၁။ CPD ဆိုတာဘာလဲ။
၁။ CPD ဆိုတာဘာလဲ။
CPD ဆိုတာ Continuous Professional Development စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ပါ။
၂။ CPD နဲ့စပ်လျဉ်းတဲ့ အတွေ့အကြုံ ရှိပါသလား။
ရှိပါတယ်။ ကျောင်းတွေမှာ ဆောင်ရွက်နေတဲ့ ဘာသာရပ်အဖွဲ့ဆွေးနွေးပွဲတွေ workshop တွေနဲ့ သဘောတရား အတူတူပါပဲ။
၃။ CPD ရဲ့ အဓိကပစ်မှတ်ကဘာလဲ။
သင်ရိုးသစ်အရ သင်ကြားရေးဖြစ်စဉ်တွေ
မှာ မရှိမဖြစ် မပါမဖြစ် သတ်မှတ်ထားတဲ့ သင်ကြားနည်းအဆင့်ဆင့် ( ITPR ) နဲ့သင်ရပါမယ်။
I-Introduction သင်ခန်းစာမိတ်ဆက်ပါ။စနစ်ဟောင်းကလို သင်ခန်းစာ ခေါင်းစဉ်မပြောခင် သင်ယူမှုရလဒ်တွေကို အရင်ဆုံးပြောပြရတာဟာ စနစ်သစ်ရဲ့သင်ကြားမှုစနစ် အပြောင်းအလဲပါ။
T -Teaching
သင်ကြားရာမှာလည်းကျောင်းသားဗဟိုပြုဖြစ်ပြီး pair work, group work နဲ့ project တွေလုပ်ပြီးသင်ရပါမယ်။
P -Practice
လေ့ကျင့်ခြင်းနဲ့
R-Review
ပြန်လည်သုံးသပ်ခြင်းတို့ပါ။
အချုပ်ပြောရရင် စာသင်ခန်းဟာ သက်ဝင်နေပြီး သင်တဲ့ဆရာ လျှာထွက်မယ့်စနစ်ဖြစ်ပေမယ့် ကျောင်းသားတွေအတွက်တော့ ရလဒ်ကောင်းတွေရမှာမို့ ဝမ်းသာစရာပါ။
၃။ စနစ်သစ်သင်ရိုးညွှန်းတမ်းကနေ ဘယ်လို ရလဒ်တွေရမှာလဲ။
21st century skills နဲ့ soft skills လို့ခေါ်တဲ့ 5C ရမှာပါ။
5Cs ဆိုတာ
1 C-Collabration အများနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှု
2 C-Communication အများနဲ့ဆက်သွယ်ဆောင်ရွက်နိုင်မှု
3 C-Critical thinking & Problem solving လေးနက်စွာ ဆန်းစစ်ဝေဖန်နိုင်မှုနဲ့ပြသနာဖြေရှင်းနိုင်မှု
4 C-Creativity & Innovation တီထွင်ဖန်တီးနိုင်မှု နဲ့ ဆန်းသစ်နိုင်မှု
5 C-Citizenship နိုင်ငံကြီးသားပီသမှု တို့ပဲဖြစ်ပါတယ်။✴✴✴✴✴✴
ချိတ်ဆက်ရမယ့် 21st Century Skills, Soft Skills ( 5 C ) များကို အကောင်အထည်ဖော်နိုင်ရေးအတွက်ပါပဲ။
၄။ CPD အစီအစဉ် ကျင်းပဖို့ စီစဉ်ပြင်ဆင်ရမယ့်သူက ဘယ်သူပါလဲ။
ကျောင်းအုပ်များပါ။ ဒါကြောင့် ထက်အုပ် လယ်အုပ် မူအုပ်များ အားလုံး CPD အစီအစဉ်ကို လေ့လာသိရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
၅။ CPD အစီအစဉ်မှာ တက်ရောက်ရမယ့်သူတွေက ဘယ်သူတွေပါလဲ။
ကျောင်းရှိ လယ်ပြများအားလုံး ထက်ပြများအားလုံးပါ။ ဖြစ်နိုင်ရင် မူလတန်းပြများပါ ထည့်သွင်းနိုင်ပါတယ်။
၆။ CPD အစီအစဉ်မှာ ဦးဆောင်ဆွေးနွေးရမယ့်သူက ဘယ်သူပါလဲ။
ဘာသာရပ်ခေါင်းဆောင် ဘာသာရပ်မှူးများ ဖြစ်ပါတယ်။
၇။ CPD အစီအစဉ်ကိုဘယ်အချိန်ကျင်းပကြမလဲ။
တစ်လတစ်ကြိမ်ပါ။ ပထမအကြိမ်ကို ကျောင်းဖွင့်ပြီး ဇူလိုင်လ
Comments
Post a Comment