စာသင်ကောင်းတဲ့ ဆရာ/ဆရာမ တစ်ယောက် ဖြစ်ချင်ရင် လုပ်ဆောင်ရမယ့်အချက်များ

 စာသင်ကောင်းတဲ့ ဆရာ/ဆရာမ

တစ်ယောက် ဖြစ်ချင်ရင် လုပ်ဆောင်ရမယ့်အချက်များ


(၁ )

သင်ရိုးကို မသင်ခင်ကတည်းက စ လယ် ဆုံး ဖတ်ထားရမယ်။ဒါမှ အသက်အရွယ်အလိုက် ဘယ်ကလေးကို ပြဌာန်းချက်ရေးတဲ့ ကော်မတီက ဘယ်အချက်တွေကို သင်စေ သိစေချင်တာလဲဆိုတာကိုယ်တိုင်သိနှိုင်မယ် 

သင်ရိုးရဲ့အနှစ်သာရနဲ့ရည်ရွယ်ချက်ကိုဦးစွာသိနိုင်မယ် 


(၂ )

သိလာတော့ ကလေးကိုဘယ်လိုသင်မလဲ သင်ပုံသင်နည်းစနစ်ကို တစ်ခန်းချင်း ဘယ်လို Presentation ပုံစံနဲ့ သင်ရမလဲ စီမံရပါမယ်။သင်တော့မယ်ဆိုရင် ကိုယ့် အတန်းထဲက လိုအပ်ချက်အများဆုံး 

ကလေးကအစ ကျန်မနေအောင် စာရှင်းလင်းပြတဲ့အခါ အခက်အခဲမရှိနားလည်အောင် ကြိုတင်စီမံရပါမယ်


(၃ )

အတန်းထဲရောက်လို့ စာအရင်မသင်သေးဘဲ

ကလေးတွေအားလုံး ကိုယ့်သင်ခန်းစာအကြောင်းကို  အာရုံရောက်စေမယ့် အကြောင်းအရာလေးတွေပြောပြီး အရင်ပြောဆိုရမယ်။ကျွမ်းကျင်မှုရှိရင် ရှိသလို ဆွဲခေါ်ရတာလွယ်ပါတယ်


(၄ )

အတန်းထဲစာသင်တဲ့အခါမှာ အကောင်းဆုံးဥပမာတွေ

ပေးပါ။ကလေးတွေကိုလည်း သူတို့စိတ်ကြိုက် ဥပမာတွေပေးခိုင်းပါ။သူတို့ပါ ပါဝင်လာပါစေ

သူတို့ပြောအောင်လုပ်ယူရပါမယ်

သူတို့ပြောတယ်ဆိုတာ သူတို့စဉ်းစားရပါတယ် 

သတိရပါ Education ဆိုတာ သင်ပေးတာသက်သက်လုပ်တာမဟုတ်ပါဘူး။ကလေးကို စဉ်းစားတတ်အောင် စဉ်းစားထားတာတွေ ပြောဆိုလာအောင်

ကိ်ုယ်တိုင်ပါဝင်လုပ်ကိုင်လာအောင်လေ့ကျင့်ပေးတာပါ

သူတို့ ပါဝင်လာမှ မှားတာတွေတွေ့ရမယ်

မှားတာတွေတွေ့ရမှ ဆရာ ဆရာမကတည့်မတ်ပေးနိုင်မှာပါ သူတို့ထဲရှိတဲ့ အငုတ်စိတ်ကို မြင်ရမှ ကိုယ်ကပြင်ပေးလို့ရမှာပါ ဒါကြောင့် သူတို့ရဲ့ ပူးပေါင်းမှု ရမှ

Education ရဲ့ အနှစ်သာရတွေ ဖြစ်ထွန်းမှာပါ


(၅ )

ဘယ်အချိန် သင်ကြားခြင်းပြီးဆုံးပြီလဲ

ကလေးတွေကိုယ်သင်တာကို သေချာနားလည်သဘောပေါက်ပြီလားတခြားတနည်းနဲ့ 

မေးစမ်းကြည့်ရတယ် အဲဒီလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ကတည်းက ထည့်သွင်းစီစဉ်ရပါတယ် 


(၆)

