ကျားစဥ်းလဲနဲ့ လောဘအိုး
ကျားစဥ်းလဲနဲ့ လောဘအိုး
📰📰📰📰📰📰📰
တစ်ခါတုန်းက သတ္တဝါများစွာနေထိုင်သော တောနက်ကြီးတစ်ခုရှိလေ၏။ သစ်ပင်များစွာဖြင့်
အုံ့မှိုင်းနေပြီး အလွန်ကျယ်ပြန့်သည့်တောကြီးဖြစ်၏။ တောကြီးအနီးနားရွာများမှ လူများသည် တစ်ရွာမှ တစ်ရွာသို့ သွားရောက်လိုလျှင် ဤတောနက်ကြီးကို ဖြတ်သွားကြရ၏။
တစ်နေ့သောအခါ သူကြွယ်တစ်ဦးသည် ဤတောနက်ကို ဖြတ်သွားလေ၏။ သူကြွယ်သည် သူ၏ လက်တွင် ရွှေလက်ကောက်တစ်ကွင်းကို ဝတ်ဆင်ထား၏။ ကျားတစ်ကောင်သည်လည်း သူကြွယ် သွားနေသည့်လမ်းဘေးရှိ မြက်ရိုင်းတောကြားတွင် ပုန်းအောင်းကာ နေ၏။ သူကြွယ်သည် ထိုကျားကို သတိမထားမိချေ။ ကျားသည် သူကြွယ်နီးကပ်လာသည့်အခါ ခုန်အုပ်ကိုက်သတ်ပစ်လိုက်လေ၏။ ကျား သည် သူကြွယ်၏အသားကို စားသောက်ပြီးနောက် ရွှေလက်ကောက်ကို မည်သို့လုပ်ရမည်မသိ ဖြစ်နေ၏။ ထို့ကြောင့် ကျားသည် ရွှေလက်ကောက်ကို သိမ်းထားလိုက်လေ၏။
သည်လိုနှင့် နှစ်ပေါင်းများစွာ ကြာလာခဲ့၏။ ထိုတောနက်ထဲရှိ ကျားသည်လည်း အိုမင်းမစွမ်းသည့် ကျားအိုကြီးဖြစ်နေချေပြီ။ ကျားအိုသည် သားကောင်ကိုပင် ဖမ်းယူမစားသောက်နိုင်တော့ချေ။ ထို့ကြောင့် ကျားအိုသည် အစာစားရမည့်နည်းများကို တွေးတောနေလေ၏။ ထိုစဉ် ကျားအိုသည် သူ သိမ်းထားသည့် ရွှေလက်ကောက်ကို သတိရလိုက်၏။ ကျားအိုသည်
"လူသားတွေဟာ ရွှေကို အလွန်နှစ်သက်ကြတယ်လို့ ငါကြားဖူးတယ်_ _ _ တောကိုဖြတ်တဲ့ ခရီးသွားတွေကို ဒီရွှေလက်ကောက်နဲ့ မျှားရင်တော့ အသားစားရမှာသေချာတယ်_ _ _ ဒီနည်းကို စမ်းရမယ်_ _ _ ဒါမှ ငါ့ဘဝရဲ့ကျန်နေတဲ့နေ့ရက်တွေကို အသက်ဆက်နိုင်မယ်"ဟု တွေးလိုက်၏။
ထို့ကြောင့် ကျားအိုသည် ရွှေလက်ကောက်ကိုယူ၍ တောနက်ကို ဖြတ်သည့်လမ်းဘေးတွင် ထိုင်နေ၏။ ကျားအိုသည် ထိုနေရာ၌ အချိန်ကြာကြာထိုင်နေသော်လည်း ခရီးသွားတစ်ယောက်တလေမျှ ဖြတ်သန်းသွားခြင်း မရှိဖြစ်နေ၏။ ခဏအကြာတွင် ဂိုပယ်ဟူသော ဉာဏ်ပညာရှိသော သူဆင်းရဲ တစ်ဦးသည် ကျားအိုစောင့်နေသည့် လမ်းအတိုင်း လျှောက်လာလေ၏။ ထိုစဉ် လမ်းဘေးမြက်ရိုင်းတော အတွင်းမှ အသံတစ်သံကို ကြားလိုက်၏။
