စာသင်ခန်းသုံး အင်္ဂလိပ်စကားပြော
1. Greetings အတန်းအဝင်မှာ နှုတ်ဆက်တဲ့အခါ
(A student monitor announces: All stand up. Let’s greet.) Good morning / afternoon teacher.
Good morning / afternoon, everybody.
Hello, everyone.
How are you today?
How are you getting on?
How’s life?
How are things with you?
2. Introductions ကိုယ့်ကိုယ်ကိုယ် ပထမဆုံး မိတ်ဆက်တဲ့စကား ပြောတဲ့အခါ
My name is Mr/Mrs/Ms (___name___).
I’m your new English teacher.
I’ll be teaching you English this year.
3. Register ကျောင်းခေါ်ကြိမ်စာရင်း ရေးတဲ့အခါ
Who is absent today? ဒီနေ့ ဘယ်သူ ကျောင်းပျက်လဲ
Who isn’t here today? ဒီနေ့ ဘယ်သူ မရှိဘူးလဲ
What’s the matter with (__name__) today? ဒီနေ့ ________ ဘာဖြစ်တာလဲ
What’s wrong with (__name__) today? ဒီနေ့ ________ ဘာဖြစ်တာလဲ
Why were you absent last Friday ______? _______ သောကြာနေ့က ဘာဖြစ်လို့ ကျောင်းပျက်တာလဲ
Do you feel better today? ဒီနေ့ သက်သာပြီလား
Are you better now? အခု ကောင်းပြီလား
Have you been ill? ဖျားနေတာလား
What was the matter? ဘာဖြစ်တာလဲ
I’m sorry (about that). အဲ့ဒီအတွက် စိတ်မကောင်းပါဘူး
I’m terribly sorry. တကယ် စိတ်မကောင်းပါဘူး
4. Late နောက်ကျတဲ့ ကျောင်းသားကို ပြောတဲ့အခါ
Where have you been? ဘယ်ရောက်နေတာလဲ
We started ten minutes ago. အတန်း စ,တာ ၁ဝမိနစ်လောက်ရှိပြီ။
What have you been doing? ဘာလုပ်နေတာလဲ
Did you miss your bus? ကား မမှီလိုက်တာလား
Did you oversleep? အအိပ်လွန်သွားလို့လား
Don’t let it happen again. နောက် ဒါမျိုး မဖြစ်စေနဲ့နော်
5. Time to begin သင်္ခန်းစာ စ,တော့မယ့်အခါ
Are you ready? အားလုံး အဆင်သင့်ပဲလား
Is everybody ready to start? စ,ဘို့ လူတိုင်း အဆင်သင့်ပဲလား
I hope you are all ready for your lesson. သင်ခန်းစာအတွက် အားလုံး
အဆင်သင့်ပဲလို့ ထင်ပါတယ်
I think we can start now. စ,လို့ ရပြီလို့ ထင်တယ်
Now we can get down to work. အခု အလုပ်စ,လို့ ရနိုင်ပါပြီနော်
Settle down now so we can start. အငြိမ်သွားပြီဆို အခု စ,လို့ ရနိုင်ပြီပေှါ့
6. Some common instructions: အသုံးများတဲ့ ညွှန်ကြားချက်တွေပြောတဲ့အခါ
Come in. ဝင်ပါ
Go out. ထွက်ပါ
Stand up. ရပ်ပါ
Sit down. ထိုင်ပါ
Come to the front of the class. အတန်းရှေ့ကို လာပါ
Stand by your desks. ကိုယ့်ခုံဘေးမှာ ရပ်ပါ
Put your hands up. လက်မြှောက်ပါ
Put your hands down. လက်ချပါ
Hold your books up. စာအုပ်ကိုင်ပြီးမြှောက်ပြပါ
