ခဲတံကိုင်နည်

 ခဲတံကိုင်နည်း၊ အ​စောပိုင်းကာလတွင်က​လေးများ၏ ခဲတံဆုပ်ကိုင်မှုပုံစံနှင့် အသက်အရွယ်အလိုက်ဖွံ့ဖြိုးတိုးတတ်မှု


🖎ကလေး၏ကြွက်သားများနှင့်ကိုယ်ဟန်အနေအထားပိုမိုအားကောင်းလာသည်နှင့်အမျှကလေး၏ခဲတံကိုင်ခြင်းပုံစံသည်လည်းသဘာဝကျပြီး ဖွံ့ဖြိုးတိုးတက်လာသင့်ပေသည်။ 


🖎ကလေးများသည်ခဲတံကိုဆုပ်ကိုင်နိုင်ရန်အတွက် သင်ယူရင်း အသက်အရွယ်အလိုက်တိုးတတ်မှုအဆင့်ဆင့်တို့ကိုပုံတွင်ဖော်ပြပေးထားသည်၊၊ 


🖎အစောပိုင်းအရွယ်များ၌ခဲတံကိုမှန်ကန်စွာဆုပ်ကိုင်နိုင်မှုနှင့် ထိန်းချုပ်ခြင်း အားကောင်းမှုတို့သည်အရေးကြီးသည်။


🖎အ​စောပိုင်းကာလတွင် က​လေးများ၏ ကြွက်သားငယ်များဖွံ့ဖြိုးတိုးတတ်ရန်အတွက်အရင်ဆုံး​လေ့ကျင့်​ပေးမှသာ က​လေးများစာ​ရေးရန်အတွက်အဆင်သင့်ဖြစ်ပါမည်။


🖎ကလေးများစာရေးရန်အတွက်သူတို့၏ ကြွက်သားငယ် (Fine Motor) ဖွံ့ဖြိုးတိုးတတ်မှုကို အရင်ဆုံးရရှိရန်လိုအပ်ပါသည်။


🖎ကောင်းမွန်သောမော်တာစွမ်းရည်ကိုရရှိပြီးမှသာလျှင် ကလေး၏ စာရေးသားခြင်းတွင် ခဲတံကိုပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်စေမည်။ 


🖎က​လေး၏ကြွက်သားငယ်များဖွံ့ဖြိုးတိုးတတ်ပြီး စာ​ရေးဖို့အဆင်သင့်ဖြစ်ရန်အတွက် က​လေး၏ 

အ​စောပိုင်းကာလတွင် ​ဆေး​ရောင်ခြယ်ခြင်း၊ ပုံဆွဲခြင်း၊ စာအုပ်များတွင်​ရေးခြစ်ခြင်း၊ ဂျုံနယ်ခြင်း၊အိမ်တွင်ရှိ​သောသတင်းစာများ၊ စာရွက်အ​ဟောင်းများ ကိုစုတ်ဖြဲ​စေခြင်း၊ ကပ်​ကြေးနှင့်စာရွက်များကိုညှပ်ခိုင်းခြင်း၊ မျဉ်းဖြောင့်၊ မျဉ်ကွေးများ၊ ပုံများကိုညှပ်ခိုင်းခြင်း၊ မျဥ်း​ဖြောင့်၊ မျဥ်း​ကွေးများကို လိုင်းထပ်ဆွဲခိုင်းခြင်း နှင့်အစရှိသော (​ခြေရာ​ကောက်သည့်လှုပ်ရှားမှုများ (Tracing  Activities) ကဲ့သို့​သောလုပ်ဆောင်ချက်များကိုလုပ်ဆောင်ပေးရန်လိုအပ်သည်။


🖎ကြွက်သားများသန်မာလာပြီးမှန်ကန်သောခဲတံဆုပ်ကိုင်နိုင်စွမ်းကိုရရှိပြီးသည့်အခါ က​လေးသည်ခဲတံကို​ကောင်းမွန်စွာထိန်းချုပ်တတ်လာသည်။


# crd.




Comments

Popular posts from this blog

G12စနှစ်သစ်မေးခွန်းပုံစံ

Grade 5  English ဘာသာ သင်နည်း အနှစ်ချုပ်