နိုင်ငံတကာစာတတ်မြောက်ရေးနေ့ မြန်မာနိုင်ငံ၏ ( စာမတတ်သူပပျောက်ရေးနေ့ )

 နိုင်ငံတကာစာတတ်မြောက်ရေးနေ့

မြန်မာနိုင်ငံ၏ ( စာမတတ်သူပပျောက်ရေးနေ့ )




























*ကိုးကားနိုင်ပါရန်*


၁။ စက်တင်ဘာ ၈ ရက်နေ့သည်

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ 

၂။ စက်တင်ဘာ ၁၅ ရက်နေ့သည်

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီ နေ့။

တို့ဖြစ်ပါသည် ။


စက်တင်ဘာလ(၈)ရက်နေ့ သည်

နိုင်ငံတကာစာတတ်မြောက်ရေးနေ့

တစ်ကမ္ဘာလုံးဆိုင်ရာစာတတ်မြောက်ရေးနေ့

ဖြစ်ပါ သည် ။ 


၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင်

ကုလသမဂ္ဂပညာ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ 

( ယူနက်စကို) က ကြီးမှူးပြီး အီရန်နိုင်ငံ၊

တီဟီရန်မြို့တွင် နိုင်ငံတကာ စာတတ်မြောက်ရေး

ကွန်ကရက်ကို ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၈၉) နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။ 


ဒီကွန်ဂရက်ကို ၁၉၆၅ ခုနှစ်၊

စက်တင်ဘာလ ၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ

ကျင်းပခဲ့ပါတယ်။ 


စက်တင်ဘာလ ၈ ရက်နေ့ကို

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အဖြစ် 

သတ်မှတ်ခဲ့ကြောင်း လေ့လာသိရှိရပါတယ် ။ 


စာတတ်မြောက်ရေးနေ့ရဲ့ ရည်ရွယ်ချက်


" စာမတတ်သူ ပပျောက်ရေးအတွက်

နိုင်ငံအသီးသီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့်

စာမတတ်သူ လျော့နည်းပပျောက်ရေးအတွက်

အင်တိုက်အားတိုက် ဆောင်ရွက်ကြရန် .... " 

ဖြစ်ပါတယ်။


'အ'သုံးလုံး ဟူသည်

-အရေး၊အဖတ်၊ အတွက် ဟူသော 'အ'သုံးလုံး။

-ရေးခြင်း၊ ဖတ်ခြင်း၊ တွက်ခြင်းဟူသော ပညာရေး။

-တောနေပြည်သူ၊ ဆင်းရဲသားအများစုကို၊

စာသင်ပေးခြင်း။

-စာမတတ်သူ၊ ဘဝအလင်းမခံစားရရှာသူများအား

တက္ကသိုလ်လူငယ်ကျောင်းသားများက

 စေတနာဖြင့် ကျေးဇူးဆပ်ခြင်း။

-ဤသို့သော မွန်မြတ်သည့်အလုပ်၊

ကမ္ဘာကျော်သည့်မှတ်တမ်း။

-ပြည်သူအပေါင်းနှစ်ထောင်းအားရ

ကြိုဆိုလက်ခံခဲ့ကြသော 'အ'သုံးလုံးစီမံကိန်းကြီး။


ဆရာကြီး ဦးသံဗျင်(၁၉၀၄-၁၉၉၇)