Show me your pencil. ခဲတံတွေ ပြပါ
7. At the beginning of a session: အတန်း စ,ခါနီးမှာ
Pay attention, everybody. အားလုံး (ဒီမှာ) အာရုံစိုက်ပါ
Listen to me. နားထောင်ပါ
Repeat after me. လိုက်ဆိုပါ
Again, please. နောက်တကြိမ် (ဆိုပါအုန်း)
You have five minutes to do this. ၅ မိနစ် အချိန်ရမယ်
Who’s next? နောက်တယောက် ဘယ်သူလဲဟေ့
Like this, not like that. ဒီလိုမျိုးနော်၊ ဟိုဟာမျိုး မဟုတ်ဘူး။
Open your books at page... စာအုပ်ထဲက စာမျက်နှာ..... ကို ဖွင့်ပါ
Turn to page ... စာမျက်နှာ..... ကို လှန်ပါ
(😎 What did you say? ဘာပြောလိုက်တာလဲ
One more time, please. နောက်တကြိမ် (ထပ်ပြောပါအုန်း)
Say it again, please. နောက်တကြိမ် ထပ်ပြောပါအုန်း
I don’t understand. နားမလည်လိုက်ဘူး
I don’t get it. နားမလည်သေးဘူး
Like this? ဒါမျိုးလား
Is this OK? ဒါဆို အဆင်ပြေလား
(9) Excuse me. ခွင့်တောင်းတဲ့့အခါ
Could I get past please? (ဖြတ်) ကျော်သွားမယ်နော်
You’re blocking the way. နင်တို့ လမ်းပိတ်နေတယ်
I can’t get past you. နင်တို့ ပိတ်နေလို့ ဖြတ်သွားလို့ မရဘူး
Excuse me for a moment. ခဏလေးနော်
I’ll be back in a moment. ခဏနေ ပြန်လာခဲ့မယ်
Carry on with the exercise while I’m away. ငါသွားနေတုန်း လေ့ကျင့်ခဏ်းတွေ ဆက်လုပ်နေကြပါ
I’ve got to go next door for a moment. ဟိုဘက်ခန်းကို ခဏသွားမယ်
I’m afraid I can’t speak any louder. အသံကျယ်ကျယ် မပြောနိုင်တော့ဘူး
I have a sore throat. လည်ချောင်းတွေ နာနေတယ်
I have a headache. ခေါင်းကိုက်နေတယ်
I’m feeling under the weather. နေမကောင်းဘူး
Do you mind if I sit down? ထိုင်လို့ ရမလား
(10) Giving instructions ညွှန်ကြားချက်ပေးတဲ့အခါ
Come out and write it on the board. ကျောက်သင်ပုန်းရှေ့ထွက်လာပြီး ရေးပြပါ
Have you finished? ပြီးပြီလား
Can you all see the board? ကျောက်သင်ပုန်းကို မြင်လား
Whose turn is it to read? ဒါကို ဖတ်ဘို့ ဘယ်သူ့အလှည့်လဲ
Next one, please. နောက်တယောက်
Who hasn’t answered yet? ဘယ်သူ နားမလည်သေးဘူးလဲ
Let me explain what I want you to do next. နောက်လုပ်ရမယ့်ဟာကို ရှင်းပြမယ်
You have ten minutes to do this. ၁ဝ မိနစ် အချိန်ရမယ်
Your time is up. အချိန် ပြည့်ပြီ
Finish this by twenty to eleven. ၁၁ နာရီထိုးဘို့ မိနစ်၂ဝ အလိုမှာ ဒါ ပြီးရမယ်
Now we will go on to the next exercise. အခု နောက်လေ့ကျင့်ခဏ်းတခုကို သွားမယ်
For the last thing today, let’s ... ဒီနေ့အတွက် နောက်ဆုံးအနေနဲ့ .. (သီချင်းဆို) ကြရအောင်