ဒီလိုသေချာရင်ဘယ်မှာထူးခြားလာမလဲ

ကလေးကိုယ်တိုင်စာနားလည်သွားတော့

အိမ်စာရေးရတာ အချိန်သက်သာတယ်

ကိုယ်ပိုင်စကားလုံးတွေနဲ့ ရေးတတ်သွားမယ် နားမလည်ဘဲ အလွတ်ကျက်နေရတဲ့အခက်အခဲ သက်သာသွားမယ်။စာကျက်မှတ်ရတဲ့ အခက်အခဲသက်သာသွားမယ် 

ဘယ်တော့နေနေမှတ်မိမယ်။လိုအပ်လို့အသုံးချရမယ်ဆိုတိုင်းသတိရစေနိုင်တယ်

တစ်သက်လုံးမမေ့တော့ဘူး

 

(၇ )

ကလေးတွေကို စာမေးပွဲမေးခွန်းထုတ်မယ် ဆိုရင် 

အချက်အလက်တွေကိုမှတ်မိသလားဆိုတဲ့မေးခွန်းတွေရော စဉ်းစားမှုကိုအားပေးတဲ့ နည်းနည်းစဉ်းစားပြီးမှ အဖြေရနိုင်မယ့် မေးခွန်းတွေကို မေးရပါမယ် 


(၈ )

စာစစ်ရင် စကားလုံး အတိအကျမှန်မှ အမှတ်ပေးတာထက် အကြောင်းအရာ တစ်သဘောတည်းကျနိုင်မယ့် အဖြေက်ိုလည်း အမှတ်ပေးရမယ် 

တချို့နိုင်ငံတွေမှာ အယူအဆမတူပေမယ့် ဖြစ်နိုင်ခြေကိုပါ အမှတ်ပေးပါတယ်အလွတ်ကွက်တိကျက်မှတ်လာတာတွေကိုချည့် အမှတ်မပေးသင့်ပါဘူး


(၉ )

ဆုပေးခြင်းကိစ္စ။ဆုပေးတာ ဒဏ်ပေးတာ

ကောင်းပါတယ်။ဆရာတယောက်ကပြောတယ် ဆုပေးတဲ့စနစ် မကောင်းဖူးတဲ့ ဘာကြောင့်လဲလို့မေးကြည့်မိ်

တယ်။မကောင်းဘူးဗျတဲ့ သူတို့က အဲဒီဆုက ဘယ်သူ့အတွက်ဆိုတာ သိပြီးသားတဲ့ ကျန်တဲ့သူကို ပိုပြီးနှိမ့်ချတာတဲ့ကျနော်နားလည်လိုက်တယ် ဆရာက Achievements လို့ ခေါ်တဲ့ တိုးတက်မှုဆုကိုပေးတာကိုးအမှန်က အမှတ် ၂၀ ရနေတဲ့ ကလေးကို ၃၀မှတ်ရအောင်းကြိုးစားရင် တခါ ၄၀ရလာရင်တခါ ၅၀ ၆၀ ရောက်လာတိုင်းဆုချရမှာ မနေ့ကသူနဲ့ ဒီနေ့သူပြိုင်ခိုင်းရတာ။ကလေးလေးလမ်းစလျှောက်ရင် ရပ်နိုင်ပေ ရပ်နိုင်ပေဘဲအားပေးရတာအိမ်ဘေးက ကလေးထက်ပိုလျှောက်ကွ ပိုပြေးကွလို့ အားမပေးကြပါဖူး 

အားပေးရမယ့် နေရာလွဲတာပါ


ခေတ်ကာလက ခြောက်ဘာသာဂုဏ်ထူးကို လိုက်ကြတယ် ။ဘယ်ကျောင်းက ခြောက်ဘာသာဂုဏ်ထူး ဘယ်နှစ်ယောက်ထွက်တယ် မိဘတိုင်းကကြည့်ကြတယ် 

အဲဒီတော့ ကျောင်းတွေကြားမှာ ခြောက်ဘာသာထွက်သူပါဖို့ အဓိက နည်းမျိုးစုံသုံးကြိုးစားလာကြတယ်


