သင်ကိုယ်တိုင် ဆရာ/မ ဖြစ်ခဲ့လျှ င်

 သင်ကိုယ်တိုင် ဆရာ/မ ဖြစ်ခဲ့လျှ င်

=======================


>စကားပြောယဉ်ကျေးသင့်သလို

  ဝတ်စားဆင်ယဉ်မှုမှာလည်း စံပြဖြစ်ရမယ်။


>အနေအထိုင်ကျစ်လစ်ရသလို

  အသွားအလာ သိုသိပ်ရမယ်။


>လူငယ်တစ်ယောက်လိုနေတတ်ရသလို

  လူကြီးတစ်ယောက်လိုတွေးခေါ်တတ်ရမယ်။


>စာသင်စာပြကောင်းဖို့လိုသလို

  ဆုံးမသွန်သင်နည်းကိုလည်း တတ်ထားရမယ်။


>Text Book ကို ကျွမ်းကျင်ဖို့ လိုသလို

  Knowledge ကိုလည်း ကြွယ်ဝရမယ်။


>ဝါသနာပါဖို့လိုသလို

  စေတနာလေးလည်းထားရမယ်။


>တာဝန်ယူမှု ရှိသင့်သလို

  တာဝန်ခံမှုလည်းရှိရမယ်။


>ဝါသနာနောက်ကိုလိုက်ရင်းနဲ့

  အသပြာဆရာလည်းဖြစ်မသွားစေနဲ့ဦး။


>သိက္ခာ/သိက္ခာလို့နှုတ်ကအော်နေပြီး

  ရိက္ခာနောက်လည်း မလိုက်မိဖို့ သတိပြု။


>တာဝန်နဲ့ဝတ္တရားကိုခွဲခြားတတ်ရပြီး

  အဓိကနဲ့သာမညကိုကွဲပြားစွာနားလည်ရမယ်။


>ဝန်ထမ်းအချင်းချင်းကူညီရိုင်းပင်းဖို့လိုသလို

  တပည့်တွေနဲ့မိဘတွေကိုလည်း တတ်နိူင်တဲ့

  ဘက်ကကူညီရမယ်။


>ခွဲခြားဆက်ဆံတာကိုရှုတ်ချ သင့်သလို

  မာနထောင်လွှားဘဝင်မြင့်တာကိုလည်းပယ်

  ဖျောက်ရမယ်။


>သူတစ်ပါးကိုလူကောင်းဖြစ်အောင်ဆုံးမသလို

  ကိုယ်တိုင်လည်းလူကောင်းတစ်ယောက်ဖြစ်

  အောင် ကျင့်ကြံ ရမယ်။


>လူအထင်သေးအောင်မနေသင့်သလို

  လူလေးစားအောင်လည်းနေရမယ်။


>ကျောင်းသင်ခန်းစာလေးသင်ပေးတတ်ရုံနဲ့

  ဆရာ/မတစ်ယောက်ဖြစ်ပြီလို့မထင်မှတ်သင့်

  တပည့်တစ်ယောက်ကို လူကောင်းလူတော်

  လူလိမ္မာတစ်ယောက်ဖြစ်အောင်သွန်သင်နိူင်ပါ

  မှ ဆရာကောင်းတစ်ယောက်ဖြစ်မှာပါ။


>ရာထူးဆိုတာရူးတာပဲလို့ သိထားရင်

  လစာအနည်းအများကိုမကြည့်ပါနဲ့

  တာဝန်ယူပါ …နေရာမယူပါနဲ့။


>တို့လုပ်ငန်းက လစာဘယ်လောက်ပဲတိုးတိုး

  ရာထူးဘယ်လောက်ပဲကြီးကြီး စေတနာထား

  ရင် ထားသလောက် သိပ်ပင်ပန်းကြတာပါ။

  စေတနာမပါဘဲနဲ့ ဝတ္တရားလေး ဝတ်ကျေတန်း 

  ကျေ လေး ကျောင်းလာကျောင်းပြန်လုပ်နေကြ

  သူတွေလည်း အနည်းနဲ့အများရှိနေကြတာပါပဲ။


>ဒါပေမဲ့ စေတနာမှန်ရင် ရောင်ပြန်ဟက်ပါတယ်။

  ကိုယ်ပြု သည့်ကံ ကိုယ့်ထံပြန်လာမည်မှာ မလွဲ

  ဧကန် အမှန်ပါလော့………။


မူရင်းရေးသားသောဆရာကျေးဇူးပါ



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