CPD ဆိုတာ Board of Studies မဟုတ်ပါ...CPD လက်စွဲစာအုပ်က မော်ဂျူးများကို ဆွေးနွေးရန်သာ

 CPD ဆိုတာ Board of Studies မဟုတ်ပါ...CPD လက်စွဲစာအုပ်က မော်ဂျူးများကို ဆွေးနွေးရန်သာ

----------------------------

            ထက်မြက်တဲ့ ဆရာတွေဟာ သင်ကြားသင်ယူမှု ဆိုင်ရာ အကြောင်းအရာအသစ် မှန်သမျှကို စဉ်ဆက်မပြတ် လေ့လာတတ်ကြပါတယ်။ထူးချွန်ထက်

မြက်တဲ့ ဆရာတစ်ယောက် ဖြစ်

လာစေဖို့ အထောက်အကူပေးတဲ့ သင်ယူလေ့လာမှုတိုင်းကို စဉ်ဆက်မပြတ် ဆရာအတတ် ပ

ညာ ဖွံ့ဖြိုးတိုးတက်ရေး (Continuing Professional Development) အတိုကောက်အားဖြင့် CPD ဟုခေါ်ပါတယ်။ သင်ကြားရေးဆိုင်ရာ ဗဟုသုတတွေ နဲ့ ကျွမ်းကျင်မှုတွေ တိုးပွားလာအောင် လုပ်ဆောင်ခြင်းဟာ လုပ်ငန်းသဘာဝအရ ပြုလုပ်သင့်တဲ့ အရာတစ်ခုဖြစ်သလို ဆရာတစ်ယောက်အနေနဲ့ ပိုမိုတတ်သိကျွမ်း ကျင်လာစေပြီး အတွေ့ အကြုံနုသူများကိုပါ ကူညီပေးနိုင်လာမှာ ဖြစ်ပါတယ်

။ သင်ကြားနည်း အသစ်တွေနဲ့ ဗဟုသုတတွေ ကိုလည်း စဉ်ဆက်မပြတ် လေ့လာနိုင်လာမှာ ဖြစ်ပါတယ်။

                 ၂၀၁၉ခုနှစ်မှ စတင်ပြီး အလယ်တန်း နှင့် အထက်

တန်း သင်ရိုးညွှန်းတမ်းသစ်များကို ပညာသင်နှစ်အလိုက် စတင်သင်ကြားပေးခဲ့ပါတယ်။ သင်

ရိုးညွှန်းတမ်းသစ်ကို စတင်သင်

ကြားတဲ့အခါ သိထားရမည့်အ

ချက်တွေနဲ့ ဘယ်လိုသင်ကြား သင့်တယ် ဆိုတာကို လေ့လာဖို့အတွက် စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ်ဟာ အရေးကြီးလှပါတယ်။ ဒါကြောင့်  ကျောင်းတိုင်းဟာ CPD အစီအစဉ်ကို လစဉ် တစ်လတစ်ကြိမ် မိနစ် ၉၀ အချိန်ယူကာ မော်ဂျူးပါ အစီအစဉ်များအတိုင်း ဖတ်ရှူလေ့လာ၍ စီစဉ်ဆွေးနွေးမှုများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။


           ၂၀၂၀-၂၀၂၁ ခုနှစ်ကထုတ်ဝေဖြန့်ချိထားတဲ့ အခြေခံ

ပညာ အလယ်တန်းနှင့် အထက်

တန်းကျောင်းများ အတွက် စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး လက်စွဲ စာ

အုပ်ပါ CPD အစီအစဉ်သည် ၂၀၁၉ ခုနှစ်နှင့် မတူဘဲ အနည်း ငယ် ပြုပြင်ပြောင်းလဲထားသည်ကို တွေ့ရပါတယ်။ 


          CPD အစီအစဉ်ကို လုပ်

ဆောင်တဲ့အခါ ပြုလုပ်ရမယ့် အပိုင်း ၄ ပိုင်း ရှိပါတယ်။

        