ပုဂ္ဂလိကကျောင်းတွေဆိုလည်းအပြိုင်အဆိုင် ခြောက်ဘာသာထွက်ရင် လူပိုရလာကြတယ်

ခေတ်တခုအဖြစ် ပြိုင်ဆိုင်မှုက ပြင်းထန်လာကြတယ်


နည်းနည်းလေးစဉ်းစားကြည့်ရအောင်

ကျွန်တော်တို့ မင်းသားနေတိုးကို ကြိုက်တယ်ဆိုပါစို့ 

မင်းသမီး ဝတ်မှုံရွှေရည်ကိုကြိုက်တယ်ဆိုပါစို့ 

သူတို့ဝတ်တဲ့ ဖက်ရှင်ကို လိုက်ဝတ်ကြတယ် 

ဖက်ရှင်ထွင်တဲ့ လူတွေကလည်း နာမယ်တပ်တယ် ဝတ်မှုန်ရွှေရည်ဒီဇိုင်း ရောင်းကောင်းလိုက်တာ 

ကိ်ုယ်လည်းဝယ်လာတယ် ဝတ်ကြည့်တယ် ဝတ်မှုံရွှေရည်နဲ့ သေသေချာချာကြည့်လေ မတူလေဘဲ

ဒါပေမယ့် အာသာပြေတယ် သူတကာဝတ်မှုံရွှေရည် ကိ်ုယ်လည်း ဝတ်မှုံရွှေရည် လိုက်တာဘဲရှိ်တယ် 

အားလုံးက သိတယ် ဘယ်တော့မှ

 ကိုယ်သည် ဝတ်မှုံရွှေရည်ဖြစ်မလာနိုင်ဘူးဆိုတာ


တကယ်ဆို ကိုယ့်ဒီဇိုင်နာနဲ့ ကိုယ့်ခန္ဓာကိုယ် နဲ့ လိုက်မယ့် အဝတ်လှလှချုပ်ဝတ်ရင်ပိုအဆင်ပြေမယ်ဆိုတာ 


ကလေးတွေတိုင်း ခြောက်ဘာသာမထွက်နိုင်ပါဖူး

တစ်နှစ်ပြီး တစ်နှစ် အချိန်ကုန်မြန်ပါတယ် 

ကိုယ့်ကလေး ကိုယ့်တပည့်တွေ အောက်ခြေအဆင့်ကနေ တဆင့်ပြီးတဆင့် လက်တွေ့ကျကျ တိုးတက်လာအောင် လုပ်ပေးရတာ ပို ပင်ပမ်းပါမယ် 


အဲသလိုစနစ်တကျ အောက်ခြေကနေ တဆင့် နှစ်ဆင့် သုံးဆင့် ကြိုးစားနိုင်ပြီဆိုတဲ့ စိတ်ကလေးက ပိုင်ဆိုင်လာပြီဆိုရင် ကလေးကစိတ်ချရပါပြီ


အစပိုင်းမှာ ကလေးတိုင်း နားလည်ပြီးလက်တွဲ လေ့ကျင့်ပေးနိုင်မယ့် ဆရာကောင်းကောင်း ကျောင်းကောင်း

ကောင်းလိုအပ်ပါတယ် 


လွဲနေတဲ့ အလွဲကိုလည်း ဂရုပြုသင့်ပါတယ် 

 ပေးရမှာက အတော်ဆုံးကလေးကိုဆုပေးတဲ့ Achievement ဆုကို  မဟုတ်ပါဘူး


Effort ကြိုးစားအားထုတ်မှုကိုဆုပေးရမှာပါ 

ကလေးတိုင်းသူတို့ အားထုတ်မှုကို အသိအမှတ်ပြုခံရတာလောက် ကြည်နူးတာမရှိပါ 

တစ်လထက်တစ်လ ကြိုးစားမှုပိုပိုလာပါတယ် 


သတိရကြပါ ကျွန်တော်တို့ သင်ပေးနေရတာ 

BASIC EDUCATION အခြေခံပညာပါ

နည်းလမ်းကောင်းလေးများကို အသုံးပြု၍ လူတော်ကလေးများ မွေးထုတ်နိုင်ကြပါစေ။


ရေးသားသူအား လေးစားလျက်

Credit par



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