ကလေးများအား လက်ရေးသင်ကြားနည်း

  ကလေးများအား လက်ရေးသင်ကြားနည်း


၁။ လေထဲတွင် ရေးသားနည်း

၂။ ထပ်ဆွဲရေးသားနည်း

၃။ သဲလင်ပန်းတွင်ရေးသားနည်း

၄။ ကစားနည်း

၅။ ဥာဏ်စမ်းနည်း

၆။ ကံစမ်းနည်း


၁။ လေထဲတွင်ရေးသားနည်း

လေထဲတွင် လက်ဟန်ပြ၍ ရေးစေသောနည်းဖြစ်သည်။ ဤနည်းဖြင့်သင်ကြားသည့်အခါ ဆရာသည် ကလေးများနှင့် မျက်နှာချင်းဆိုင်ရပ်၍ မသင်ရပါ။


၂။ ထပ်ဆွဲရေးသားနည်း

ဖြတ်ညှပ်၍ရသော ဗျည်းများကို စာရွက် သို့  ကျောက်သင်ပုန်းပေါ်တွင် တပ်၍ ထပ်ဆွဲရေးစေခြင်း ဖြစ်သည်။


၃။ သဲလင်ပန်းတွင်ရေးသားနည်း

သဲပုံပေါ်တွင်လည်းကောင်း၊ သဲလင်ပန်းဖြင့်လည်းကောင်း၊ ဤနည်းကိုအသုံးပြုနိုင်သည်။


၄။ ကစားနည်း

အမူအရာနှင့် လှုပ်ရှား၍ အက္ခရာစာလူံးများရေး ဆွဲ ခြင်းကိူ သင်ကြားသောနည်းဖြစ်သည်။


၅။ ဥာဏ်စမ်းနည်း

ဗျည်းများရောမွှေထား၍ ဆရာပြောသော ဗျည်းကို ရွေးခိုင်းရေးခိုင်းခြင်း၊

ဆရာက မဲနှိုက်၍ ဗျည်းအမည်ကိုပြောပြခိုင်း၊ ရေးခိုင်းခြင်းဖြစ်သည်။


၆။ ကံစမ်းနည်း။

ကလေးများမဲနှိုက်၍ မိမိတို့ကံအတိုင်းရှိသော မဲမှာပါသည့် ဗျည်းစာလုံးကို ရေးပြစေရမည်။ အခြားကံစမ်းသော နည်းများကိုလည်း အသုံးပြုနိုင်ပါသည်။


စေတနာဖြင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

မူရင်းရေးသားသူအား လေးစားလျက်



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