ယခုမှ ကျောင်းဆရာ/မ အဖြစ် ပညာရေးလောကတွင်အလုပ်၀င်မည့် ကလေးများ/ပညာရေးမောင်နှမ များ ကို ဖွဲ့စည်းပုံ ရာထူးသစ်အကြောင်းပြောပြမည်

 ယခုမှ ကျောင်းဆရာ/မ အဖြစ် ပညာရေးလောကတွင်အလုပ်၀င်မည့် ကလေးများ/ပညာရေးမောင်နှမ များ ကို ဖွဲ့စည်းပုံ ရာထူးသစ်အကြောင်းပြောပြမည်


မူလတန်းနှင့် အလယ်တန်းပြ ဆရာ/မများအတွက် 

ဖွဲစည်းပုံအသစ်မှာ ပညာရေးနယ်ပယ်ခွဲခြားထားသည်


မူလတန်းဆင့်သင် ပညာရေးနယ်ပယ်


(၁)လ/ထမူလတန်းပြ(ပညာရှင်အဆင့်-၁) - APAT

(Assistant Primary Assistant Teacher)


(၂)ဒုတိယမူလတန်းပြ(ပညာရှင်အဆင့်-၂) - DPAT

(Deputy Primary Assistant Teacher)


(၃)မူလတန်းပြ(ပညာရှင်အဆင့်-၃) - PAT

(Primary Assistant Teacher)


အလယ်တန်းဆင့်သင် ပညာရေးနယ်ပယ်


(၁)လ/ထအလယ်တန်းပြ(ပညာရှင်အဆင့်-၁)- AJAT

(Assistant Junior Assistant Teacher)


(၂)ဒုတိယအလယ်တန်းပြ(ပညာရှင်အဆင့်-၂)- DJAT

(Deputy Junior Assistant Teacher)


(၃)အလယ်တန်းပြ(ပညာရှင်အဆင့်-၃)- JAT

(Junior Assistant Teacher)


အထက်တန်းဆင့်သင့် ဆရာ/မ များအတွက် မရေးဆွဲရသေးပါ အကျုံးမ၀င်ပါ 


ပညာရေးဒီဂရီကောလိပ် /တက္ကသိုလ်တတ်နေသူများ


(၁)မကြာမှီ ကျောင်းဆင်းအလုပ်၀င်မည့် 

DTEd( ပညာရေးကောလိပ်ဆင်း)ကလေးများသည် လ/ ထ မူပြ (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (APAT)အဖြစ် ခန့်ထားမည့်

ထို့နောက်  သတ်မှတ် လုပ်သက်(၃နစ်/၅ နှစ်)ရှိလျှင် သင်တို့ သည်  အလယ်တန်းသင် ဆရာဖြစ်လက်မှတ် ရှိသော်လည်း-- ဒု မူလတန်းပြ(DPAT) (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) အဖြစ် ရာထူးတိုးမည်

ဒုတိယ မူလတန်းပြ ဖြစ်ပြီး ပညာရေးလုပ်သက် (လ/ထ မူပြ+ဒုမူပြ) လုပ်သက် ( ၅ )နစ် ပြည့်ပြီး ပါက B.Ed ဖြေခွင့်ရှိသည် 


DTEd ဘွဲ့ သာရရှိထားသူက အဝေးသင်ဘွဲ့ (.B.A)(B.Sc)ရယူပီးမှ B Ed ဖြေဆိုခွင့်ရှိသည် 


B.Ed ဘွဲ့ ရပီးပါက (မူအုပ် / အထက်တန်းပြ /လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည် 


B.Ed ဘွဲ့ မရသော်ညား မူလတန်းပြ (PAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ် ရာထူးတိူးခွင့်ရှိသည်


(၂)မကြာမှီ ကျောင်းဆင်းအလုပ်၀င်မည့် 

BEd ( ပညာရေးတက္ကသိုလ်ဆင်း)ကလေးများသည် 

အထက်တန်းပြ (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)

B.Ed ဘွဲ့ ရပီးသားဖြစ်သောကြောင့်(လယ်အုပ်/ ထက်အုပ် မှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည် 


(၃)မကြာမှီ ကျောင်းဆင်းအလုပ်၀င်မည့် 

PGDMA (ပညာရေးတက္ကသိုလ်) ကလေး/လူရွယ်များသည် လ/ ထ အလယ်တန်းပြ (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (AJAT)အဖြစ် ခန့်ထားမည့်

ထို့နောက်  သတ်မှတ် လုပ်သက်(၃နစ်/၅ နှစ်)ရှိလျှင် သင်တို့ သည်  - ဒု အလယ်တန်းပြ(DJAT) (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) အဖြစ် ရာထူးတိုးမည်

