ကောက်ကျစ်သူရဲ့နိဂုံး

 ကောက်ကျစ်သူရဲ့နိဂုံး


📜📜📜📜📜📜📜📜


 တစ်နေ့မှာ  ဘိုလာရမ်ဆိုတဲ့ လယ်သမားဟာ သူ့အိမ်နီးချင်း ဒါမဆီက ရေတွင်းကို ဝယ်ယူလိုက် ပါတယ်။ ဒါမဟာ ကောက်ကျစ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ နောက်နေ့မှာ ဘိုလာရမ်ဟာ သူဝယ် ထားတဲ့ရေတွင်းကနေ ရေခပ်ဖို့ သွားတဲ့အခါ ဒါမက ရေမခပ်ဖို့ တားမြစ်လိုက်ပါတယ်။ 


 ဘိုလာရမ်က "ဘာကြောင့် မခပ်ရမှာလဲ"လို့ မေးလိုက်တဲ့အခါ ဒါမက "ရေတွင်းကိုပဲ ရောင်းတာ ဖြစ်ကြောင်း၊ရေကို ရောင်းတာမဟုတ်ကြောင်း ပြောလာပါတယ်။ ရေကို ရချင်ရင် ရေအတွက် ပိုက်ဆံပေးရမယ်လို့လဲ ပြောပါတယ်။ 


 ဘိုလာရမ်ဟာ အိမ်နီးချင်း ဒါမရဲ့ကောက်ကျစ်မှုကို တွေ့လိုက်တော့ အံ့ဩသွားပါတယ်။ ပြီးတော့ ဘိုလာရမ်က ဒီကိစ္စကို တရားရုံးမှာ ဖြေရှင်းဖို့ လုပ်ပါတော့တယ်။


 တရားသူကြီးက ဒါမကို ခေါ်ပြီး ဘိုလာရမ်ကို ဘာကြောင့် ရေခပ်ခွင့်မပြုသလဲလို့ မေးလိုက် ပါတယ်။ တရားသူကြီးရဲ့အမေးကို ဒါမက " ကျွန်တော်က ရေတွင်းကိုပဲ ရောင်းတာပါ_ _ _ အထဲက ရေကို ရောင်းတာမဟုတ်ပါဘူး_ _ _ ဒါကြောင့် ဘိုလာရမ်မှာ ရေခပ်ယူခွင့်မရှိပါဘူး"လို့ ပြန်ဖြေလိုက်ပါတယ်။

တရားသူကြီးလည်း ခဏစဉ်းစားလိုက်ပြီး " ခင်ဗျားက ဘိုလာရမ့်ကို ရေတွင်းရောင်းပြီး ကတည်းက ခင်ဗျားက ခင်ဗျားရဲ့ရေတွေကို  ရေတွင်းထဲမှာ ထားခွင့်မရှိတော့ပါဘူး။  ခင်ဗျားရဲ့ရေတွေ ထားမယ်ဆိုရင် ဘိုလာရမ့်ကို ရေတွင်းငှားခ ပေးရပါလိမ့်မယ်_ _ _ ဒီလိုမှ မဟုတ်ရင်တော့ ခုချက်ချင်းပဲ ခင်ဗျားရဲ့ရေတွေကို ခပ်ထုတ်ပါ"လို့ ပြောလိုက်ပါတယ်။ 


ဒါမ အကြပ်ရိုက်သွားပါတယ်။ ပြီးတော့ သူ့ရဲ့ကောက်ကျစ်မှုအစီအစဉ်ဟာ ရုံးမှာ အလုပ်မဖြစ်တာ ကို သိသွားပါတယ်။ ဒါကြောင့် ဒါမဟာ တောင်းပန်ပြီး အိမ်ပြန်သွားပါတော့တယ်။ 


   #လိမ်လည်လှည့်ဖြားခြင်းဟာအဆုံးသတ်မလှတတ်ပါဘူး။သင့်ရဲ့အမှားအတွက်သင် ပေးဆပ်ရတာပဲဖြစ်ပါတယ်။ 


(The Farmer And The Well )ကို ဘာသာပြန်ဆိုပါသည်။ 

 နန္ဒမန်းကြယ်(တွင်းငယ်) 

  # ကလောင်အမည်ဖျောက်ကာ ကူးယူခြင်းမျိုး ခွင့်မပြုပါ။ 

 #နောက်ထပ်ပုံပြင်တွေ ဖတ်ရှုချင်တယ်ဆိုရင် ဒီပေ့ချ်လေးကို Like And Follow လုပ်ထားပါနော်။



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