Listen to the this, please. ဒါကို နားထောင်ပါ
Let’s sing a song. သီချင်းဆိုကြမယ်
Everybody, please. အားလုံး အားလုံး (ဆိုကြပါ)
All together now. အားလုံး ပြိုင်တူ (ဆိုမယ်)
The whole class, please. တတန်းလုံး (ဆိုမယ်)
(11) Supervision ညွှန်ကြားတဲ့အခါ
Look this way. ဒီဘက်ကိုကြည့်ပါ
Stop talking. စကားမပြောပါနဲ့
Listen to what ... is saying. ........ ဘာပြောနေတာလဲဆိုတာ နားထောင်ပါ
Leave that alone now. ခုတော့ အဲ့ဒါ ဒီအတိုင်း ထားထားလိုက်အုန်း
Be careful. သတိထားနော်
Work together with your friend. ကိုယ့်အဖော်နဲ့ အတူ လုပ်ကြည့်ပါ
Find a partner. အတူတွဲလုပ်မယ့်သူ ရှာပါ
Work in pairs အတွဲလိုက် လုပ်ရအောင်
Work in groups အုပ်စုလိုက် လုပ်ရအောင်
I want you to form groups. အုပ်စုတွေ ဖွဲ့ရအောင်
Form groups of three. ၃ ယောက်အဖွဲ့တွေ ဖွဲ့ရအောင်
There are too many in this group. ဒီအဖွဲ့မှာ လူတွေများနေတယ်
Can you join the other group? နောက်တခြားအဖွဲ့ကို သွားပေါင်းပါလား
Only three people in each group. ဒီအဖွဲ့မှာ ၃ ယောက်ပဲ ရှိနေတယ်
I asked for four people to a group. တဖွဲ့မှာ ၄ ယောက်လို့ ငါ ပြောထားတယ်လေ
Everybody work individually. တဦးချင်းစီ လုပ်ကြပါ
Work by yourselves. ကိုယ့်ဖာသာကိုယ် လုပ်ပါ
Work independently. လွတ်လွတ်လပ်လပ် လုပ်ပါ (သူများလုပ်တာမကြည့်နဲ့)
Ask other people in the group. အဖွဲ့ထဲက တခြားတယောက်ကို မေးပါ
Ask others in the class. အတန်းထဲက တခြားတယောက်ကို မေးပါ
Ask everyone in the class. အတန်းထဲက အားလုံးကို မေးကြည့်ပါ
(12) giving feedback to students: ကျောင်းသားတွေအပေါ် ပြန်ပြီး ဝေဖန်ချက်ပေးတဲ့အခါ
Yes, that’s right အဲ့ဒါ မှန်ပါတယ်
Fine. ကောင်းတယ်
Almost. Try again. အတော်နီးစပ်တယ် ထပ်လုပ်ကြည့်ပါအုန်း
Very good. သိပ်ကောင်းတယ်
That’s very good. အဲ့ဒါ သိပ်ကောင်းတယ်
Well done. ကောင်းတယ်
Very fine. သိပ် ကောင်းတယ်
That’s nice. အဲ့ဒါ ကောင်းတယ်
I like that. ကြိုက်တယ်
Marvellous! သိပ်ကောင်းတယ်
You did a great job. မင်းလုပ်ထားတာ တကယ် ကောင်းတာပဲ
Magnificent! သိပ်ကောင်းတယ်
Terrific! သိပ်ကောင်းတယ်
Wow! သိပ်ကောင်းတယ်
Jolly good! သိပ်ကောင်းတယ်
Great stuff! သိပ်ကောင်းတယ်
Fantastic! သိပ်ကောင်းတယ်
Right! မှန်တယ်
Yes! မှန်တယ်
Fine. ကောင်းတယ်
Quite right လုံးဝမှန်တယ်
That’s right. အဲ့ဒါမှန်တယ်
That’s it. အဲ့ဒါ အမှန်ပဲ
That’s correct. အဲ့ဒါမှန်တယ်
That’s quite right. အဲ့ဒါ လုံးဝမှန်တယ်
Yes, you’ve got it. ဟုတ်ပြီ ရပြီ မှန်ပြီ