ဆရာကြီး ဦးသံဗျင်သည် ပညာရေးဝန်ကြီးဌာန

အထူးအရာရှိတစ်ဦး ဖြစ်၏။

၁၉၆၄ ခုနှစ် နွေရာသီတွင် မိတ္ထီလာမြို့နယ်

အရှေ့စံပြကျေးရွာ၌ စာမတတ်သူပပျောက်ရေး

စမ်းသပ်လုပ်အားပေးလုပ်ငန်းကို

ကျောင်းဆရာ (သင်တန်းသား) လေးဦးဖြင့်

စတင်ဆောင်ရွက်ခဲ့၏။

ထို့နောက် (ထိုစဉ်က) ပညာရေးဝန်ကြီး

 ဗိုလ်မှူးကြီးလှဟန်သို့ အစီရင်ခံခဲ့၏။

၁၉၆၄ မှ ၁၉၆၈ ထိ မြို့နယ်အချို့တွင်

စမ်းသပ်ဆောင်ရွက်ခဲ့၏။

ယင်းအတွေ့အကြုံများမှ တစ်ဆင့်

တစ်နိုင်ငံလုံးစာတတ်မြောက်ရေးလူထုလှုပ်ရှားမှုကြီး

ပေါ်ပေါက် လာပါ၏။ ဆရာကြီး ဦးသံဗျင်

အခြေခံခဲ့သော လုပ်ငန်းဖြစ်ပါသည်။


အသုံးလုံးလူထုလှုပ်ရှားမှုကြီး၏

အောင်မြင်မှုကို ကမ္ဘာကပင် အသိအမှတ်ပြုခဲ့ပါ၏။

ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုက (၁၉၇၁)ခုနှစ်တွင်

မိုဟာ မက်ရီဇာပါလာဗီဆု ချီးမြှင့်ခဲ့၍

သမိုင်းသက်သေဖြစ်ပါပေ၏။


စာမတတ်သူများ ပပျောက်ရေး 'အ' သုံးလုံး စီမံချက် လုပ်ဆောင်ချက်များကို ၁၉၆၄-၁၉၈၄ အထိ လုပ်အားပေး ၅သိန်းကျော်ဖြင့် သင်ကြားပေးခဲ့သည်။


ဝ ထ က လ သ


မြန်မာ့ရုပ်ရှင် ဒါရိုက်တာဦးသုခ၏

(ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ဝင်တေးတစ်ပုဒ်


ညမှာထိန်လင်း လပြည့်ဝန်းလို ရေမယ်ဆိုတော့

ဝ ဆိုသတဲ့ ဦးကြီးရဲ့

အရေး အဖတ် အတွတ် မြတ်ပညာ အမြဲတိုးတတ်လာ


ဝ ကို နှစ်လုံးပူးလျက်သုံးက ထ ခေါ်သဗျ ဒေါ်ကြီးရဲ့

အရေး အဖတ် အတွတ် မြတ်ပညာ အမြဲတိုးတတ်လာ


ထ ကို အောက်ဖျက်အသံထွက်ကိုကခေါ်သဗျဦးကြီးရဲ့

အရေး အဖတ် အတွတ် မြတ်ပညာ အမြဲတိုးတတ်လာ


ထ စာလုံးကို ဘယ်မှာအောက်ကဖျက်

ညာမှာအထက်ကဖျက်တော့ လခေါ်သဗျ ဒေါ်ကြီးရဲ့

အရေး အဖတ် အတွတ် မြတ်ပညာ အမြဲတိုးတတ်လာ


ထ စာလုံးကို ဘယ်မှာသေးဖွင့် ညာမှာထက်ဖွင့်ကို

သ ခေါ်သတဲ့ ဦးကြီးရဲ့

အရေး အဖတ် အတွတ် မြတ်ပညာ အမြဲတိုးတက်လာ


ဦးဦးခေါ်ခေါ် အခေါ်ဝေါ် မလွဲတူအောင်သာ

ခေါ်တဲ့အခါ ဆိုကြပါကြ ဝ ထ က လ သ

ခေါ်တဲ့အခါ ဆိုကြပါကြ ဝ ထ က လ သ


ပညာရေးဟာ အဓိကပါ ဒို့ကြိုးစားမှာ

ဒို့ကိုလဲ ပညာလိုချင် ပညာသင်ရေး လုံးလုံးကျမှ

အမြဲပင် မမေ့စရာ အမြဲပင် မမေ့စရာ

ပြည်သူများရဲ့ အဓိကအရေးက ပညာသည်သာ

ဆောင်ကြအောင်သာ ဒို့ကြိုးစားမှာ ဒို့ကြိုးစားရမှာ

အရေး အဖတ် အတွတ် မြတ်ပညာ အမြဲတိုးတက်လာ

အရေး အဖတ် အတွတ် မြတ်ပညာ အမြဲပင်တိုးတက်လာ

#credit


Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