Lesson Plan ရေးသားနည်း
#စိမ်းလဲ့ရေးသည်။
Lesson Plan ဆိုတာ လူကြီးအတန်းသင်သည်ဖြစ်စေ
ကလေးတန်းသင်သည်ဖြစ်စေ
ဘာသာရပ်မရွေး
စာသင်ကြားတဲ့သူတိုင်း စာမသင်ခင် Plan အနေနဲ့
ဆွဲသင့်တာပါ
အဓိကအချက်တွေဖြစ်တဲ့
*Topic
*Class Objectives
* Procedure
*Time Management
*Student practice
စသဖြင့် ဒီအချက်တွေပါအောင်ဆွဲရပါမယ်
Lesson topics ဟာ
တိုတိုရှင်းရှင်း clear ဖြစ်နေရပါ
မယ်
Lesson Topic ကိုကြည့်ချင်းဖြင့် ဘာကိုသင်မယ်ဆိုတာသိနေတာမျိုးဖြစ်အောင်ရေးရပါမယ်
Objectives ဟာ Lesson Plan မှာအဓိက အရေးကြီးပါတယ်
သူက lesson တခုစီတိုင်းမှာ
ဘာကို Focus ထားပြီး သင်တယ်ဆိုတာကိုပြတာပါ
သင်ခန်းစာတခု သင်ပြီးသွားရင်သင်ကြားသူဆရာအနေနဲ့
students တွေဘာကိုတတ်မြောက်သွားစေချင်တယ်
ဆိုတဲ့ Objective ရှိရပါမယ်
Lesson Sequence
ပါအောင်ရေးရပါမယ်
ဒါမှ ပထမဆုံးအနေနဲ့ ဘာသင်မယ်
ပြီးရင် ဘာပြီးဘာသင်မယ်
စသဖြင့် lesson တခုကိုသင်ကြားမဲ့အဆင့်တွေ
step-by-step ရေးရပါတယ်
သူ
ဥပမာအားဖြင့်
ပထမဆုံးအဆင့်အနေနဲ့
ကျောင်းသားတွေကို သူတို့ ကြိုက်တဲ့အစားအစာ English လို ဘယ်လိုပြောလည်းမေးမယ်
ပြီးရင် ဒီနေ့ ဘာတွေစားခဲ့လဲEnglish လိုပြောခိုင်းမယ်
နောက်ဆုံး သူတို့မနက်စာ စားတဲ့အကြောင်း Filling the blank Activities လေးလုပ်ခိုင်းမယ်စသဖြင့်....
Lesson Plan ရဲ့ procedure ကိုမြင်လိုက်တာနဲ့
အဆင့်တခုစီမှာ ဘယ်လိုသင်ကြားရမယ်ဆိုတာကို မြင်နိုင်အောင်ရေးသားဖို့လိုပါတယ်
Time management ကလည်း Lesson plan ဆွဲရာမှာအဓိက ကျပါတယ်
သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအတွင်း
တတ်အောင်သင်ကြားရမှာဖြစ်လို့ပါပဲ
Practice ဟာလည်းအရေးကြီးပါတယ်
ဆရာ သင်ထားတာကို ကျောင်းသားတွေ မှတ်မိအောင် လေ့ကျင့်ပေးရမှာဖြစ်လို့..
ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေပေးမယ်
ဘယ်လို လေ့ကျင့်မယ်ဆိုတာအရေးကြီးပါတယ်
ဆရာတယောက်ဟာသူသင်ထားတဲ့ lesson တွေကို ကျောင်းသား နားလည်မလည်အကဲခတ်တဲ့အခါ လေ့ကျင့်ခန်းပေးပြီး လုပ်ခိုင်းစေခြင်း
ဖြင့် သူသင်ထားတာကို သဘောပေါက် နားလည်ခြင်း
ရှိမရှိ အကဲခတ်လို့ရပါတယ်။
(နာမည်ဖြုတ်ပြီး Copy ယူခြင်း
နာမည်ဖြုတ်ပြီး Credit လို့ရေးခြင်းခွင့်မပြုပါ)
Comments
Post a Comment