မူလတန်းအောက်ဆင့်(G-1မှG-3ထိ) ဇွန်လမှမတ်လအထိ(၁၀)လစာ၏ပျမ်းမျှရမှတ်အဆင့်နှင့် ပူးတွဲ၄(က)ပညာရည်အကဲဖြတ်မှတ်တမ်း၏ပျမ်းမျှရမှတ်အဆင့်ပြုလုပ်ထားတဲ့နမူနာ
မူလတန်းအောက်ဆင့်(G-1မှG-3ထိ)
ဇွန်လမှမတ်လအထိ(၁၀)လစာ၏ပျမ်းမျှရမှတ်အဆင့်နှင့်
ပူးတွဲ၄(က)ပညာရည်အကဲဖြတ်မှတ်တမ်း၏ပျမ်းမျှရမှတ်အဆင့်ကို မိိမိဘာသာကြိုးစားရှာဖွေထားတာပါ။
"A,S,E-ရမှတ်အဆင့်တွက်နည်း"
~~~~~~~~~~~~~~~~~~~
(1)မှတ်မှ(39)မှတ်ထိ-------------Eအဆင့်
(40)မှတ်မှ(74)မှတ်ထိ-----------Sအဆင့်
(75)မှတ်မှ(100)မှတ်ထိ---------Aအဆင့်
ပျမ်းမျှရှာရန်ပုံသေနည်း=ကိန်းအားလုံးကိုပေါင်း÷ကိန်းလုံးအရေအတွက်
ထို့ကြောင့် E၏ပျမ်းမျှရမှတ်=(1+2+3+..................+39) ÷39= 20
S၏ပျမ်းမျှရမှတ်=(40+41+42+............+74) ÷35= 67
A၏ပျမ်းမျှရမှတ်=(75+76+77+............+100) ÷26= 86
ထို့နောက် လေးကြိမ်(သို့) ၁၀ကြိမ်စာရှာမည်ဆိုပါက A,S,Eကိုပတ်လည်စီပါ
ဥပမာ-လေးကြိမ်စာအတွက်ရှာမည်ဆိုပါက
A+A+A+A , A+A+A+S , A+A+A+E စသည်ဖြင့် 4ခုစီ စီပါ။
ထိုသို့စီပြီး A,S,Eပျမ်းရမှတ်များထည့်ပေါင်းကာ 4ဖြင့်စားပါ။
ရလာသောအဖြေသည် (39)နှင့်အောက်ဖြစ်ပါက------Eအဆင့်
(74)နှင့်အောက်ဖြစ်ပါက------Sအဆင့်
(75)နှင့်အထက်ဖြစ်ပါက------Aအဆင့်
10ကြိမ်စာအတွက်ရှာမည်ဆိုပါက10ခုစီ စီ၍ A,S,Eပျမ်းမျှရမှတ်များထည့်ပေါင်းကာ 10ဖြင့်စားပြီး ရလာသောအဖြေသည် လေးကြိမ်စာအတိုင်းသတ်မှတ်သည်။
မှတ်ချက်။ ။4ခု(သို့)10ခုအတွက်စီရာတွင် စီပြီးသားအကြောင်းနှင့် မတူ
အောင်အထူးဂရုပြုပါ။မိမိဘာသာကြိုးစားရှာဖွေထားခြင်းဖြစ်သည့်အတွက် အမှားပါကောင်းပါနိုင်သည်။အကြံပြုလိုက ပြုနိုင်ပါသည်။
စေတနာများစွာဖြင့် ..................
မြတ်နိုးသူ(ပညာရေး)
Comments
Post a Comment