စားမေးပွဲနဲ့ပတ်သက်ပြီး ကလေးတွေကို ဆရာ/မ တွေအနေနဲ့ ဘယ်လိုပံ့ပိုးပေးရမလဲ.
စားမေးပွဲနဲ့ပတ်သက်ပြီး ကလေးတွေကို ဆရာ/မ တွေအနေနဲ့ ဘယ်လိုပံ့ပိုးပေးရမလဲ...
**********************************
စာမေးပွဲဆိုတာ ကျောင်းသားတွေအတွက်သာမက ဆရာ/မများအတွက် မိဘများအတွက်လည်း ဖိအားများတဲ့အချိန်ဖြစ်ပါတယ်။ ကျောင်းသား/သူများအတွက် စာမေးပွဲမဖြေဆိုမီ အကောင်းဆုံးပံ့ပိုးနိုင်မယ့်အချက် တွေကို ဆရာ/မ တွေအတွက် မျှဝေပေးပါမယ်။
(၁) ကြိုတင်စီစဉ်ထားပါ
ကျောင်းသား/သူတွေအတွက် လာမည့်စာမေးပွဲအတွက် မေးခွန်းများစွာရှိပါလိမ့်မယ်။ ဆရာဆရာမတွေအနေနဲ့ သင်ရိုးနှင့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း ရင်းနှီးအကျွမ်းတဝင်ရှိဖို့လိုသလို ကျောင်းသားကျောင်းသူတွေကိုလည်း သူတို့သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေရဲ့ ရည်ရွယ်ချက်တွေကို သိဖို့ ကူညီရပါမယ်။ စာမေးပွဲတွေမှာ မေးခွန်းတွေဟာ သင်ခန်းစာရဲ့ ရည်ရွယ်ချက်အပေါ် ကျောင်းသားတွေရဲ့ မှတ်မိမှုနှင့် နားလည်မှုကို စစ်ဆေးကြလေ့ရှိတာကြောင့်ဖြစ်ပါတယ်။
(၂) စာသင်ခန်းနှင့်စာသင်ချိန်အတွင်း မှတ်စုလိုက်ခဲ့ကြောင်းသေချာပါစေ
စာသင်ချိန်များတွင် ကျောင်းသား/သူများအား အရေးကြီးသောအချက်တွေ၊ အသေးစိတ်အချက် အလက်တွေ ကို ကျောင်းသားသူများအနေအား မှတ်စုတွေရေးစေခဲ့ကြပါလိမ့်မယ်။ ထိုမှတ်စုတွေက ကလေးတွေအတွက် Revision ပြန်တဲ့အခါ အထောက်အကူဖြစ်စေပါတယ်။ ဒါ့ကြောင့် ဆရာဆရာမတွေအနေနဲ့ ကျောင်းသား/သူတွေရဲ့ Note စာအုပ်နှင့် မှတ်စုမှတ်သားခဲ့မှုများအား သေချာအောင် စစ်ဆေးထားသင့်ပါတယ်။
(၃) Revision အချိန်များပြုလုပ်ခြင်း
ကျောင်းသား/သူများအနေဖြင့် တစ်နှစ်တာလုံး သင်ခန်းစာနှင့်လေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်သွားသင့်သလို စာမေးပွဲနီးတဲ့ တချို့ကာလတွေမှာ Revision လုပ်ပေးခြင်းက ကျောင်းသား/သူများအတွက် စာမေးပွဲဖြေဆိုရန် အများကြီး အထောက်အကူဖြစ်စေပါတယ်။ စာမေးပွဲအတွက် ကျောင်းသားတွေအဓိကသိထားရမယ့် အဓိကအကြောင်းအရာတွေကို ခွဲခြမ်းသတ်မှတ်ပြီး Revision လုပ်တဲ့အခါ ကျောင်းသားတွေတက်တက်ကြွကြွနဲ့မှတ်မိလွယ်အောင် ကြိုးစားအားထုတ်ရပါမယ်။ မေးခွန်းတွေကို ကစားနည်းတွေမှာ ထည့်သွင်းပြီး ဂိမ်းကစားခြင်းဖြင့် ကျောင်းသား/သူတွေအတွက် ပျော်ရွှင်စရာနဲ့ ပေါ့ပေါ့ပါးပါးသုံးသပ်မှုတွေအဖြစ် ဖန်တီးလို့ရပါတယ်။ အခြားသော အခန်းတွင်း Group Discussion , Role Discussion တွေလည်းလုပ်လို့ရပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ ကျောင်းသား/သူတွေကို အချက်အလက်တွေကို ဝန်ပိနေတဲ့ခံစားချက်မျိုး သက်သာလျော့နည်းစေပြီး မှတ်မိစေနိုင်မှာဖြစ်ပါတယ်။
(၄) Revision နည်းစနစ်များ
Revision လုပ်တဲ့အခါ ကျောင်းသား/သူများကို သူတို့ရဲ့ လေ့လာအာရုံစူးစိုက်နိုင်စွမ်း မြှင့်တင်နိုင်ဖို့ နည်းလမ်းတွေကို မျှဝေပေးပါ။
- စိတ်ရှုပ်စရာနည်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ လေ့လာခိုင်းပါ။
- Revision အချိန်ဇယားတွေ ဆွဲပြီး အချိန်ဇယားအတိုင်း လေ့လာခိုင်းပါ။
- ကြီးမားတဲ့အကြောင်းအရာတွေ (အပုဒ်ကြီး)တွေဆို အသေးလေးတွေအဖြစ် ခွဲခြမ်းပြီးလေ့လာခိုင်းပါ။
