စာသင်ခန်းအတွင်း E to E ပြောခြင်း
စာသင်ခန်းအတွင်း E to E ပြောခြင်း
***************************
Teacher: Good morning, class.
အားလုံးပဲ မင်္ဂလာနံနက်ခင်းပါ။
Class : Good morning , Teacher.
မင်္ဂလာနံနက်ခင်းပါ ဆရာ/မ ။
Teacher: Good afternoon, class.
အားလုံးပဲ မင်္ဂလာနေ့လယ်ခင်းပါ။
Class : Good afternoon , Teacher.
မင်္ဂလာနေ့လယ်ခင်းပါ ဆရာ/မ။
Teacher: How are you ?
သားတို့ သမီးတို့ နေကောင်းကြလား။
Class : Fine , thank you. And you?
ကောင်းပါတယ် ဆရာ/မ ။
ဆရာ/မ ရော နေကောင်းပါရဲ့လားခင်ဗျာ/ရှင်။
Teacher: Fine , thanks. Please sit down.
ကောင်းပါတယ်ကွယ်။ ထိုင်ကြပါ။
Teacher: Be quiet now, please.
ကျေးဇူးပြုပြီး တိတ်တိတ်နေကြပါ။
Teacher: I'll call your names.
ဆရာ/မ မင်းတို့နာမည်တွေ ခေါ်တော့မယ်။
Teacher: Let's see who's absent.
ဘယ်သူမလာတာလဲ ကြည့်လိုက်ကြပါအုံး။
Teacher: Where's Htoon Htoon ?
ထွန်းထွန်း ဘယ်မှာလဲ။
Student: Sorry , I don't know.
ကျွန်တော်မသိပါဘူးခင်ဗျာ/ရှင်။
Students: He's just coming.
သူလာနေပါပြီဆရာ/မ။
Student: He's coming in a minute.
ခဏနေ ရောက်(လာ)တော့မှာပါ။
Teacher : Right! Let's start our lessons.
ကောင်းပါပြီ။ သင်ခန်းစာတွေ စလိုက်ကြရအောင်။
Teacher : Stop talking and listen to me.
စကားမပြောတော့ဘဲ
ဆရာ/မ ပြောတာကို နားထောင်ကြပါ။
Teacher: Are you ready ? (or) Ready ?
ကဲ…အဆင်သင့်ဖြစ်ကြပြီလား။
Students: Yes, Teacher.
ဟုတ်ကဲ့။ အဆင်သင့်ပါပဲ ဆရာ/မ။
Teacher : Can you see the words on the blackboard well,class?
သင်ပုန်းပေါ်က စာတွေကောင်းကောင်းမြင်ကြရဲ့လား။
Class : Yes, we can. / No, we can't.
မြင်ရပါတယ်။ / မမြင်ရပါဘူး။
Teacher: Can you hear my voice well ? (or )
Can you hear me well ?
ဆရာ/မ ရဲ့အသံကို
မင်းတို့ ကောင်းကောင်းကြားရဲ့လား။
Students: Yes, we can. / No , we can't.
ကြားရပါတယ်။ / မကြားရပါဘူး။
Teacher: Do you understand the question?
မင်းတို့ မေးခွန်းကို နားလည်ကြလား။
Students: Yes, we do. / No, we don't.
နားလည်ပါတယ်။ / နားမလည်ပါဘူး။
Teacher: Do you understand the lesson?
မင်းတို့ သင်ခန်းစာကို နားလည်ကြရဲ့လား။
Student : I don't understand the lesson.
ကျွန်တော် နားမလည်ပါဘူး။
Teacher : Do you know what to do ?
မင်းတို့ ဘာလုပ်ရမလဲဆိုတာ သိကြာလား။
Student: I don't know what to do.
ဘာလုပ်ရမလဲ ကျွန်တော်မသိပါဘူး။
Teacher: I'll give you ten minutes to do this exercise. OK?
ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ ဆရာ/မ
မင်းတို့ကို ဆယ်မိနစ် အချိန်ပေးမယ်။ ဟုတ်ပြီလား။
Teacher : Can you do this exercise in ten minutes?
Can you finish this exercise in ten minutes?
မင်းတို့တွေ ဒီလေ့ကျင့်ခန်းကို ဆယ်မိနစ်အတွင်း
ပြီးအောင်လုပ်နိုင်ကြလား။
Class : Yes, Teacher.
လုပ်နိုင်ပါတယ် ဆရာ/မ။
Teacher: Have you copied everything down?
မင်းတို့တွေ ချကူးပြီးသွားပြီလား။
Teacher: Have you finished your exercise?
( or )
Have you done your exercise?
မင်းတို့ လေ့ကျင့်ခန်းပြီးပြီလား။
Class : Yes, Teacher. / Not yet , Teacher.
ပြီးပါပြီ ဆရာ/မ။ / မပြီးသေးပါဘူး ဆရာ/မ။
Teacher: Why aren't you doing your work , Sandar?
သမီးစန္ဒာ ဘာလို့မလုပ်ဘဲ နေနေတာလဲ။
Sandar : Because I'm not feeling well.
နေမကောင်းလို့ပါ။
I forgot to bring my pen.
ဘောပင်မေ့ကျန်ခဲ့လို့ပါ။
I left my exercise book at home.
အိမ်မှာ လေ့ကျင့်ခန်းစာအုပ် ထားခဲ့မိလို့ပါ။
Teacher: Why are you late, Tun Tun ?
ထွန်းထွန်း ဘာလို့ နောက်ကျနေတာလဲ။
Tun Tun : Because I got up late.
ကျွန်တော် အိပ်ယာထနောက်ကျသွားလို့ပါ။
Teacher: Why were you absent yesterday, Marlar?
သမီးမာလာ မနေ့က ဘာလို့မလာတာလဲ။
Malar : Because I had a fever.
သမီး ဖျားနေလို့ မလာတာပါ။
Because my mother was ill.
သမီးအမေ နေမကောင်းလို့ပါ ဆရာ/မ။
Teacher: Have you finished your homework?
Have you done your homework?
မင်းတို့ အိမ်စာတွေ လုပ်ပြီးပြီလား။
Class : Yes, Teacher. / Not yet , Teacher.
ပြီးပါပြီ ဆရာ/မ။ / မပြီးသေးပါဘူး ဆရာ/မ။
Teacher: Why haven't you done your homework, Mg Mg ?
သား မောင်မောင် အိမ်စာတွေ ဘာလို့မပြီးသေးတာလဲ။
Mg Mg: Because I forgot to do it.
ကျွန်တော် မေ့သွားလို့ပါ ဆရာ/မ။
Because I didn't understand the question, Teacher.
ကျွန်တော် မေးခွန်းကို နားမလည်လို့ပါဆရာ/မ။
……………………………………………………………...........
အကောင်းဆုံးသော
မေတ္တာ၊ဆန္ဒမွန်များဖြင့်
#crd
Comments
Post a Comment