ဂိုပယ် အံ့ဩနေစဉ် ကျားအိုသည် မြက်ရိုင်းများကြားမှ ထွက်လာ၏။ ဂိုပယ်လည်း ကျားအိုကို မြင်သည်နှင့် ပြေး၏။ သို့သော် ကျားအိုက " မကြောက်ပါနှင့်မိတ်ဆွေ_ _ _ ကြှနျုပျဆီက ရွှေလက်ကောက် ကို လာယူပါ"ဟု ပြောလိုက်သည်။ ဂိုပယ်သည် ''ကျားက အသားစားသတ္တဝါဖြစ်သည်"ကို သတိကပ်လိုက် မိ၏။ ဂိုပယ်သည် ကျားလက်ချက်ဖြင့် အသက်မပျောက်ချင်ချေ။ ထို့သို့ဖြစ်နေသည့် ဂိုပယ်ကို ကျားသည် "သင်ဘာတွေတွေးနေတာလဲဆိုတာ ကြှနျုပျသိပါတယျ_ _ _သင်တွေးတာတွေ မှန်ပါတယ်_ _ _ ကျားဟာ ရက်စက်ကြမ်းကြုတ်ကြတယ်ဆိုပေမယ့် ခု ကြှနျုပျအခွအေနကေို ကြည့်ပါ_ _ _ကြှနျုပျက အားနည်းပြီး အိုမင်းမစွမ်းတော့ပါဘူး_ _ _ ကြှနျုပျလူတှနေဲ့အခွားသတ်တဝါတှကေို သတ်ခဲ့ပြီးပါပြီ_ _ _ ခုတော့ ကြှနျုပျ ရဲ့မကောင်းမှုတွေအတွက်နောင်တရနေပါပြီ_ _ _ နောင်တရတဲ့အနေနဲ့ ကြှနျုပျ လူသားတစ် ယောက်ကို ဒီရွှေလက်ကောက် ပေးချင်ပါတယ်"ဟု ပြောလိုက်လေ၏။
ဂိုပယ် ခေတ္တတွေးလိုက်သည်။ ဂိုပယ်သည် လောဘစိတ်ဖြစ်လာပြီး သူ၏ဉာဏ်ပညာ အတွေးအခေါ်နိုင်စွမ်းများပင် ပျောက်သွားလေ၏။ ထို့ကြောင့် ဂိုပယ်သည် ကျားအိုအနီးသို့ သွားလိုက်၏။ စဉ်းလဲသော ကျားအိုသည် ဂိုပယ် သူ့အနီးရောက်သည့်တိုင် စောင့်နေလိုက်ပြီး သူ့အနားရောက်သည်နှင့် ကိုက်သတ်ပစ်လိုက်၏။ ဂိုပယ်သည် ချက်ချင်းပင် သေဆုံးသွားလေ၏။ ကျားအိုသည် ထိုနေ့အတွက် ကောင်းစွာတည်ခင်းစားသောက်လိုက်ရလေ၏။ စဉ်းလဲသည့်ကျားအိုသည် တောကို ဖြတ်သွားသူများကို ဤလှည့်ကွက်သုံး၍ သတ်ဖြတ်စားသောက်နေခဲ့၏။ စဉ်းလဲသည့်ကျားအိုသည် ဤနည်းဖြင့် သူ၏ကျန်ရှိ သောနေ့ရက်များကို ဖြတ်သန်းနေလေတော့သတည်း။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ကလေးတို့ရေ_ _ _ ဒီပုံပြင်လေးရဲ့ပေးချင်တဲ့သင်ခန်းစာကတော့ ဉာဏ်ပညာရှိသူတောင် လောဘစိတ်က လွှမ်းမိုးလာလျှင် စဉ်းစားဆင်ခြင်နိုင်စွမ်းပျောက်ဆုံးတတ်တယ်ဆိုတာပါပဲကွယ်။ ။
(Old Tiger And Golden Bangle )ကို ဘာသာပြန်ဆိုပါသည်။
နန္ဒမန်းကြယ်(တွင်းငယ်)
# ကလောင်အမည်ဖျောက်ကာ ကူးယူခြင်းမျိုး ခွင့်မပြုပါ။
#နောက်ထပ်ပုံပြင်တွေ ဖတ်ရှုချင်တယ်ဆိုရင် ဒီပေ့ချ်လေးကို Like And Follow လုပ်ထားပါနော်။
Comments
Post a Comment