"မှတ်သားလေ့လာစရာ လ,ရာသီ ဗဟုသုတလေးတွေပါ...”
"မှတ်သားလေ့လာစရာ
လ,ရာသီ ဗဟုသုတလေးတွေပါ...”
______________
တန်ခူးလ
ရာသီလအမည်= တန်ခူးလ
ရာသီအမည်= မိဿရာသီ
ရာသီပွဲတော်= သင်္ကြန်ပွဲ
ရာသီပန်း= ကံ့ကော်ပန်း
စန်းယှဉ်နက္ခတ်= စိတြနက္ခတ်
ရာသီရုပ် = ဆိတ်ရုပ်
တာရာ= တံငါတာရာ
ရက်= ရက်မစုံလ (၂၉ရက်)
ရက်ရာဇာ= ဗုဒ္ဓဟူးနှင့်သောကြာ
ပြဿဒါး= ကြာသပတေးနှင့်စနေ
နဂါးခေါင်း= အနောက်သို့လှည့်၏။
_______________________
ကဆုန်လ
ရာသီလအမည်= ကဆုန်လ
ရာသီအမည်= ပြဿရာသီ
ရာသီပွဲတော်= ညောင်ရေသွန်းပွဲတော်
ရာသီပန်း= စံကားပန်း
စန်းယှဉ်နက္ခတ်= ဝိသာခါနက္ခတ်
ရာသီရုပ် = နွားလားဥဿဘရုပ်
တာရာ= တံငါတာရာ
ရက်= ရက်စုံ (၃၀)ရက်
ရက်ရာဇာ= ကြာသပတေးနှင့်စနေ
ပြဿဒါး= ဗုဒ္ဓဟူးနှင့်သောကြာ
နဂါးခေါင်း= အနောက်သို့လှည့်၏။
_______________________
နယုန်လ
ရာသီလအမည်= နယုန်လ
ရာသီအမည်= မေထုန်ရာသီ
ရာသီပွဲတော်= စာတော်ပြန်ပွဲ
ရာသီပန်း= စံပယ်ပန်း
စန်းယှဉ်နက္ခတ်= ဇေဋ္ဌနှင့်မိဂသီ
ရာသီရုပ် = မိန်းမ၊ ယောက်ျားစုံတွဲရုပ်
တာရာ= မြင်းတာရာ
ရက်= ရက်မစုံ (၂၉)ရက်
ရက်ရာဇာ= အင်္ဂါနှင့်ကြာသပတေး
ပြဿဒါး= တနင်္ဂနွေ၊ တနင်္လာ
နဂါးခေါင်း= မြောက်ဘက်သို့လှည့်၏။
_______________________
ဝါဆိုလ
ရာသီလအမည်= ဝါဆိုလ
ရာသီအမည်= ကဋကဋ်ရာသီ
ရာသီပွဲတော်= ပဉ္စင်းခံပွဲတော်
ရာသီပန်း= ပုန်းညက်ပန်း
စန်းယှဉ်နက္ခတ်= ပြုဗ္ဗာသန်နက္ခတ်
ရာသီရုပ် = ပုစွန်လုံးရုပ်
တာရာ= ဗျိုင်းတာရာ
ရက်= ရက်စုံ(၃၀) ရက်
ရက်ရာဇာ= တနင်္ဂနွေနှင့်ဗုဒ္ဓဟူး
ပြဿဒါး= အင်္ဂါနှင့်ရာဟု
နဂါးခေါင်း= မြောက်ဘက်သို့လှည့်၏။
_______________________
ဝါခေါင်လ
ရာသီလအမည်= ဝါခေါင်လ
ရာသီအမည်= သိဟ်ရာသီ
ရာသီပွဲတော်= စာရေးတံမဲပွဲတော်
ရာသီပန်း= ခတ္တာပန်း
စန်းယှဉ်နက္ခတ်= သရဝဏ်နက္ခတ်
ရာသီရုပ် = ခြင်္သေ့ရုပ်
တာရာ= ဗျိုင်းတာရာ
ရက်= ရက်မစုံ(၂၉)ရက်