         ၂၀၂၀-၂၀၂၁ ခုနှစ်ထုတ် လက်စွဲ စာအုပ်မှာ CPDအစီအစဉ် ပြုလုပ်ရမည့် အပိုင်း ၄ ပိုင်းကို ပြောင်းလဲထားသည်ကိုတွေ့ရပါသည် ။

             

                   အပိုင်း ၄ ပိုင်းမှာ -


အပိုင်း(၁)

အစပျိုးခြင်း


အပိုင်း(၂)

ချိတ်ဆက်သင်ကြားခြင်း


အပိုင်း(၃)

စီစဉ်ပါ၊သင်ကြားပါ၊

မိမိကိုယ်ကို ဆန်းစစ်ပါ


အပိုင်း(၄)

စူးစမ်းလေ့လာ အသုံးပြုပါ

 

တို့ ဖြစ်တာကို တွေ့ရပါလိမ့်မယ် ။

             

                   ယခင်နှစ် ၂၀၁၉ ခုနှစ်ကအတိုင်း  မော်ဂျူး(၈) ခုပါဝင်သော်လည်း မော်ဂျူးခေါင်းစဉ်များ ပြောင်းလဲထား

သည်ကို တွေ့ရမှာ ဖြစ်ပါတယ်  ။


                      ယခင်က CPD မှတ်တမ်း ထားရှိရမယ့် ပုံစံကို အတိအကျ မသိရသလို အသေး

စိတ်ဖော်ပြထားခြင်း မရှိသည့်အ

တွက် တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း အမျိုးမျိုး ထားရှိကြတာကို တွေ့ရမှာပါ ။

             

              ဒီနှစ်မှာတော့ ထားရှိရမယ့်မှတ်တမ်း ပုံစံ အတိအကျပါ ဖော်ပြပေးထားပါတယ် ။


(မော်ဂျူးများကို ဖတ်ပြီး အကျဉ်းချုပ် ရေးနေစရာ မလိုပါ)


                      အထူးသတိပြုရန်မှာ ယခုနှစ်အတွက် အခြေခံ

ပညာ အလယ်တန်းနှင့် အထက် တန်းဆင့်ကျောင်းများအတွက်  စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာဖွံဖြိုးတိုးတက်ရေး(CPD) လက်စွဲ စာအုပ်(၂၀၂၀-၂၀၂၁)

ပါ မော်ဂျူးအသစ် စာအုပ်အ

သစ် ကိုသာ အသုံးပြုပြီး Grade 6 မှသည် Grade 11 သင်ရိုးသစ်ထိ ပါဝင်သည့် သင်ခန်းစာများကိုသာ ချိတ်ဆက် ဆွေးနွေး ပြင်ဆင်ရမှာ ဖြစ်ပါတယ် ။


                      စဉ်ဆက်မပြတ် ဆရာအတတ် ပညာ ဖွံ့ဖြိုးတိုး

တက်ရေး လက်စွဲနှင့် မော်ဂျူးစာအုပ်သည် ၂၀၂၀−၂၁ ခုနှစ် အတွက် တစ်အုပ်ထဲသာဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းဆရာ၊ဆရာမများ အားလုံးအ

တွက် ဖြစ်ပါတယ်။


 (၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင်လည်း တစ်အုပ်သာ ထုတ်ဝေခဲ့ပါတယ်။)


                    CPD ကို ယခုနှစ် မော်ဂျူးများနှင့်သာ ပြုလုပ်ဆွေးနွေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အချုပ်အားဖြင့် CPD ဆိုတာ Board of Studies မဟုတ်ပါ...CPD လက်စွဲစာအုပ်က မော်ဂျူးများကို ဇွန်လမှစ၍ တစ်လလျှင် မော်ဂျူးတစ်ခုစီ အချိန်မိနစ် ၉၀ ယူကာ သင်ရိုးသစ်များနှင့် ချိတ်ဆက်ဆွေးနွေးရန်သာ ဖြစ်ပါကြောင်း။


          #Phyo Yar Zar Oo

  

            (June 30,2020)


အကိုးအကား-

* အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဆင့်ကျောင်းများအတွက် စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး(CPD) လက်စွဲ စာအုပ်သစ် (၂၀၂၀-၂၀၂၁)















Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