- မကြာခဏ (Short break)အနားယူခိုင်းပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေ စားပါ။ ရေများများသောက်ပါ။
- မေးခွန်းဟောင်းများကို လေ့ကျင့်စေခြင်းအပါအဝင် မေးခွန်းပုံစံများကို စနစ်တကျလေ့လာခိုင်းပါ။
- လေ့လာထားတဲ့အချက်အလက်တွေကို မှတ်မိစေရန် Mind Map တွေ ပုံတွေ ဖန်တီးခိုင်းပါ။
ဒီလိုမျိုး လမ်းညွှန်ခြင်း၊ လေ့ကျင့်ခြင်းဖြင့် သင်ကြားထားသမျှ သင်ခန်းစာတွေကို ကျောင်းသား/ကျောင်းသူတွေ အလွယ်တကူနားလည်ပြီးမှတ်မိစေမှာဖြစ်ပါတယ်။
(၅) စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို ကြိုတင်ရှင်းပြ/ဖတ်ပြပါ။
- ကျောင်းသား/သူတွေကို အခြေခံစာမေးပွဲစည်းမျဉ်းစည်းကမ်းတွေကို ကြိုတင်ရှင်းပြပါ။ ပြောပြပါ။ ဥပမာ- စာမေးပွဲခန်းထဲကို မှတ်စုတွေယူမသွားရဘူး။ စသဖြင့်
- စာမေးပွဲမေးခွန်းကို မဖြေဆိုမီ သေချာဖတ်ဖို့လိုကြောင်း ပြောပြပါ။ မေးခွန်းကို သေသေချာချာဖတ်ရှုမှသာ မေးခွန်းရဲ့ဆိုလိုရင်းနဲ့အဓိပ္ပါယ်ကို သေချာနားလည်ပြီး ဖြေဆိုနိုင်မှာဖြစ်ကြောင်း ရှင်းပြပါ။
- စာမေးပွဲ အနုပညာကို သင်ကြားပေးပါ။ စာမေးပွဲမေးခွန်းတွေမှာ အသုံးပြုတဲ့ အဓိကစကားလုံးတွေ ဖြစ်တဲ့ “ ဖော်ပြပါ” ၊ “ဆွေးနွေးတင်ပြပါ”၊ “အနှစ်ချုပ်တင်ပြပါ”၊ “နှိုင်းယှဉ်ပြပါ” စတဲ့ စကားလုံးတွေကြား ခြားနားချက်တွေကို ကျောင်းသား/သူများအား နားလည်အောင်ရှင်းပြပါ။ ကျောင်းသား/သူများအတွက် အကြောင်းအရာကို တကယ်သိလျှင်ပင် မေးခွန်းရဲ့ဆိုလိုရင်းကို မနားလည်ပါက ဖြေဆိုတဲ့အခါ မလိုအပ်ပဲ အချိန်ပိုကုန်ခြင်း၊ အမှတ်လျော့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
- စာမေးပွဲမေးခွန်းများမဝေမီ ကျောင်းသား/သူများအနေဖြင့် သူတို့ရဲ့ စိတ်ကူးတွေ၊ သင်ယူခဲ့မှုတွေကို အာရုံစုစည်းထားရန်နှင့် ရှင်းလင်းတဲ့ပုံစံ ရေးသားကာမေးခွန်းတွေကို ဖြေဆိုရန်တိုက်တွန်းပါ။ ဥပမာ- Mind Map သည် သင်ယူခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်ဆက်နွယ်မှုဖြစ်စဉ်တွေကို ဖြေဆိုတဲ့အခါ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်သလို အဖြေလွှာစာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် အကြမ်းဟု ခေါင်းစဉ်တပ်ကာ အလွယ်တကူမိနစ်ပိုင်းအတွင်း ချရေး/ချဆွဲလို့ရပါတယ်။
- စာလုံးပေါင်း၊ သတ်ပုံ နှင့် သဒ္ဒါတွေအတွက် အပိုမှတ်များရရှိကြောင်း ကျောင်းသားတွေကို သေချာ ရှင်းပြပါ။ စာလုံးပေါင်း သတ်ပုံတွေမှားလျှင် အမှတ်လျော့နိုင်ကြောင်းလည်း ရှင်းပြပါ။
- စာမေးပွဲ မှာ လက်ရေးလက်သား သပ်သပ်ရပ်ရပ်ဖြစ်ဖို့လိုကြောင်း သေချာရှင်းပြပါ။ လက်ရေးရှုပ်နေလျှင် စာစစ်သူများအနေဖြင့် နားမလည်ခြင်း၊ စိတ်ရှုပ်ခြင်းတို့ ကြုံရနိုင်သလို လက်ရေးသပ်ရပ်လျှင် စာစစ်သူများအနေဖြင့် ပိုမိုနှစ်သက်ကြောင်း ရှင်းပြပါ။
- အချိန်စီမံခန့်ခွဲမှုသည် စာမေးပွဲတွင် အလွန်အရေးပါသလို စာမေးပွဲတွင် အချိန်စီမံခန့်ခွဲတတ်အောင် လေ့ကျင့်ပေးပါ။ ဖြေထားတဲ့အဖြေတွေကို Spelling , Grammar သေချာစစ်ဖို့ အချိန်တစ်ခုသတ်မှတ်လေ့ကျင့်ပေးပါ။
မြန်မာနိုင်ငံအတွင်းရှိ မူ/လယ်/ထက် ကျောင်းသားကျောင်းသူများအားလုံး လာမည့် စာမေးပွဲများတွင် အခက်အခဲမရှိ အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေ…..
🙏🙏🙏
#khaing_family
#privateschool
#kkl@mts
@followers
Comments
Post a Comment