ကျောင်းအုပ်ကြီးတာဝန်လွှဲပြောင်းခြင်းနှင့်လက်ခံခြင်း
ကျောင်းအုပ်ကြီးတာဝန်လွှဲပြောင်းခြင်းနှင့်လက်ခံခြင်း
******************************************
ကျောင်းအုပ်ကြီးတာဝန်လွှဲပြောင်းရယူလက်ခံရာတွင် မှတ်တမ်းစာအုပ်ဖြင့်သာ လွှဲပြောင်းလက်ခံပါ လွှဲပြောင်းလက်ခံရာတွင် ပါဝင်ရမည့်အချက်များ..
၁။ ကျောင်းတစ်ကျောင်း၏ အသက်ဟုမှတ်ယူရမည့် TC/ ခ စာရင်း
နှစ်အလိုက်ပုံစံ(က)စာအုပ်များနှင့် မွေးသက္ကရာဇ် အထောက်အထားများ
TC လွှဲပြောင်းလက်ခံရာတွင် သတိပြုရန်
အောက်ပါအတိုင်းသေချာစီစစ်ပါ
က။အသုံးပြုပြီးTCစာအုပ် (....)အုပ်
အမှတ်စဉ်...မှအမှတ်စဉ်...ထိ....အုပ်
အမှတ်စဉ်...မှအမှတ်စဉ်...ထိ...အုပ်
ခ။ အသုံးပြုဆဲ TCစာအုပ်....အုပ်
အမှတ်စဉ်.....မှ....ထိအသုံးပြုပြီး....ရွက်
အမှတ်စဉ်.....မှ....ထိအသုံးမပြုရသေး...ရွက်
....ကျောင်းဝင်မှတ်ပုံတင် ခ စာရင်းစာအုပ်လက်ခံရာတွင်စီစစ်ရန်
က။ စနစ်ဟောင်း ခ စာရင်းစာအုပ်.....အုပ်
အမှတ်စဉ် ...မှ...ထိ ရေးသွင်းပြီး...အုပ်
အမှတ်စဉ်....မှ...ထိရေးသွင်းပြီး....အုပ်
ခ။ စနစ်သစ် ခ စာရင်းစာအုပ်
အမှတ်စဉ်...မှ...ထိ ရေးသွင်းပြီး....အုပ်
အထူးသတိပြုရန်
..စနစ်သစ်ကျောင်းသား/သူများအားလုံး ၂၀၁၆ KG မှစ၍ ယခု
နှစ် G3 အထိသည် စံနစ်သစ်စာအုပ်တွင်ရှိရပါမည်
.အချို့ကျောင်းအုပ်ကြီးများသည် ၂၀၁၆ ဝင် KG ကလေးများအား စံနစ်ဟောင်းစာအုပ်မှ စံနစ်သစ်စာအုပ်ထဲသို့ကူးပြောင်းရေးသွင်းပြီး
ဖြစ်သော်လည်း စာအုပ်ဟောင်းတွင် ပယ်ဖျက်ထားခဲ့ခြင်းမရှိသဖြင့် စံနစ်သစ်ကျောင်းသား/သူများသည် အဟောင်းတွင်ရော အသစ်တွင်ပါ ပါဝင်နေပြီး ခ စာရင်းအမှတ် နှစ်မျိုးရှိနေသလို မကြာခဏ တွေ့နေ ရသည် အထူးသိရှိထားရန်မှာ ကျောင်းတစ်ကျောင်းတွင် ပညာသင်ယူ နေသော ကျောင်းသားတစ်ဦးလျှင် ခစာရင်းအမှတ် တနည်းအားဖြင့် ကျောင်းဝင်မှတ်ပုံတင်အမှတ် တစ်ခုသာရှိရမည်ဖြစ်သည် အထူး သတိထား စစ်ဆေးလက်ခံရန် သတိပေးခြင်ပါသည်
၂။ ကျောင်းပိုင်ဆိုင်မှုမြေစာရင်းပုံစံ အထောက်အထားများ
ဥပမာ
.ပုံစံ..၁၀၅ မူရင်း ၁ စောင် မိတ္တူ.. ..စောင်
ကျောင်းမြေအလျား..အနံ..(ကိုယ်တိုင်ကွင်းဆင်းတိုင်းတာပြီး)
၃။ ငွေစာရင်းဆိုင်ရာမှတ်တမ်းများ
..SIF အစည်းအဝေးမှတ်တမ်း...အုပ်
.. ငယ်စာရင်း...အုပ်
.. Stock book...အုပ်
.. cash book.. ..အုပ်
.. အသုံးပြုပြီးပြေစာ/ဘောက်ချာများ ဖိုင်
.. ငွေစာရင်းရှင်းတမ်းဖိုင်....ဖိုင်(ရုံးသို့တင်ပြပြီး/မတင်ပြရသေး)
........ငွေသား.....ကျပ်တိတိ/-
၅။ အခြားရုံးမှတ်တမ်း/ဖိုင်များ
ဥပမာ
..ဝင်စာဖိုင်...ဖိုင်
..ထွက်စာဖိုင်....ဖိုင်
..တက်ဆင်းလက်မှတ်ထိုးမှတ်တမ်းစာအုပ်...အုပ်