You’ve got the idea. ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းသိပြီ
There’s nothing wrong with your answer. မင်းအဖြေက ဘာမှ မမှားပါဘူး
What you said was perfectly all right. မင်းပြောတာ လုံးဝပြည့်စုံတယ်
You didn’t make a single mistake. မင်းလုပ်တာ တခုမှ မမှားဘူး
That’s exactly the point. အဲ့ဒါ လိုချင်တဲ့ အဓိက အချက်ပဲ
That’s just what I was looking for. ငါ ရှာနေတာ အဲ့ဒါပဲ
Don’t worry about your spelling. စာလုံးပေါင်းကို စိတ်မပူနဲ့
Do you want a clue (hint)? ရိပ်ဖမ်းသံဖမ်း ပြောပေးရမလား
Don’t worry about your pronunciation. အသံထွက်ကို စိတ်မပူနဲ့
You have good pronunciation. မင်းကအသံထွက် တော်တယ်
Your pronunciation is very good. မင်းအသံထွက် သိပ်ကောင်းတယ်
You are communicating well. မင်းက ပြောတတ်ဆိုတတ် ဆက်ဆံတတ်တယ်
You speak very fluently. မင်းက လည်လည်ပတ်ပတ် ကောင်းကောင်း ပြောတတ်တယ်
You have made a lot of progress. မင်း အတော်လေး သိသိသာသာ တိုးတက်လာတယ်
You still have some trouble with pronunciation. အသံထွက်မှာ မင်း နည်းနည်း အခက်အခဲ ရှိနေသေးတယ်
You need more practice with these words. ဒီစာလုံးတွေကို ပိုပြီး လေ့ကျင့်ဘို့လိုမယ်
You’re getting better at it all the time. တကြိမ်ထက်တကြိမ် ပို ပို ကောင်းလာတယ်
(13) At the end of a session: အတန်းချိန် ကုန်တော့မယ့်အခါ
As I said earlier, ... ဆရာ စောစောက ပြောခဲ့တဲ့အတိုင်း
Let me sum up. အားလုံးကို အနှစ်ချုပ် ပါတော့မယ်
It’s time to finish. အဆုံးသတ်ဘို့ အချိန်ရောက်ပြီ
Let’s stop now. ဒီမှာတင် ရပ်ခွင့်ပြုပါ
Let’s check the answers. အဖြေတိုက်ကြရအောင်
Any questions? ဘာများမေးစရာ ရှိသေးလဲ
Collect your work please. အလုပ်တွေ သိမ်းပေတော့
Pack up your books. စာအုပ်တွေ သိမ်းပေတော့
Are your desks tidy? ကိုယ့် ခုံကိုယ် ရှင်းကြပါ
Don’t forget to bring your ........tomorrow. မနက်ဖြန် .... ယူလာဘို့ မမေ့နဲ့
Put your things away. ကိုယ့်ပစ္စည်းတွေ ကိုယ် သိမ်းကြ
Close your books. စာအုပ်တွေ သိမ်းကြ
Put your books away. စာအုပ်တွေ သိမ်းကြ
It’s tidy up time. အားလုံးစနစ်တကျ သိမ်းဆည်းကြဘို့ အချိန်ရောက်ပြီ
(14) Time to stop သင်္ခန်းစာ ရပ်တော့မယ့်အခါ
It’s almost time to stop. အဆုံးသတ်ရတော့ အချိန် ရောက်တော့မယ်
I’m afraid it’s time to finish now. အဆုံးသတ်ရတော့ အချိန် ရောက်ပြီ
We’ll have to stop here. ဒီမှာပဲ နိဂုံးချုပ်ရတော့မယ်
There’s the bell. It’s time to stop. ခေါင်းလောင်းထိုးပြီ ဒါ ရပ်ဘို့ အချိန်ပဲ
