတ်ဖြင့် အစည်းအဝေးပြုလုပ်နေသော ခန်းမထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြသည်။ အဆိုပါပစ်ခတ်မှုအား နိုင်ငံတော်လုပ်ကြံမှုအဖြစ် သတ်မှတ်ခဲ့ကာ အတိုက်အခံ နိုင်ငံရေးအင်အားစု...




Comments
Post a Comment