ရက်ရာဇာ= ဗုဒ္ဓဟူးနှင့်သောကြာ
ပြဿဒါး= ကြာသပတေးနှင့်စနေ
နဂါးခေါင်း= မြောက်ဘက်သို့လှည့်၏။
_______________________
တော်သလင်းလ
ရာသီလအမည်= တော်သလင်းလ
ရာသီအမည်= ကန်ရာသီ
ရာသီပွဲတော်= လှေပြိုင်ပွဲ၊ သစ်ဆင်းပွဲ
ရာသီပန်း= ရင်းမာပန်း
စန်းယှဉ်နက္ခတ်= ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်
ရာသီရုပ် = သမီးကညာရုပ်
တာရာ= ဗျိုင်းတာရာ
ရက်= ရက်စုံ(၃၀)ရက်
ရက်ရာဇာ= ကြာသပတေးနှင့်စနေ
ပြဿဒါး= ဗုဒ္ဓဟူးနှင့်သောကြာ
နဂါးခေါင်း= အရှေ့ဘက်သို့လှည့်၏။
_______________________
သီတင်းကျွတ်လ
ရာသီလအမည်= သီတင်းကျွတ်လ
ရာသီအမည်= တူရာသီ
ရာသီပွဲတော်= မီးထွန်းပွဲ
ရာသီပန်း= ကြာပန်း
စန်းယှဉ်နက္ခတ်= အဿဝတီနက္ခတ်
ရာသီရုပ် = ချိန်ခွင်ကိုင်ကုန်သည်ရုပ်
တာရာ= ကျီးတာရာ
ရက်= ရက်မစုံ (၂၉)ရက်
ရက်ရာဇာ= အင်္ဂါနှင့်ကြာသပတေး
ပြဿဒါး= တနင်္ဂနွေ၊ တနင်္လာ
နဂါးခေါင်း= အရှေ့ဘက်သို့လှည့်၏။
_______________________
တန်ဆောင်မုန်းလ
ရာသီလအမည်= တန်ဆောင်မုန်းလ
ရာသီအမည်= ဗြိစ္ဆာရာသီ
ရာသီပွဲတော်= ကထိန်ပွဲ
ရာသီပန်း= ခဝဲပန်း
စန်းယှဉ်နက္ခတ်= ကြတ္တိကာနက္ခတ်
ရာသီရုပ် = ကင်းမလက်မည်းရုပ်
တာရာ= ကျီးတာရာ
ရက်= ရက်စုံ (၃၀) ရက်
ရက်ရာဇာ= တနင်္ဂနွေနှင့်ဗုဒ္ဓဟူး
ပြဿဒါး= အင်္ဂါနှင့်ရာဟု
နဂါးခေါင်း= အရှေ့ဘက်သို့လှည့်၏။
_______________________
နတ်တော်လ
ရာသီလအမည်= နတ်တော်လ
ရာသီအမည်= ဓနုရာသီ
ရာသီပွဲတော်= စာဆိုတော်ပွဲ
ရာသီပန်း= သဇင်ပန်း
စန်းယှဉ်နက္ခတ်= မိဂသီနက္ခတ်
ရာသီရုပ် = လတစ်ပိုင်းမြင်းတစ်ပိုင်းလေးကိုင်ရုပ်
တာရာ= ဟင်္သာတာရာ
ရက်= ရက်မစုံ (၂၉)ရက်
ရက်ရာဇာ= ဗုဒ္ဓဟူးနှင့်သောကြာ
ပြဿဒါး= ကြာသပတေးနှင့်စနေ
နဂါးခေါင်း= တောင်ဘက်သို့လှည့်၏။
_______________________
ပြာသိုလ
ရာသီလအမည်= ပြာသိုလ
ရာသီအမည်= မကာရရာသီ
ရာသီပွဲတော်= မြင်းခင်းသဘင်ပွဲ