..မိဘကော်မတီအစည်းအဝေးမှတ်တမ်း...အုပ် စသည်ဖြင့်
၆။သင်ကြားသင်ယူမှုမှတ်တမ်းများ
ဥပမာ
.. က စာရင်းစာအုပ်...အုပ်
.. နေ့စဉ် ရှိ/တက်/ပျက် မှတ်တမ်း...အုပ်
.. အချိန်ပိုင်းပျက်ကွက်မှတ်တမ်း...အုပ်
..လစဉ်ကျောင်းတက်ရာနှုန်းမှတ်တမ်း...အုပ်
..လ/ထဆရာ/မများ၏ နေ့စဉ်မှတ်တမ်းများ..အုပ်
..သင်နည်းမှတ်စုများ
..သင်ကူပစ္စည်းများ.....စသည်ဖြင့်
၇။ရွှေ့ပြောင်းနိုင်သောပစ္စည်းများ
ဥပမာ
ရုံးခန်းတွင်းရှိပစ္စည်းများ
..ကျောင်းအုပ်ကြီးစားပွဲ...လုံး
..ကျောင်းအုပ်ကြီးထိုင်ခုံ..လုံး
..ဆရာစားပြဲ...လုံး
..ဆရာထိုင်ခုံ...လုံး
..ဆက္တီ...လုံး
..ဘီရိုကြီး/သေး....လုံး
..မိတ္တူ/ကွန်ပြူတာ/white board...စသည်ဖြင့်
စာသင်ခန်းတွင်းရှိပစ္စည်းများ
..ဆရာစားပွဲ/ထိုင်ခုံ...လုံး
.. ကျောင်းသားစားပွဲ/ထိုင်ခုံ...ယောက်ထိုင်...စုံ
..white board/black board....ချပ်
..သင်ကူကားချပ်/မြေပုံ...ချပ်...စသည်
၈။မရွှေ့ပြောင်းနိုင်သောပစ္စည်းများ
ဥပမာ
..၆၀×၃၀ သွတ်မိုးအုပ်ညှပ်တစ်ဆောင်
..၂၀×၂၀ ရုံးခန်းတစ်ဆောင်
..ကျင်းလွှဲအိမ်သာ..လုံး
..အုပ်အိမ်သာ...လုံး
..ရေသန့်စင်...လုံး
..ရေတွင်း(အုပ်/တုံကင်)...လုံး...စသဖြင့်
၉။စာကြည့်တိုက်သုံးပစ္စည်းများ
ဥပမာ
...ကလေးပုံပြင်...အုပ်
...ကာတွန်း...အုပ်
...ဂျာနယ်...အုပ်...စသည်ဖြင့်
၁၀။ မီဒီယာပစ္စည်းများ
ဥပမာ
...VDO...လက်မ...အမျိုးအစား..လုံး(အသုံးပြုဆဲ/ပျက်စီး)
...AUDIO /sound box ..လုံး(ကောင်း/ပျက်)စသဖြင့်
၁၁။အခြားပစ္စည်းများ
ဥပမာ
...ဘက်ထရီ...ဗို့...တံဆိပ်...လုံး
...ဆိုလာပြား..ပါဝါ...တံဆိပ်..ပြား
... ဟွန်ဒါမီးစက်( ကောင်း/ပျက်)..လုံး စသည်ဖြင့်
လွှဲပြောင်းလက်ခံမည့်ပစ္စည်းအရပ်ရပ် စာရင်းကို မှတ်တမ်းဖြင့် ပြုစုပြီးပါက မိဘကော်မတီဝင်များ လ/ထဆရာ/မ များအားဖိတ်ကြားပြီး အတည်ပြုချက် ရယူကာ နှစ်ဦးလက်မှတ်ရေးထိုး ကြရန်ဖြစ်သည် တက်ရောက်လာသော ကော်မတီဝင် များနှင့် ဆရာ/မ များကိုလည်း သက်သေအဖြစ် လက်မှတ်ရေးထိုး ရန်လိုအပ်သည်
၄င်းမှတ်တမ်းအား စာအုပ်ပုံစံချုပ်၍ မိမိ၌အနည်းဆုံး တစ်စုံလက်ခံ ထားပြီး သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးထံသို့လည်း လွှဲပြောင်း လက်ခံပြီးဖြစ်ကြောင်း အပေါ်စာဖြင့် ပူးတွဲပေးပို့ကြရန်ဖြစ်ပါသည်
မိမိ၏ အတွေ့အကြုံဖြင့် သိနားလည်သလောက်သာ အကြံပြုရေးသားရပါသည် လိုအပ်ချက်များရှိပါက ဖြည့်စွက်ထောက်ပြပေးကြပါ ရန်မေတ္တာရပ်ခံအပ်သည်
အဆင်ပြေချောမွေ့ပြီး အများကလေးစား အားကျရသော အောင်မြင်သောကျောင်းအုပ်ကြီးများ ဖြစ်နိုင်ကြပါစေ
#crd
Comments
Post a Comment