The Bird with Two Heads ခေါင်းနှစ်လုံးပါတဲ့ ငှက်
သားတို့ သမီးတို့ ဖတ်ဖို့
The Bird with Two Heads
ခေါင်းနှစ်လုံးပါတဲ့ ငှက်
Long, long ago, there lived a strange bird in a huge banyan tree. The tree stood beside a river. The strange bird had two heads, but only one stomach.
ဟိုးရှေးရှေးတုန်းက ညောင်ပင်ကြီးတစ်ပင်ထဲမှာ ထူးဆန်းတဲ့ငှက်တစ်ကောင် နေသတဲ့။ အပင်ကြီးဟာ မြစ်ကမ်းပါးမှာ ထီးထီးကြီးရှိတယ်။ အဲဒီထူးဆန်းတဲ့ငှက်မှာ ဦးခေါင်းနှစ်လုံးရှိပြီး ဗိုက်ကတော့ တစ်ခုတည်းသာ ပါတယ်ကွဲ့။
Once, while the bird was flying high in the sky, he saw an apple-shaped fruit lying on the bank of the river. The bird swooped down, picked up the fruit and began to eat it.
တစ်နေ့ ငှက်ဟာ ကောင်းကင်ယံထက် အမြင့်ပျံလာခိုက် မြစ်ကမ်းပါးမှာ တင်နေတဲ့ ပန်းသီးပုံစံ သစ်သီးတစ်လုံးကို တွေ့လိုက်တယ်။ ငှက်ဟာ အရှိန်နဲ့ ထိုးဆင်းလာပြီး သစ်သီးကို ကိုက်ချီလိုက်ကာ စစားတော့တယ်။
This was the most delicious fruit the bird had ever eaten.
As the bird had two heads, the other head protested, "I'm your brother head. Why don't you let me also eat this tasty fruit?"
သူစားဖူးသမျှထဲ အရသာအရှိဆုံး သစ်သီးဖြစ်နေသတဲ့ကွယ်။ ငှက်မှာ ခေါင်းနှစ်လုံးရှိသမို့ အခြားခေါင်းတစ်ခုက ထကန့်ကွက်လေတယ်။ "ငါဟာ မင်းရဲ့ ညီနောင်ခေါင်းပါကွာ။ ဒီအရသာရှိတဲ့ သစ်သီးကျ မင်းက ငါ့ကိုဘာလို့မကျွေးတာလဲ" တဲ့ကွယ်။
The first head of the bird replied, "Shut up. You know that we've only one stomach. Whichever head eats, the fruit will go to the same stomach. So it doesn't matter as to which head eats it. Moreover, I'm the one who found this fruit. So I have the first right to eat it."
"တိတ်စမ်း။ ငါတို့မှာ ဗိုက်တစ်ခုပဲ ရှိတာ မင်းသိသားပဲလေ။ ဘယ်ခေါင်းကပဲစားစား ဒီအစာဟာ ဒီဗိုက်ထဲကိုပဲ ရောက်သွားမယ့်ဟာ။ ဒါ့ကြောင့် ဘယ်ခေါင်းက စားတယ်ဆိုတာ အရေးမှမကြီးတာကွာ။ ပြီးတော့ ဒီအသီးကို မြင်တဲ့သူက ငါလေကွာ။ ဒါ့ကြောင့် ငါ အရင်ဆုံး စားခွင့်ရှိတာပေါ့ကွ" လို့ ငှက်ရဲ့ ပထမဦးခေါင်းက ပြန်ပြောသတဲ့။
Hearing this, the other head became silent. But this kind of selfishness on the part of the first head pinched him very much.
ဒါကိုကြားတော့ ဒုတိယဦးခေါင်းလည်း ခပ်မဆိတ်နေလိုက်တော့တယ်။ ဒါပေမယ့် ပထမဦးခေါင်း ဒီလိုတကိုယ်ကောင်းဆန်တာမျိုးကိုတော့ သူ အတော် စိတ်အနှောင့်အယှက်ဖြစ်သတဲ့ကွယ်။
One day, while flying, the other head spotted a tree bearing poisonous fruits. The other head immediately descended upon the tree and plucked a fruit from it.
တစ်နေ့တော့ ပျံသန်းနေတုန်း ဒုတိယဦးခေါင်းဟာ အဆိပ်ရှိတဲ့အသီးတွေသီးနေတဲ့ သစ်ပင်တစ်ပင်ကို တွေ့လိုက်တယ်။ ဒါ့ကြောင့် သူဟာ အဲဒီအပင်ပေါ်ကို ချက်ချင်းဆင်းချသွားပြီး သစ်သီးတစ်လုံးကို ခူးလိုက်လေတယ်။
"Please don't eat this poisonous fruit," cried the first head. "If you eat it, both of us will die, because we've a common stomach to digest it."
"အဆိပ်ရှိတဲ့ ဒီအသီးကို မစားပါနဲ့" လို့ ပထမဦးခေါင်းက အော်ပြောတယ်။ "နင်စားလိုက်ရင် ငါတို့နှစ်ယောက်လုံး သေမှာ၊ ဒီအစာကိုခြေချက်ဖို့ တို့မှာ ဗိုက်က တစ်ခုတည်းရှိတာဟ။"
"Shut up!" shouted the other head. "Since I've plucked this fruit, I've every right to eat it."
"တော်စမ်းပါ။ ငါ ခူးဆွတ်ထားတဲ့ အသီး ငါ စားခွင့်ရှိတယ်ကွ" လို့ ဒုတိယဦးခေါင်းက ပြန်အော်လိုက်သတဲ့။
The first head began to weep, but the other head didn't care. He wanted to take revenge. He ate the poisonous fruit. As a result, both of them died.
ပထမဦးခေါင်းက ငိုချလိုက်ပေမယ့် ဒုတိယဦးခေါင်းကတော့ ဂရုတောင်မစိုက်ဘူးကွယ်။ သူက လက်စားပြန်ချေချင်နေတာလေ။ အဆိပ်ရှိတဲ့အသီးကို စားလိုက်ပါလေရော။ ဒါ့ကြောင့် သူတို့နှစ်ခေါင်းစလုံး သေသွားကြပါသတဲ့ကွယ်။
Moral:
People living in the same family should never quarrel among themselves.
ဥပဒေသ။
တအိမ်တည်းနေကြသူ မိသားစုဝင်များ အချင်းချင်း အငြင်းမပွား အချင်းမများသင့်ကြပေ။
Crd from Dr.Soe Than
ဆရာ့အား လေးစားဦးညွှတ်လျှက်🙏🙏🙏
August 25, 2021
Comments
Post a Comment