ဆရာ/မ တွေအနေနဲ့ မိမိတို့၏ သင်ကြားရေးကို ကိုယ်ဘာသာဆန်းစစ်နိုင်မယ့် Tools
ဆရာ/မ တွေအနေနဲ့ မိမိတို့၏ သင်ကြားရေးကို ကိုယ်ဘာသာဆန်းစစ်နိုင်မယ့် Tools
=================================
သင်ကြားရေးနယ်ပယ်မှာ ရပ်တည်ကြမယ့်
ဆရာ/မအားလုံးအတွက် အရေးကြီးတဲ့ Continuous Professional Development
(CPD) နဲ့ ပက်သက်တဲ့ အချက် (၁၂) ချက်မှ
ပထမပိုင်းအနေနဲ့ (၆) ချက်အား ရှင်းလင်း
ချက်များနှင့် တကွ ဖော်ပြပေးသွားပါမည်။
1. Planning Lessons & Courses
ဒါကတော့ ဆရာ/မတို့ သိကြတဲ့အတိုင်း သင်ကြားရေးရဲ့ ပင်မအသက်သွေးကြောတစ်ခု
ပါပဲ။ နေ့စဉ်သင်မယ့် သင်ခန်းစာတွေပဲဖြစ်ဖြစ်၊ သင်တန်းတစ်ခုအတွက် အစီအစဉ်တွေ ချမှတ်ရ
မယ်ဆိုရင် အသေးစိတ်စီမံတတ်ဖို့က အရေးပါ
တဲ့ အနုပညာတစ်ရပ်ပါပဲ။
ဘာအတွက်ပဲ အစီအစဉ်ချရသည်ဖြစ်ဖြစ်၊
ဒီအချက်လေးတွေကို မဖြစ်မနေ ထည့်သွင်း
စဉ်းစားထားဖို့လိုပါတယ်။
✔️သင်ခန်းစာ၏ ရည်ရွယ်ချက် နဲ့ သင်ကြား
ရမယ့် အရာတွေ အတိအကျထုတ်ထားခြင်း။
✔️သင်ကြားသည့်အခါ ကြုံလာနိုင်မည့် ဖြစ်နိုင်
ချေပြဿနာများ နှင့် ဖြေရှင်းနိုင်မည့် နည်းလမ်း ကြိုတင်စဉ်းစားပြင်ဆင်ထားခြင်း။
✔️သင်ကြားသည့်အခါ ဘယ်လို activity
လုပ်မလဲ၊ ခုံတွေ ဘယ်လိုစီပြီး ကျောင်းသား
တွေကို တစ်ဦးစီလုပ်ခိုင်းမှာ လား၊ အဖွဲ့လိုက်
လား၊ ဘယ်လိုတွေ ပြင်ဆင်ကြမလဲဆိုတာ
တွေကို အသေးစိတ်စဉ်းစားပြင်ဆင်ထားခြင်း။
✔️ ကြိုတင်စီစဉ်ထားတဲ့အတိုင်းဖြစ်မဖြစ်ရယ်၊ ဘာတွေလိုအပ် သလဲဆိုတာကို ပြန်သုံးသပ်
တာမျိုးအတွက်ပါ အချိန်ပေးနိုင်ရန် စီစဉ်ထား
ခြင်း။
================================
2. Understanding Learners
ကျွန်မတို့ သင်ပေးမယ့် ကျောင်းသား/
သူတွေပာ ခံစားတတ်တဲ့ လူသားတွေဖြစ်တာကြောင့် သူတို့ကို အပြည့်အ၀နားလည်ဖို့ လိုပါတယ်။ နားလည်ဖို့ဆိုရာမှာ သူတို့ရဲ့ Age, Level
ဆိုတဲ့ အချက်တွေ အပြင် ဖော်ပြပါအချက်များ
ပါ မသိမဖြစ် သိဖို့လိုအပ်ပါတယ်။
✔️ကျောင်းသားတွေရဲ့ မိသားစုဆက်ဆံရေး အခြေအနေ။
✔️ လူမျိုးရေး နဲ့ ယုံကြည်ကိုးကွယ်မှုများ။
✔️ အိမ်မှာအသုံးပြုတဲ့ ဘာသာစကား အမျိုးအစား။
✔️ လွှမ်းမိုးနေတဲ့ အကျင့်စရိုက် နဲ့ သူတို့ရဲ့
ဥာဏ်ရည်ဥာဏ်သွေးအမျိုးအစား အစရှိတဲ့ ကျောင်းသားတွေနဲ့ ပက်သက်တဲ့ အချက်တို့ကို
သိရှိနိင်အောင် ဆရာအနေနဲ့ သိအောင် တစ်နည်း
မဟုတ် တစ်နည်းဖြင့် ကြိုးစားထားသင့်ပါသည်။
===============================
3. Managing the lesson
သင်ခန်းစာတစ်ခုကို သေချာပိုင်ပိုင်
နိုင်နိုင်သိရုံသာမကသေးဘဲ ထိရောက်အောင် ဘယ်လို activity သုံးပြီး သင်ကြားကြမလဲ၊
သင်ရမယ့် သင်ခန်းစာနဲ့ activity ချိတ်ဆက်မှု
ရှိအောင် ဘယ်လိုတွေလုပ်ကြမလဲဆိုတာပာ
ဆရာတစ်ယောက်ရဲ့ သင်ခန်းစာနဲ့ ပက်သက်ပြီး
စီမံခန့်ခွဲနိုင်တဲ့ အရည်အသွေးတစ်ခုပါပဲ။
အဲလိုအရည်အသွေးတွေနဲ့ ပက်သက်ပြီး တိုးတက်အောင်ဘယ်အရာတွေစဉ်းစားပြီး
လေ့လာရမလဲဆိုတာကို ဖော်ပြပါအချက်တွေ
ကို သေချာဖတ်ရှုပြီး စဉ်းစားဖြေဆိုပေးပါ။
✔️ ရှိရင်းစွဲသင်ထောက်ကူတွေကို သုံးပြီး သင်ခန်းစာတွေကို ထိရောက်အောင် ဘယ်လိုပြင်ဆင်ကြမလဲ။
