ဂါရဝ လက်အုပ်ချီနည်း (၃)မျိုး
ဂါရဝ လက်အုပ်ချီနည်း (၃)မျိုး
=====================
(၁)လက်အုပ်ချီပြီး ရင်ညွန့်တည့်တည့်မှာထားရင်
" အဉ္စလီ ပဏာမ " လို့ခေါ်တယ်။
ငယ်သူက ကြီးသူကိုရောကိုယ့်ထက် ငယ်သူကိုပါ ရိုးရာ
ယဉ်ကျေးမှု့အရ ဂါရဝပြုခြင်းကို ခေါ်တာပါ
(ရှိခိုးခြင်းမျိုးမဟုတ်ပါ နှုတ်ဆက်ခြင်းပါ) ။
(၂)လက်အုပ်ချီပြီး လက်မကို နှာခေါင်းတည့်တည့်မှာ
ထားရင် " အဉ္စလီ ဂါရဝ " လို့ခေါ်တယ်။
မိမိထက် အသက်သိက္ခာကြီးတဲ့ ဆရာသမား ကျေးဇူးရှင်
များအား ဂါရဝ ပြုခြင်းကို ခေါ်ပါတယ် ။
(၃)လက်အုပ်ကို နဖူးထက် ဦးခေါင်းထိပ်တင်ချီလျက်
ထားရင် " အဉ္စလီ ဝန္ဒန " လို့ခေါ်တယ်။
လောက၏ အထွဋ်အထိပ် ဘုရား ၊တရား၊ သံဃာ ၊ရတနာ မြတ်သုံးပါးအား ရှိခိုးခြင်းကို ခေါ်ပါတယ် ။
ကျမ်းကိုး ။ဆရာကြီး ဦးအုန်းမြင့် (ဇဝနလုလင် ဗြူဟာ
ရှင်) ၏ လက်အုပ်ချီခြင်း သုံးမျိုး ဆောင်းပါး၂၀၁၆ ခု
နှစ် စက်တင်ဘာလ ထုတ် မြတ်မင်္ဂလာ စာစောင်မှကူးယူတင်ပြခြင်းဖြစ်ပါသည် ။
Credit>>> မေချိုချိုမျှဝေသည်
Comments
Post a Comment