ရိုက်ပါ မသတ်ပါနဲ့

 ရိုက်ပါ မသတ်ပါနဲ့

---------------------

      အခုဆို ဆယ်စုနှစ်တစ်ခုရှိတော့မယ်ထင်ပါတယ်။  ဆရာ/ မ အတော်များများက တပည့်ကိုရိုက်ပြီးဆုံးမ

ဘို့ အတော်ဝန်လေးကြတယ် ။ ဝန်မလေးလို့လည်း

မဖြစ် --ဘယ်သူ  ဘယ်မူက စလိုက်တယ်မသိ - လူ့အ

ခွင့်ရေးလိုလို -- ကလေးသူငယ်အခွင့်အရေးလိုလို -

ပညာရှင်တချို့ရဲ့သုံးသပ်ချက်နဲ့အတူ " ဆရာသည်

တပည့်ကိုမရိုက်ရ"  ဆိုတဲ့ စည်းကမ်းချက်ကလည်း 

ထုတ်ပြန်ထားသည် ။  ကျယ်ပြန့်သော social media

နဲ့အတူ ထစ်ကနဲရှိ  fb ပေါ်တင်  ဟိုအော် ဒီအော် အ

ရေးယူပေးပါဆိုသော မိဘကလည်းရှိပြန်တော့ ဆရာ

တွေ  တပည့်ကိုမရိုက်ရဲကြတော့တာလည်း အပြစ်မ

ပြောသာ ---။

      သို့သော် ---ဤနေရာတွင် ကျွန်တော်တို့ပြန်လည်

စဉ်းစားကြရပါလိမ့်မည် ။

     လောကနိယာမအရ -တစ်စုံတစ်ရာသောအပြစ်ကို

ပြုသူသည် -တစ်စုံတစ်ရာသောအပြစ်ပေးခြင်းကိုပြန်

လည်ခံစားရမည်ဖြစ်ပါသည် ။ထိုသို့မဟုတ် အပြစ်ပြု

သူသည် ပြစ်ဒဏ်မခံရဆိုပါက  ထိုအပြစ်မျိုး  - ထိုထက်ဆိုးသောအပြစ်မျိုးကို ထပ်ခါထပ်ခါကျူးလွန်ကြ

မည်ဖြစ်ပါသည် ။ 


*ဆရာသည်ကျောင်းစည်းကမ်းနှင့်ပတ်သက်၍ဖြစ်

   စေ

* သင်ကြားသင်ယူမှုစည်းကမ်းနှင့်ပတ်သက်၍ဖြစ်စေ

တပည့်များအား  နားဝင်စေရန် လိုက်နာစေရန် ပြော

ဆိုဆုံးမပါလိမ့်မည် ။

 သို့ရာတွင် -- အလွှာအမျိုးမျိုး - စိတ်နေစိတ်ထားအမျိုးမျိုးနှင့်ဝင်ရောက်လာသောတပည့်များထဲတွင် --

အခါအားလျော်စွာ  ကျောင်စည်းကမ်းကိုဖောက်ဖျက်

ခြင်း -  - ဆရာ၏လမ်းညွန်ချက်ကိုမလိုက်နာခြင်းတို့သည် ကျောင်းနေကျောင်းသားက အပြစ်ပြုခြင်းဖြစ်

သည်။  ထိုအပြစ်အတွက်ဆရာသည်တပည့်ကိုအပြစ်

ပေးရမည် ။    ထိုသို့အပြစ်ပေးရာတွင် နည်းလမ်းသုံး

သွယ်ရှိပါသည် --

# သဘောတရားရေးရာအရထပ်မံပြောဆိုဆုံးမခြင်း။

#  သန့်ရှင်းရေး စသည်  -- လုပ်ဆောင်စေသည့်ပြစ်

     ဒဏ်ပေးခြင်း ။

#  ရိုက်၍ပြစ်ဒဏ်ပေးခြင်း ။


*အခြေခံအသိမြင့်သောကလေးသည် သဘောတရား

ဆိုဆုံးမခြင်းကို အလွယ်တကူလက်ခံသည်- ပြုပြင်ပါသည် ။

* ကျောင်းလုပ်ငန်းတာဝန်တစ်ခုခုပေး၍ပြစ်ဒဏ်ချ

ခြင်းသည် စာသင်ချိန်ကို အနှောက်အယှက်ဖြစ်စေသည် ။

* ရိုက်ခြင်းသည် အချိန်တိုအတွင်းမိမိ၏အပြစ်ဒဏ်

ကို သိနားလည်စေသည် ။

---------------------------------------------------------

          ဤနေရာတွင် "ရိုက်ခြင်း" သည် ကောင်းသည်

ဟု ကျွန်တော်မဆိုလိုပါ -- စာသင်ခန်းတစ်ခုတွင် ဘာ

သာရပ်များ -အခြားကလေးများ၏လိုအပ်ချက်များ

ဖြင့် လုံးချာလည်နေသော ဆရာတစ်ယောက်သည် --

"ရိုက်ခြင်း" အပြစ်ဒဏ်ကိုရွေးချယ်မိမည်မှာ သဘာဝ

ကျပါသည် ။

     ဤသို့ရွေးချယ်မိသည်ကို  "လူ့အခွင့်အရေးစံများ"

