နေ့သင်တန်း(Day) မှ အဝေးသင် သို့ ပြောင်းလိုသူများ တစ်နှစ်စောင့်ရန်လုံးဝ(လုံးဝ)မလိုပါ။

 နေ့သင်တန်း(Day) မှ အဝေးသင် သို့ ပြောင်းလိုသူများ တစ်နှစ်စောင့်ရန်လုံးဝ(လုံးဝ)မလိုပါ။

ပြောင်းလိုသူများသည် ယခုနှစ် အဝေးသင်များ မေဂျာကျပြီး ကျောင်းအပ်လက်ခံမည့် အချိန်တွင် #Dayမှအဝေးသင်သို့ ပြောင်းရွေ့ဖောင် တင်ရပါမည်။

ယခုအချိန်တွင်ဘာမှလုပ်ထားစရာ မလိုသေးပါ။

ယခုမေဂျာကျထားသော မိမိအမည်ပါသည့် ဝင်ခွင့်စာရွက်အား Print ထုတ်ပြီးသိမ်းထားပါ (သို့မဟုတ်)ဝင်ခွင့်ကျ အမှတ်စဥ်အား မှတ်ထားပါ။


✅ Day မှ အဝေးပြောင်းရွေ့ဖောင်တင်ရန် လိုအပ်သော အချက်များ။

(၁) လိုင်စင်ပုံ ၈ ပုံ (နောက်ခံအပြာ၊ ကျား - အင်္ကျီအဖြူလည်ကတုံး၊ မ - ရင်ဖုံးအဖြူ၊ဆံပင်ကို နားရွှက်ပေါ်အောင်စည်း၊ သနပ်ခါး မလိမ်းထားရ။)

(၂) ကျောင်းသားအမည် နှင့် မွေးသက္ကရာဇ်

(၃) အောင်လက်မှတ် မိတ္တူ (၂)စောင်

(၄) အမှတ်စာရင်း မိတ္တူ (၂) စောင်

(၅) မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ (၂)စောင်။

(၆)ကျောင်းသားမှတ်ပုံတင်မိတ္တူ (၂)စောင်

(၇) အိမ်ထောင်စုစာရင်းမိတ္တူ(၂)စောင်

(၈) နေရပ်လိပ်စာ 

(၉) ဖုန်းနံပါတ် (ရပ်ကွက်၊အပြည့်အစုံ၊မြို့၊ရွာ၊ အတိအကျဖြည့်ရန်)

အထက်ဖော်ပြပါ အချက်များလိုအပ်ပါမည်။


#စိုင်းအောင်ခန့်



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