မာကာ(Marker)အသုံးပြုနေသော ဆရာ/မများ သတိပြုရန်ပါ
မာကာ(Marker)အသုံးပြုနေသော
ဆရာ/မများ သတိပြုရန်ပါ။
Markerရဲ့ မှင်က အရက်ပျံလိုမျိုးအငွေ့ပျံစေတဲ့အရည်ပါ။ ထောင်ထားလိုက်ရင် မှင်တွေက ဖော့ရဲ့အာက်ခြေမှာစုနေပြီး ရေးလိုက်ရင်အစုလိုက်အပုံလိုက်ထွက်လာတတ်ပါတယ်၊ ပြီးတော့ ရေးပြီးရင်လဲ လွယ်လွယ်နဲ့မခြောက်ပဲ ဖျက်ရင်လဲ white boardမှာ မှင်တွေကျန်နေတတ်ပါတယ်။ ဒီလိုရေးရင် ခနလေးနဲ့ကုန်သွားမှာပါ၊ နောက်ပြီးမှင်ကလဲ တစ်ဘူး ၁၈၀၀တောင်လေ။
(ခုစျေးပိုတက်)
.....
နည်းစနစ်မှန်မှန်သုံးရင်
၁. အသစ်စက်စက်ကမှင်ထွက်အတိုင်းရပါတယ်။
၂. မှင်ကုန် သုံးဆလောက်သက်သာပါတယ်။
၃. မှင်ထွက်သပ်ရပ်ပြီး စာပဲရေးရေး၊ ပုံပဲဆွဲဆွဲအလွန်ကြည့်ကောင်းပါတယ်။
၄. ဖျက်လိုက်ရင် သပ်သပ်ရပ်ရပ်ရှိပါတယ်။ (ရေးပြီးလက်ညိုးနဲ့သုတ်ချလိုက်တောင် လက်ညှိုးကိုလဲမပေ၊ white board ပေါ်မှာလဲမကျန်ပါဘူး၊ ပုံဆွဲတဲ့အခါအရမ်းအဆင်ပြေပါတယ်၊ လက်ညိုးလေးနဲ့တို့လိုက်ရုံနဲ့ပျက်သွားပါတယ်)
၅. Marker Pen တစ်ချောင်းတည်းနဲ့ ထိပ်ဖျားအရမ်းကြီးတုံးသွားတာ၊ ဖွာသွားတာမရှိဘဲ တစ်နှစ်လုံးသုံးရပါတယ်။
😁😁😁
......
နည်းစနစ်ကတော့
၁. လှဲထားပါ။ (👈👈 🚨🚨🚨 ဘဲရီးအင်ပေါ့တန့် 😁)
၂. အဖုံးကိုလုံအောင်ပိတ်ပါ။ (အဖုံးမလုံရင် penရဲ့ထိပ်မှာ မှင်တွေခြောက်ပြီး မာ..ခဲသွားလို့ ကောင်းကောင်းသုံးမရပါဘူး)
၃. မှင်ကိုအရောင်ဖျော့ဖျော့မှိန်လာတဲ့အထိမထားပဲ မှင်ကိုမှန်မှန်ထည့်ပါ။ (အရောင်ဖျော့တဲ့အထိဖိရေးနေရင် အဖျားဖွာလာပြီး ရေးမကောင်းတော့ပါဘူး)
၄. မှင်ထည့်တဲ့အခါ ဘူးထဲကစုတ်တံလေးနဲ့ နှစ်ခါလောက်ဆိုရပါပြီ။
၄. အဖျားဖွာပြီးသားဖြစ်နေရင် ကတ်ကြေးနဲ့ အဆင်ပြေတဲ့ပုံစံဖြစ်အောင် ပြန်ကိုက်ထုတ်ပါ။
ဟုတ်ကဲ့ သေချာသုံးတတ်ရင်ဖြည့်ပြီးသုံးလဲ အသစ်စက်စက်မှာပါတဲ့မှင်ထွက်အတိုင်းရပါတယ်ခင်ဗျ။
....
ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။.လိုအပ်မယ်ထင်တာလေးပါ ။
ရေးသားသော ဆရာအား လေးစားလျက်ပါ
Comments
Post a Comment