That’s all for today. ဒီနေ့အဖို့ ဒီလောက်ပါပဲ
(15) Not time to stop အချိန် မပြည့်သေးခင် သတိပေးတဲ့အခါ
The bell hasn’t gone yet. ခေါင်းလောင်းတောင် မထိုးသေးဘူး
There are still two minutes to go. အချိန် ၂ မိနစ်တောင် ကျန်သေးတယ်
We still have a couple of minutes left. အချိန် ၄ ၅ မိနစ်လောက် ကျန်သေးတယ်
Sit quietly until the bell goes. ခေါင်းလောင်းထိုးတဲ့အထိ ငြိမ်ငြိမ်လေး ထိုင်နေကြပါ
(16) Wait a minute ခဏစောင့်ဘို့ သတိပေးတဲ့အခါ
Hang on a moment. ခဏလေးစောင့်ပါ
Just hold on a moment. ခဏလေးစောင့်ပါ
Just a moment, please. ခဏလေးစောင့်ပါ
One more thing before you go. မသွားခင် တခုလောက် ပြောမယ်
(17) Next time နောက်တကြိမ်အတွက် သတိပေးတဲ့အခါ
We’ll do the rest of this chapter next time. ကျန်တဲ့အပိုင်းကို နောက်တခါမှ ဆက်လုပ်မယ်
We’ll finish this exercise next lesson. နောက်သင်္ခန်းစာကျမှ ဒီလေ့ကျင့်ခဏ်း အဆုံးသတ်မယ်
We’ve run out of time, so we’ll continue next lesson. အချိန်မရှိတော့ဘူး နောက်သင်္ခန်းစာကျမှ ဆက်လုပ်မယ်
We’ll continue this chapter next Monday. နောက် တနင်္လာနေ့မှ ဒီ ခေါင်းစဉ်ကို ဆက်ကြမယ်
(18) Homework အိမ်စာတွေ ပေးတဲ့အခါ (ရှိရင်)
This is your homework for tonight. ဒီဟာက ဒီညအတွက် အိမ်စာလေ့ကျင့်ခဏ်းပါ
Prepare the next chapter for Monday. တနင်္လာနေ့အတွက် နောက် ခေါင်းစဉ်သစ်ကို ကြည့်ထားပါ
There is no homework today. ဒီည အိမ်စာလေ့ကျင့်ခဏ်းမပေးပါ
Remember your homework. အိမ်စာ လုပ်ဘို့ မမေ့နဲ့နော်
(19) Leaving the room စာသင်ခန်းက ထွက်ခွာတဲ့အခါ
Line up. တန်းစီကြပါ
Line up and wait for the bell. တန်းစီပြီး ခေါင်းလောင်းထိုးတာ စောင့်ပါ
All of you get outside now! အားလုံး အပြင်ထွက်ကြပါ
Try not to make any noise as you leave. အခန်းထဲက အပြင်ထွက်တဲ့အခါ မဆူကြပါနဲ့
Be quiet as you leave (other classes are still working). (တခြားအတန်းတွေ စာသင်နေသေးတယ်)
တိုးတိုးတိတ်တိတ် ပြန်ကြပါ
(20) Goodbye အတန်းချိန်ကုန် / ကျောင်းဆင်းတဲ့အခါ နှုတ်ဆက်ရင်
(A student monitor announces: All stand up. Let’s pay gratitude.) Thank you, teacher. Good Bye.
Goodbye, everyone. အားလုံးကို နှုတ်ဆက်ပါတယ်
See you again next week. နောက်တပတ်မှ ပြန်ဆုံမယ်
See you tomorrow. မနက်ဖြန် ပြန်ဆုံမယ်
Have a good holiday. ပျော်စရာကောင်းတဲ့ အားလပ်ရက် ဖြစ်ပါစေ
Enjoy your vacation. အားလပ်ရက် ပျော်ကြနော်
Sayar U Myint Oo
Comments
Post a Comment