ကလေးတွေကို စကားလုံးလေးတွေ သတ်ပုံသင်တော့မယ်ဆိုရင် အဆင့် ( ၆ ) ဆင့်နဲ့ သင်ရပါမယ်

ကလေးတွေကို စကားလုံးလေးတွေ သတ်ပုံသင်တော့မယ်ဆိုရင် အဆင့် ( ၆ ) ဆင့်နဲ့ သင်ရပါမယ်။

၁။ သင်မယ့် စကားလုံးကို ဗျည်းသံ ၊ သရသံ ခွဲခိုင်းပါ။

သူ ပညာ ထူး၏။

သူ 
ဗျည်းသံ / သ /
သရသံ / အူ /
သ + အူ / သူ/

ပဉ်
ဗျည်းသံ / ပြ /
သရသံ / အင် /
ပြ + အင် / ပြင်/

ဉာ
ဗျည်းသံ / ည /
သရသံ / အာ /
ည + အာ / ဉာ /

ထူး
ဗျည်းသံ / ထ /
သရသံ / အူး /
ထ + အူး = ထူး

ဗျည်းသံ မရှိ
သရသံ / အိ/

၂။ အသံထွက်နည်း ဖြင့် ဆိုခိုင်းပါ။

သအူ သူ
ပြအင် ပြင်
ည အာ ညာ
ထအူး ထူး
အိ

သူ ပညာ ထူး၏။
/သူပြင်ညာထူးအိ /

၃။ အသံ ဘယ်နှစ်သံပါသလဲ ခွဲခိုင်းပါ။

သူ 
ပြင်
ညာ
ထူး
အိ

အသံ (၅) သံ

၄။ အသံ တစ်သံချင်းစီကို စာလုံးပေါင်းခိုင်းပါ။

သူ
သ ရေး နှစ်ချောင်းငင် သူ

ပဉ်
ပစောက် ရေး ဉကလေးသတ် ပြင်

ဉာ
ဉကလေး ရေးချာ့ ညာ

ထူး
ထဆင်ထူး ရေး နှစ်ချောင်းငင် ဝစ္စနှစ်လုံးပေါက်ထူး

အက္ခရာ အိ

သူ ပညာထူး ၏။

၅။ ကြည့်ဆိုနည်းဖြင့် ဆိုခိုင်းပါ။

သူ ပညာ ထူး၏။

၆။ လက်ရေးလှ လေ့ကျင့်ပါ။

အဆင်ပြေကြပါစေ။

#Crd

Comments

Popular posts from this blog

G12စနှစ်သစ်မေးခွန်းပုံစံ

Grade 5  English ဘာသာ သင်နည်း အနှစ်ချုပ်