ဒေါင်းယောင်ဆောင်သောကျီး ပုံပြင်
ဒေါင်းယောင်ဆောင်သောကျီး ပုံပြင်
ရှေးအခါက ကြွားဝါတတ်သော ကျီးတစ်ကောင်ရှိလေသည်။ ထိုကျီးသည် ဒေါင်းများကိုမြင်လျှင် ဒေါင်းကဲ့သို့ လှပလို၏။ ထို့ကြောင့် ဒေါင်းတောင်များကို ရှာပြီးလျှင် သူ့ကိုယ်၌ တပ်ဆင်၍ ဒေါင်းတို့နေရာသို့ သွားလေ၏။
ဒေါင်းတို့နှင့်တွေ့သောအခါ ကျီးက" ငါဟာ ဒေါင်းတစ်ကောင်ဖြစ်တယ် " ဟု ဆိုကာ ဒေါင်းယောင်ဆောင်၍ နေလေ ၏။
ဒေါင်းတို့ကလည်း " ဟယ် ငှက်ကြွား မင်းက ဒေါင်းမျိုးမှမဟုတ်တာ ကျီးတစ်ကောင်ပဲ " ဟု ဆိုကြလေ၏။ ဒေါင်းတို့သည် ကျီးကိုဝိုင်း၍ ထိုးဆိတ်ကြကုန်၏။ ထိုအခါ ကျီး၏ကိုယ်မှ ဒေါင်းတောင်များသာမက ကျီးတောင်များပါ ကျွတ်ကျကုန်၏။
ကျီးသည် အလွန်နာကျင်လျက် မိမိတို့အမျိုးဖြစ်သော ကျီးတို့ထံပြန်ပြေးလေ၏။ ကျီးတို့က " မင်းကကိုယ်အမျိုးကို အထင်မကြီးဘဲ တခြားအမျိုးတွေကို အထင်ကြီးတတ်တဲ့သူပဲ ငါတို့ဆီ မလာနဲ့ " ဟု နှင်ထုတ်ကြကုန်၏။ ဒေါင်းယောင်းဆောင်သောကျီးကို ဒေါင်းတို့သာမက ကျီးတို့ကပါ မုန်းတီးကြလေသတည်း။
(သတ်ပုံတွေကိုတော့ သင်ရိုးဟောင်း မြန်မာဖတ်စာ စာလုံးပေါင်းအတိုင်း ဖော်ပြထားပါတယ်။)
ဒီ သင်ခန်းစာကို ဘယ်နှတန်းမှာ သင်ခဲ့ဖူးကြလဲ ဆိုတာ မှတ်မိကြလားရှင့်။ မူလတန်းလား အလယ်တန်းလား အထက်တန်းလား မန့်သွားပေးအုံးနော်။
ရေးမယ်ထရိန်နင်မှ
#ဒေါင်းယောင်ဆောင်သောကျီး
Comments
Post a Comment