"ကလေးသူငယ်အခွင့်အရေးများ"  ဖြင့်လိုသလိုဆွဲ၍

ပုံဖော်လိုက်သောအခါ - "ဆရာတို့၏စေတနာ" သည်

တိမ်မြုပ်သွားခဲ့ရသည် ။

------------------------------------------------------------

      အကြောင်းအမျိုးမျိုးကြောင့် ဆရာ မဆုံးမခြင်း -

မရိုက်ချင်ဖြစ်လာခြင်း -ရိုက်ရန်မဝံ့ရဲခြင်းဖြစ်လာခြင်း

တို့သည်  ကျောင်းသား၏ အကျင့်စာရိတ္တပိုင်း - စာ

တတ်မြောက်မှုအပိုင်းတို့ကို ထိခိုက်လာရသည် ။

       ဆိုဆုံးမရခက်သောကျောင်းသားကို ဆရာသည်

မိမိကိုယ်ကိုယ်ထိခိုက်ခံ၍မဆုံးမကြတော့ -- "ငါတို့က

တော့မရိုက်ရဲဘူး -- မရိုက်တော့ဘူး "  ဆိုသောစကား

ကို ဆရာအတော်များများလက်ကိုင်ပြုလာကြသည်။

( ဤသည်မှာ ကလေးကိုသတ်ခြင်းမည်ပါသည် ။ )

-----------------------------------------------------------

       "ဆရာစိတ်" သည် တပည့်များနှင့်ပတ်သက်လာ

လျှင်  ဖောက်ထွက်လိုသော ဖောက်ထွက်ရဲသောစိတ်

ရှိရပါမည် ။ "ဆရာစိတ်"  ဖြင့်ဆုံးမခြင်း  ပြစ်ဒဏ်ပေး

ခြင်းကြောင့် ပြဿနာမဖြစ်နိူင်ပါ ။   ဖြစ်ခဲ့သည့်တိုင် မိမိ၏စေတနာမှန်လျင် နားလည်လက်ခံကြမည်သာ။

ကျွန်တော်တို့၏ မိဘများ - တပည့်များ  အများစုသည်  "အာစရိယ"  ဆိုသည့်အပေါ် နားလည်လက်ခံနေ

ကြမြဲဖြစ်သည် ။  (အနည်းငယ်သောဆရာ/မ အချို့ ) ပြဿနာဖြစ်ခဲ့ဘူးသည်ကိုထောက်ကွက်ယူပြီးတပည့်

များအပေါ်မရိုက်ရဲတော့ပါဆိုခြင်းသည် မဖြစ်သင့်ပါ

------------------------------------------------------------

 1-   ဦးစွာစည်းကမ်းသတ်မှတ်ရပါမည် ။

 2-  ထိုစည်းကမ်းသည် တပည့်တို့၏ကောင်းကျိုးအ

       တွက်ဖြစ်သည်ကိုနားလည်အောင်ရှင်းပြထားရ

       ပါမည် ။

3-  ဒေါသကင်းသော အငြိုးအတေးကင်းသောရိုက်

       ခြင်းဖြစ်ရပါမည် ။

4-  သင်ခန်းစာအပေါ်နားမလည်သည့်အတွက် ရိုက်

      ခြင်းမျိုးကိုလုံးဝရှောင်ကြဉ်ရပါမည် ။

5-  မိမိ၏ရိုက်ခြင်းသည် အပြစ်ကိုသိစေလိုခြင်းမျှသာ

      ဖြစ်သင့်သည် - အသားဒဏ်ရာ /စိတ်ဒဏ်ရာဖြစ်

      စေသောရိုက်ခြင်းကိုရှောင်ကြဉ်ရပါမည် ။

ဤသဘောတရားကိုနားလည်လက်ခံနိူင်သောဆရာသည် တပည့်ကို ရိုက်ပါမည် ။ 

" ငါသည်  မရိုက်တော့ပါ - မရိုက်ရဲပါ "  ဆိုခြင်းသည်

တပည့်၏ဘဝကို သတ်လိုက်ခြင်းသာဖြစ်ပါသည် ။


*( စေတနာမှန်သောရိုက်ချက်များကို တပည့်တိုင်းက

     နှစ်လိုစွာလက်ခံကြပါသည် ။ )

* ( ရိုက်ပါ   -  မသတ်ပါနှင့် )



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