✔️ Instructions ပေးတဲ့အခါ ပိုတိကျပြီး
နားလည်၊ မလည်ဆန်းစစ်နိုင်မယ့် ICQ/ CCQ
တွေကို ဘယ်လိုသုံးကြမလဲ။
(CCQ အကြောင်းသိချင်ပါက ဖော်ပြပါ video
လေးမှာ လေ့လာနိုင်ပါတယ်။https://www.facebook.com/CareforMyanmar/videos/299985367706394/ )
✔️ လေ့လာနေတဲ့ ကျောင်းသားတွေ အရှိန်
မပြတ်အောင် နဲ့ အရှိန်မြှင့်တင်အောင် ဘာတွေ
လုပ်ကြမလဲ။
✔️ အတန်းတွင်းလိုက်နာသင့်တဲ့ စည်းမျဉ်း
တွေကို ဘယ်လိုချမှတ်မှာလဲ၊ ကျောင်းသားတွေကော ကိုယ်ပြောတာ နားလည်ကျင့်သုံးဖို့
ဘယ်လိုအားပေးမှာလဲ။
✔️ ကြိုတင်ရေးဆွဲထားတဲ့ သင်ခန်းစာကို
လိုအပ်ရင် လိုအပ်သလို ပြောင်းလဲဖို့၊ ချိန်ညှိဖို့
ကိုကော ဘာတွေပြင်ဆင်ထားမှာလဲ။
==============================
4. Knowing the subject
ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုဆိုတာ
မရှိမဖြစ်လိုအပ်ကြောင်းကတော့ ဆရာ/မတွေအားလုံး လက်ခံထားတဲ့ အရာတစ်ခုပါပဲနော်။
တစ်ခ်ျို့ဆရာ/မတွေ ကျွန်မကို လာမေး
ကြတာရှိဖူးပါတယ်။ English လို မပြောတတ်
သေးပေမယ့် ကလေးကို Language Skills
ဘယ်လိုသင်ရမလဲဆိုတဲ့ အတန်းမျိုးကိုတက်
သင့်သလား ဆိုပြီး မေးကြပါတယ်။ တကယ်
တော့ ကိုယ်တိုင်တောင် English မရသေးရင်၊ English လို မပြောတတ်သေးရင် ကျောင်းသား
ကို Communicative Approach သုံးပြီး သင်ဖို့
ဆိုတာ အဆင်ပြေဖို့ လုံး၀မလွယ်ပါဘူးနော်။
အတိုင်းအတာတစ်ခုအထိ English Level
တစ်ခုလောက်ရှိဖို့လိုပါတယ်။
ဘာသာစကားဆိုတာ အလေ့အကျင့်နဲ့ အများ
ကြီးဆိုင်တာကြောင့် အကျင့်ဖြစ်သွားရင်
ပြောရဲ၊ရေးရဲဖြစ်သွားမှာပါ။
ကိုယ်သင်မယ့် Target Language ရဲ့ grammar, lexis, phonology, register, communication strategies, varieties အစရှိတဲ့အရာတွေကို
အရင် ဂဃနဏလေ့လာပြီးမှ ကျောင်းသားကို သင်ကြားပေးသင့်ပါတယ်။
=============================
5. Managing Resources
သင်ထောက်ကူတွေကို စနစ်တကျစီမံ
ခန့်ခွဲပြီး ထိရောက်အောင်လုပ်တတ်ခြင်းက
လည်း အနုပညာတစ်ခုပါပဲ။ Flashcardsတွေ
ပြင်ထားမယ်ဆိုရင်လည်း
- Unit အလိုက်တစ်နှစ်စာ ကြိုတင်ပြင်ဆင်
ထားမှာလား?
- Lesson Theme (Festival, Animal, Season etc)အလိုက် ပြင်ဆင်ထားမှာလား?
- တစ်နှစ်စာအသုံးပြုမယ့် videos, quizzes,
cue cards, chartsတွေကို ဘယ်လိုပြင်ဆင်
ထားမှာလဲ?
==============================
6. Assessing Learning
ကိုယ်က အရှေ့က သင်ရုံပဲ သင်ပြီး ကျောင်းသားတွေရဲ့ တတ်မြောက်မှုကို စစ်ဆေး
နိုင်ခြင်းမရှိဘူးဆိုရင် အချည်းနှီးပါပဲ။
- Skills တစ်ခုချင်းစီလိုက် assessment criteria တွေချပြီး ဘယ်လိုစစ်ဆေးမလဲ?
- စစ်တဲ့အခါကျရင်ကော စာမေးပွဲလိုမေးခွန်းလွှာကြီးပေးပြီး စစ်ရုံပဲလား?
- မသိမသာ စစ်ဆေးနိုင်တဲ့ ပုံစံတွေကိုကော
ဘယ်လိုလုပ်သွားမှာလဲ။
==============================
ဖော်ပြပါမေးခွန်းများအား အချိန်ပေးပြီး ဖြေဆို
ရင်း မိမိကိုယ်မိမိ coaching လုပ်ကြည့်ပါ။
(Ref- British Council's 12 Professional
Practices for Teachers)
With love,
Cho Nge
Comments
Post a Comment