ဆရာ၊ဆရာမများ မဖြစ်မနေသိရှိထားရမည့် QCPR နှင့် CCPR ဖြည့်နည်းပုံစံ
#ဆရာ၊ဆရာမများ မဖြစ်မနေသိရှိထားရမည့်
QCPR နှင့် CCPR ဖြည့်နည်းပုံစံ
QCPR နှင့် CCPR ကို ၂၀၂၄ -၂၀၂၅ပညာသင်နှစ်
တွင် အတန်းအလိုက် စတင်ဖြည့်သွင်းရမည်ဖြစ်သည်။
အုပ်စု(က)ဘာသာရပ်များ
မြန်မာ ၊အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး
🌲အုပ်စု( က )ဘာသာရပ်များ🌲
=========================
မူလတန်းအောက်ဆင့်(G1,G2,G3)
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
🌸စာသင်ခန်းတွင်းသင်ယူနေစဉ်စစ်ဆေးအကဲဖြတ်ခြင်း(Formative Assessment )
🏵️A (Advanced Level ) ၃ မှတ် အလွန်ကောင်း
🏵️S (Satisfactory Level ) ၂မှတ် ကောင်း
🏵️E (Emerging Level) ၁မှတ် ထပ်မံကြိုးစားရန်လို
မူလတန်းထက်ဆင့်( G4,G5)
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
🌸သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း
(Summative Assessment )
🏵️Grade A (ရမှတ် ၈၀ နှင့် အထက်) အလွန်ကောင်း
🏵️Grade B (ရမှတ် ၆၀ မှ ၇၉ ထိ) ကောင်း
🏵️Grade C (ရမှတ် ၄၀ မှ ၅၉ ထိ) သာမန်
🏵️Grade D (ရမှတ် ၄၀ အောက် ) ထပ်မံကြိုးစားရန်လို
____________________________________________
🌲အုပ်စု(ခ)ဘာသာရပ်များ🌲
======================
အုပ်စု (ခ)ဘာသာရပ်များ
စာရိတ္တနှင့်ပြည်သူ့နီတိ ၊ဘဝတွက်တာကျွမ်းကျင်စရာ ၊အနုပညာ(ပန်းချီ ) ၊အနုပညာ( ဂီတ) ၊ကာယပညာ
🤍💚မူလတန်းအောက်ဆင့်နှင့် မူလတန်းထက်ဆင့်
နှစ်ဆင့်စလုံးကို A,S,E ဖြင့်သာ ပေးရမည်။
A = ၃ မှတ်
S = ၂ မှတ်
E = ၁ မှတ်
____________________________________________
🌲တတ်မြောက်မှုစစ်ဆေး အကဲဖြတ်ခြင်း🌲
================================
ဇူလိုင်လ (Chapter End Test)
ဇွန်လမှဇူလိုင်လ ထိသင်ခန်းစာများ
အောက်တိုဘာလ (Midterm Test )
ဇွန်လမှ စက်တင်ဘာလဘာလထိ သင်ခန်းစာများ
ဒီဇင်ဘာလ ( Chapter End Test )
အောက်တိုဘာလမှ ဒီဇင်ဘာလထိ သင်ခန်းစာများ
ဖေဖော်ဝါရီလ (Year End Test )
အောက်တိုဘာလ မှ ဖေဖော်ဝါရီလထိ သင်ခန်းစာများ
အုပ်စု (ခ)ဘာသာရပ်များပျမ်းမျှအဆင့်တွက်နည်း
==================================
အုပ်စု (ခ) ဘာသာရပ်များ ကိုပျမ်းမျှအဆင့်တွက်ရာတွင်
ပျမ်းမျှအဆင့် = စုစုပေါင်းအမှတ် ÷
အကြိမ်အရေအတွက်
စားလဒ်သည်
၂.၅ နှင့်အထက် = A
၁.၅ နှင့်အထက် = S
၁.၅ အောက် = E
____________________________________________
🤍💚CCPR ဖြည့်သွင်းခြင်းကို ပညာသင်နှစ်တစ်နှစ်၏နောက်ဆုံးလတွင် QCPR မှရရှိသောပျမ်းမျှ အဆင့်များကို ကြည့်၍ဖြည့်သွင်းရပါမည် ။
🤍💚ကျောင်းခေါ်ကြိမ်ကို % ဖြင့်သာဖြည့်ရမည်။
🤍💚ကျောင်းဝင်အမှတ်ကိုသာ မင်နီဖြင့်ရေးပြီး အခြားအချက်အလက်များကိုမင်ပြာဖြင့်ရေးရမည်။မင်စိုဖြင့်ဖြည့်စွက်ခြင်းမပြုရပါ။
🤍💚ဖျက်ရာ၊ပြင်ရာမပါအောင် အထူးသတိထား
ရေးသွင်းရမည်။
ချမ်းငြိမ်းထွန်း (ပညာရေး)✍️
#creditphotos
Comments
Post a Comment