ရာသီပန်း= ခွါညိုပန်း
စန်းယှဉ်နက္ခတ်= ဖုသျှနက္ခတ်
ရာသီရုပ် = ရေထမ်းသမားရုပ်
တာရာ= ပုစွန်တာရာ
ရက်= ရက်စုံ (၃၀) ရက်
ရက်ရာဇာ= ကြာသပတေးနှင့်စနေ
ပြဿဒါး= ဗုဒ္ဓဟူးနှင့်သောကြာ
နဂါးခေါင်း= တောင်ဘက်သို့လှည့်၏။
_______________________
တပို့တွဲလ
ရာသီလအမည်= တပို့တွဲလ
ရာသီအမည်= ကုံရာသီ
ရာသီပွဲတော်= ထမနဲပွဲ
ရာသီပန်း= ပေါက် လဲ ပန်း
စန်းယှဉ်နက္ခတ်= မာဃနက္ခတ်
ရာသီရုပ် = ရေထမ်းသမား(မြူတာအိုးရာသီရုပ်)
တာရာ= ချိန်တာရာ
ရက်= ရက်မစုံ (၂၉) ရက်
ရက်ရာဇာ= အင်္ဂါနှင့်ကြာသပတေး
ပြဿဒါး= တနင်္ဂနွေ၊ တနင်္လာ
နဂါးခေါင်း= တောင်ဘက်သို့လှည့်၏။
_______________________
တပေါင်းလ
ရာသီလအမည်= တပေါင်းလ
ရာသီအမည်= မိန်ရာသီ
ရာသီပွဲတော်= သဲပုံစေတီပွဲ
ရာသီပန်း= သရဖီပန်း
စန်းယှဉ်နက္ခတ်= ဥတ္တရဖဂူနိနက္ခတ်
ရာသီရုပ် = ငါးနှစ်ကောင်ရုပ်
တာရာ= ဆံကျင်တာရာ
ရက်= ရက်စုံ (၃၀) ရက်
ရက်ရာဇာ= တနင်္ဂနွေနှင့်ဗုဒ္ဓဟူး
ပြဿဒါး= အင်္ဂါနှင့်ရာဟု
နဂါးခေါင်း= အနောက်သို့လှည့်၏။
ဆယ့်နှစ်လရာသီမိုး
-တန်းခူးမည်မှတ်ဖတ်စွတ်ရေတိုး
သင်္ကြန်မိုး၊
-ကဆုန်အတွင်းမြေသင်းပျံ့ပျံ့မိုးနှံ့နှံ့၊
-နယုန်မိုးသေးမြက်သားမွေး၊
-ဝါဆိုလပြောင်းမိကျောင်းဖွေးဖွေး
မိုးအေးအေး၊
-ဝါခေါင်တကြောင်း ထနောင်းကြောင်
ကျစ် ဆူးရစ်ပွင့်ကမိုးမရွာ၊ရွာပါ
သော်လည်းမိုးမသည်း။
-တော်သလင်းတိမ်ညို စဖိုသည်ဆင်းရဲ
မိုးမဆဲ၊
-သီတင်းကျွတ်တွင်ပလ္လင်ဆေးမိုးရွာ
သွန်းဖြိုး၊
-တန်ဆောင်မုန်းတွင်ဆီးနှင်းတဖြိုက်မိုး
တလိုက်၊
-နတ်တော်ရောက်ငြားမိုးသားမငြိမ်ဆင်
ရာတိမ်၊
-ပြာသိုချမ်းပြင်း ဆီးနှင်းရောယှက် နှမ်း
ပုံပျက်၊
-တပို့တွဲ နွှဲရွာခြင်း ကျန်မိုးကြွင်း၊
-တပေါင်းလည်းကူး မိုးသားကျူး။
ဖတ်မိမှတ်မိသမျှ စုပေါင်းစပ်ပေါင်း တင်ပေးလိုက်ပါသည်။ အသုံးဝင်ကြပါစေသောဝ်။ ။
#Credit; Original Uploader.
Comments
Post a Comment