စာကြည့်တိုက်
#စာကြည့်တိုက်
စာကြည့်တိုက်တစ်ခုတွင် (B) ငါးလုံးမှာ မရှိမဖြစ်
လိုအပ်ပါသည်။
၁။ Books = စာအုပ်များ
၂။ Borrower = စာအုပ်ငှားဖတ်သူ
၃။ Budget = ရန်ပုံငွေ
၄။ Building =အဆောက်အဦး
၅။ Brain = စာကြည့်တိုက်မှူး
ဟူ၍ ဖြစ်ပါသည်။
ထို့အပြင် စာကြည့်တိုက်တစ်ခုဖြစ်ဖို့ "စာ"သုံးဆင့်
ကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။
၁။ စာစု
၂။ စာပြု
၃။ စာငှား ဟူ၍
အဆင့်သုံးဆင့် ရှိပါသည်။
၁။ စာစု ဆိုသည်မှာ
စာကြည့်တိုက်အတွက် စာအုပ်များများရရှိစေ
ရန်အတွက်-
(က) အလှူခံခြင်း။
( ခ) ကိုယ်တိုင်ဝယ်ယူခြင်း တို့ဖြစ်ပါသည်။
၂။ စာပြု ဆိုသည်မှာ
စာကြည့်တိုက်အတွက် စာအုပ်များကို စနစ်အ
တိုင်း ခွဲခြားရပါသည်-
(က) မျိုးတူစုခွဲခြင်း။
( ခ) ရည်ညွှန်းခွဲခြင်း။
( ဂ) စာနယ်ဇင်း၊ဝတ္ထု/ရုပ်ပြခွဲခြင်း တို့ဖြစ်ပါ
သည်။
(က) မျိုးတူစုခွဲခြင်းဟူသည်
(၁) ၀၀၀ = အထွေထွေ
(၂) ၁၀၀ = ဒဿနိကဗေဒ
(၃) ၂၀၀ = ဘာသာရေး
(၄) ၃၀၀ = လူမှုရေး
(၅) ၄၀၀ = ဘာသာစကား
(၆) ၅၀၀ = ရိုးရိုးသိပ်ပံ
(၇) ၆၀၀ = အသုံးချသိပ္ပံ
(၈) ၇၀၀ = အနုပညာ
(၉) ၈၀၀ = စာပေ
(၁၀) ၉၀၀ = ပထဝီ သမိုင်း
( ခ) ရည်ညွှန်းခွဲခြင်းဟူသည်
(၁) စွယ်စုံကျမ်းများ။
(၂) အနှစ်ချုပ်စာအုပ်များ။
(၃) အဘိဓာန်စာအုပ်များ။
(၄) လက်စွဲလက်စာအုပ်များ။
(၅) လမ်းညွှန်စာအုပ်များ။
(၆) အတ္ထုပတ္တိစာအုပ်များ။
(၇) ဂေဇက်တီးယား။
(၈) ရည်ညွှန်းစာအုပ်များ။
(၉) စာစုစာရင်းစာအုပ်များ။
(၁၀) မြေပုံများ။
( ဂ) စာနယ်ဇင်း၊ ဝတ္ထု/ရုပ်ပြခွဲခြင်းဟူသည်
(၁) သတင်းစာများ။
(၂) ဂျာနယ်များ။
(၃) မဂ္ဂဇင်းများ။
(၄) လုံးချင်းဝတ္ထုများ။
(၅) ရုပ်ပြစာအုပ်များ။
၃။ စာငှား ဆိုသည်မှာ
စာအုပ်ငှားဖတ်သူတို့အတွက် စာငှားကတ်နှင့်
စာအုပ်များအတွက် တစ်အုပ်ချင်းစီ၏စာငှား
ကတ်နှင့် ကတ်ထည့်ရန် ကတ်ထည့်အိတ် ပြု
လုပ်ထားရပါသည်။
ထိုစာအုပ်များကို တိုက်ပိုင်ထဲသို့ ထည့်သွင်း
မှတ်ပြီးလျှင်သူ့အုပ်စုနှင့်သူမှတ်သားထားပါ
စာအုပ်ရှာရအလွန်လျင်မြန်လွယ်ကူပါသည်။
စာကြည့်တိုက်၏အခြားနာမည်များ
- ကျောင်းစာကြည့်တိုက်များကို
"ကျောင်း၏အသည်းနှလုံး"
- တက္ကသိုလ်စာကြည့်တိုက်များကို
"အသံတိတ်တက္ကသိုလ်"
ဟူ၍လည်း ခေါ်ဆိုကြပါသည်။
ကြည်ဖြူ
Comments
Post a Comment