#ခရီးစရိတ်ရေးဆွဲနည်း (TA Billဆွဲနည်း) #အမှုထမ်းများအတွက် နဲ့ #အရာထမ်းများအတွက် ဆိုပြီး ပုံစံသီးခြားစီရှိပါတယ်။အမှုထမ်းများအတွက် TF No.46 (Outer) Bill ကို အသုံးပြုရပါမယ်။ #အဓိကကတော့စာတိုင်တွေသေချာဖတ်ဘို့ပါ။ ၁။ TF No.46လို့ ရေးသားထားတဲ့ စာမျက်နှာ Establishment of ရဲ့နောက်မှာ မိမိအမည် ရာထူး နဲ့ ကျောင်း/ရုံးကိုရေးပြီး for the month of ရဲ့နောက်မှာ ကိုယ်ခရီးသွားခဲ့တဲ့ လ ကိုရေးရပါမယ်။ ၂။ Englishလိုရေးထားတဲ့ စာပိုဒ်အောက် ညာဘက်ထောင့်မှာ Head of Officeနေရာမှာ အလက ၊ အထက(ခွဲ)၊အထက ကျောင်းက ဆရာ ဆရာမများအနေနဲ့ ကျောင်းအုပ်ကြီးကို လက်မှတ်ထိုးခိုင်းပါ။ ၃။ နောက်ထပ် စာမျက်နှာမှာတော့ Establishment of ရဲ့နောက်မှာ မိမိအမည် ရာထူး နဲ့ ကျောင်း/ရုံးကိုရေးပြီး for the month ofရဲ့နောက်မှာ ကိုယ်ခရီးသွားခဲ့တဲ့ လ ကိုပြန်ရေးရပါမယ်။ ၄။ Name ဆိုတဲ့ စာတိုင်အောက်မှာ မိမိအမည်ကိုရေးပါ။ Designation and Head စာတိုင်အောက်မှာ ရာထူးနဲ့ ကျောင်းရုံးကို ရေးပါ။ Pay ဆိုတဲ့ စာတိုင်အောက်မှာ လစာနှုန်းထားကိုရေးပါ။Dateဆိုတဲ့ စာတိုင်အောက်မှာ ခရီးစတင်ထွက်ခွါရက်ကို ရေးပါ။ Routeဆိုတာ ခရီးလမ်းကြောင်းပါ။ From နဲ့ Toဆိုတာ ပါပါတယ်။ From ရဲ့အောက်မှာ Station နဲ့ Hour of Departure ဆိုတာ ပါပါတယ် ။ Station နေရာမှာ မိမိခရီးစတင်လာခဲ့တဲ့နေရာကို ရေးပါ ။ Hour of Departure နေရာမှာ ထွက်ခွါချိန်ကို ရေးပါ။To ဆိုတဲ့အောက်မှာလည်း Station နဲ့ Hour of arrival ဆိုတာ ပါပါတယ်။ Station နေရာမှာ မိမိသွားလို့ရောက်တဲ့နေရာကို ရေးပါ။ Hour of arrival နေရာမှာ ရောက်ချိန်ကို ရေးပါ။ Purpose of Journey နေရာမှာ ခရီးသွားရတဲ့အကြောင်းရင်းရေးပါ။ (ဥပမာ-ရာထူးတိုးခြင်း / ပြောင်းရွှေ့ခြင်း / သင်တန်းတက်ခြင်း.....စသည်ဖြင့်... ) Name of Conveyanceနေရာမှာ မိမိအသုံးပြုတဲ့ ယာဉ်အမျိုးအစားရေးပါ ။ (ဥပမာ-ကား ၊ ရထား ၊ ဆိုင်ကယ် ၊ လေယာဉ် )။#လေယာဉ်အသုံးပြုခွင့်ကဝန်ထမ်းများရရန်မလွယ်ပါ။ (မန္တလေးမှ ခန္တီးသို့ လေယာဉ်ဖြင့်သွားသော်လည်း #လေယာဉ်ခရီးဖြင့်ခရီးစရိတ်တင်မရပါ။ရေကြောင်းရှိသဖြင့် #ရေလမ်းခရီးဖြင့်သာ ရေးဆွဲရပါသည်။) No. of miles နေရာမှာ ခရီးမိုင်အကွာအဝေးရေးပါ။ ၅။ Allowances claimed အောက်မှာ Actual Expense,Daily Allowance,Railway fare,Steamer fare ဆိုပြီး လေးကွက်ရှိပါတယ် ။ Railway ရထားနဲ့ Steamer သင်္ဘောက သိပ်မသုံးတော့ပါဘူး။ပြောင်းလဲထားတဲ့ ညွှန်ကြားချက်အသစ်အရ အမှန်တကယ်ကုန်ကျစရိတ် Actual Expenseကို ခွင့်ပြုပါပြီ။ ဒါကြောင့် Actual Expense ဆိုတဲ့နေရာမှာ အမှန်ကားခ အမှန်ဆိုင်ကယ်ကယ်ရီခကို ရေးပေးပါ။( ယာဉ်စီးခ ဖြတ်ပိုင်းရယူသင့်ပါတယ်။ဆိုင်ကယ် ကယ်ရီခကို #လက်ရေးဖြင့်ရေးယူ၍ရပါတယ်။) Daily Allowance နေရာမှာ မိမိခရီးဟာ နေ့(၁၂)နာရီ မတိုင်မီစပြီး ည(၁၂)မကျော်ရင် ရေးစရာမလိုဘဲ ညအိပ်သွားရတဲ့ခရီးဖြစ်ရင် ကြာသလောက်ရက်ကို Rate နေရာမှာရေး Amountနေရာမှာ (၄၈၀၀) ထည့်ပါ။ ၆။ Total of each line ဆိုတာ စုစုပေါင်းချုပ်ခိုင်းတာပါ။ အဲ့ဒီအောက်မှာ- #ဝန်ထမ်းပစ္စည်းသယ်ယူစရိတ်ကို ခရီးလမ်းကြောင်းတစ်ခုချင်းစီ ကုန်ချိန်၊နှုန်းထားဖော်ပြပြီး ထည့်ပေါင်းပါ။ #အမှုထမ်းအထွက် ပိဿာချိန်(၄၈၀)ဆိုပေမယ့် မကျော်လွန်အောင် သတ်မှတ်ထားတာပါ။အပြည့်တွက်ပေးမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။အမှန်သယ်ယူစရိတ်ပဲ ပေးပါမယ်။ ပြီးရင် ကတိဝန်ခံချက် ရေးပါ။ #ဤခရီးကိုအမှန်တကယ်သွားခဲ့ပါသည်။ #ခရီးစရိတ်ကြိုတင်ထုတ်ယူမထားပါ။ #စရိတ်သက်သာသောယာဉ်များကိုသာအသုံးပြုခဲ့ပါသည်။ အမည် ၊ ရာထူး ၊ ကျောင်း/ရုံး ရေးပြီး လက်မှတ်ထိုးပါ။ အဆင်ပြေနိုင်ကြပါစေ။ ဦးသန်းငွေ မြို့နယ်ပညာရေးမှူး(ငြိမ်း) Crd

 





Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