ဒုတိယ အလယ်တန်းပြ ဖြစ်ပြီး ပညာရေးလုပ်သက် (လ/ထ မူပြ+ဒုမူပြ) လုပ်သက် ( ၅ )နစ် ပြည့်ပြီး ပါက B.Ed ဖြေခွင့်ရှိသည်။


B.Ed ဘွဲ့ ရပီးပါက (မူအုပ် / အထက်တန်းပြ/လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည် 


B.Ed ဘွဲ့ မရသော်ညား အလယ်တန်းပြ (JAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ် ရာထူးတိူးခွင့်ရှိသည်

 ယခင်က PGDMA ကျောင်းဆင်းကို 

အလယ်တန်းပြ (မီဒိယာ)အဖြစ် (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)တန်း ပေးခဲ သဖြင့်

ယခုနစ်(2021-2022)တွင် (လ/ထ လယ်ပြ(AJAT)(၁၈၀၀၀၀-၂၀၀၀-၂၀၈၀၀၀)အဖြစ်  ခန့်ထား ပေးမလား ???? ??????

ဒု အလယ်တန်းပြ(DJAT)(၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) အနေဖြင့် ခန့်ထားမလား စိတ်၀င်စားဖွယ် ဖြစ်သည်


(၄)ယခု ကျောင်းတတ်ဆဲ ဖြစ်နေသော /B.A.Ed /BSc.Ed (လေးနစ်သင်) ပညာရေးဒီဂရီ ကောလိပ်ဆင်း)ကလေးများသည် တတိယနစ် ရောက်သည်နှင့် 

(မူလတန်းသင် /အလယ်တန်းသင် )ပညာရေးနယ်ပယ်အဆင့် ကို မိမိဆန္ဒ အရ ရွေးချယ်ကြရမည် ထို့နောက် B.A Ed /BSc.Ed ဘွဲ့ ရပီးပါက မိမိတို့ အထူးယူခဲ့သည့် ပညာရေးနယ်ပယ် အဆင့်အရ လ/ ထ မူပြ(APAT) (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) နှင့် လ/ ထ လယ်ပြ (AJAT)(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)အဖြစ် ခန့်ထားမည့်

ထို့နောက်  သတ်မှတ် လုပ်သက်(၃နစ်/၅ နှစ်)ရှိလျှင် သင်တို့ သည်  (ဒု မူလတန်းပြ)(DPAT)/ 

ဒု အလယ်တန်းပြ (DJAT)(၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) အဖြစ် ရာထူးတိုးမည်

ဒုတိယ မူလတန်းပြ (DPAT)/ဒုတိယ အလယ်တန်းပြ(DJAT) ဖြစ်ပြီး ပညာရေးလုပ်သက် (လ/ထ မူပြ+ဒုမူပြ)(လ/ထ လယ်ပြ+ဒူလယ်ပြ) လုပ်သက် ( ၅ )နစ် ပြည့်ပြီး ပါက B.Ed ဖြေခွင့်ရှိသည် 


B.Ed ဘွဲ့ ရပီးပါက (မူအုပ် / အထက်တန်းပြ/လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ ရာထူးတိုးခွင့်ရှိသည် 


B.Ed ဘွဲ့ မရသော်ညား မိမိသင်ကြားသည့်နယ်ပယ်အဆင့်အရ မူလတန်းပြ (PAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)/အလယ်တန်းပြ(JAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ် ရာထူးတိူးခွင့်ရှိသည်


လ/ထ မူလတန်းပြများသည် မူလတန်းကျောင်းအုပ်တွင်

နေရာလစ်လပ်ပါက ထက်ပြ လစာ မစားရဘဲ ဒုလယ်ပြ လစာ (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)ဖြင့် ကျောင်းအုပ်တာ၀န်ခံ ယူနိင်သည်


(၅)ယခု ကျောင်းတတ်ရမည် ဖြစ်နေသော PPTT ( သင်တန်းကာလ ယခင်/ယခု က ၄ လ သင်ရိုး /နောင်ခါ နစ်များတွင် တစ်နစ်/နစ်နစ် သင်ရိုးဖြစ်လာနိင် )(ပညာရေးဒီဂရီ ကောလိပ်ဆင်း)ကလေးများသည် PPTT ဘွဲ့ ရ ပြီးပါက  လ/ ထ မူပြ (APAT)(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အဖြစ် ခန့်ထားမည့်

ထို့နောက်  သတ်မှတ် လုပ်သက်(၃နစ်/၅ နှစ်)ရှိလျှင် သင်တို့ သည်  ဒု မူလတန်းပြ (DPAT)အဖြစ် ရာထူးတိုးမည်

ဒုတိယ မူလတန်းပြ(DPAT)  ဖြစ်ပြီး ပညာရေးလုပ်သက် (လ/ထ မူပြ+ဒုမူပြ) လုပ်သက် ( ၅ )နစ် ပြည့်ပြီး ပါက B.Ed ဖြေခွင့်ရှိသည်

 B.Ed ဘွဲ့ ရပီးပါက  ( အထက်တန်းပြ/လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ ရာထူးတိုးခွင့်ရှိသည် ။

B.Ed ဘွဲ့ မရသော်ညား မူလတန်းပြ (PAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ်လုပ်သက်အရ ရာထူးတိူးခွင့်ရှိသည်


အလုပ်ခွင်မူပြ/လယ်ပြ/မူအုပ်/ထက်ပြဆရာ/မများ


ဖွဲ့စည်းပုံဟောင်း မူအုပ်များ


ယခု အခါ မူလတန်း ကျောင်းအုပ် ဖြစ်ပြီးသား ပညာရေးလုပ်သက် (မူပြ /လယ်ပြ+မူအုပ်)စုစုပေါင်း ဆယ်နစ် ပြည့်ပြီးသားများကို အထက်တန်းပြ လစာ 

(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ပေး၍ ခန့်အပ်ပြီး ဖြစ်သည် မကြာခင် မူအုပ် အားလူံး လုပ်သက်မလို ဘွဲ့ မလို ထက်ပြ လစာ (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ပေးမည် 


(၆)လုပ်သက်ရင့် ဒုတိယ မူလတန်းပြ(DPAT) (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) များသည် မူအုပ် နေရာလစ်လပ်ပါက လျှောက်ထားနိင်သည် 

မူအုပ်ရာထူးတိုးပီး B.Ed အောင်ပါက ထက်ပြ /လယ်အုပ် /DTEO /ပြောင်းလဲနိင်သည်


နောင်ကာလနစ်များတွင် မူပြမှ မူအုပ်လျှောက်မည် ဆိုပါက B.Ed ဘွဲ့ လိုအပ်လာမည်ဖြစ်သည် 


ဖွဲ့စည်းပုံဟောင်း မူလတန်းပြများ


၇)ယခု လက်ရှိ အလုပ်၀င်နေသည်ဖွဲ့စည်းပုံရာထူးဟောင်း  မူလတန်းပြဆရာ များ(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)သည် 

ဖွဲ့စည်းပုံရာထူး သစ်အရ လ/ထ မူလတန်းပြ (APAT) ဖြစ်သည်  လုပ်သက် ၅နစ် /၇ နစ် ရှိပြီးပါက ဒုတိယ မူလတန်းပြ(၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)(DPAT)အဖြစ် ရာထူးလစာတိုးမည် ထို့မှ လုပ်သက်အရ ပညာရေးလုပ်သက် ၁၀ နစ် နှင့်အထက် (လ/ထ မူ+ဒု မူ ပေါင်း )ရှိပါက  မူလတန်းပြ (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)(PAT) အဖြစ် ရာထူးတိုး လစာ တိုးမည် ဖြစ်သည် 


ဒုတိယ မူလတန်းပြ(DPAT)( ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ဖြစ်ပါက B.Ed ဖြေခွင့်ရှိသည်  လုပ်သက်ရင့် ဒုတိယမူလတန်းပြ (DPAT ) များသည် မူအုပ်လျှောက်ခွင့် ရှိပါသည် 


B.Ed ဘွဲ့ ရပီးပါက  / အထက်တန်းပြ /လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည် 


B.Ed ဘွဲ့ မရသော်ညား မူလတန်းပြ (PAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ်လုပ်သက်အရ ရာထူးတိူးခွင့်ရှိသည်


ဖွဲ့စည်းပုံဟောင်း အလယ်တန်းပြများ


(၈)ယခု အလုပ်၀င်နေသည်ဖွဲ့စည်းပုံရာထူးဟောင်း  

အလယ်တန်း ပြ (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)

များသည် ဖွဲ့စည်းပုံရာထူး သစ်အရ ဒု အလယ်တန်းပြ  (DJAT)ဖြစ်သည် 

ထို့နောက် လုပ်သက်အရပညာရေးလုပ်သက် ၁၀ နစ် 

 ( မူ+လယ် ပေါင်း )ရှိပါက   အလယ်တန်းပြ (JAT) (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) အဖြစ် ရာထူးတိုး လစာ တိုးမည် ဖြစ်သည်


ရာထူးတိုးဖှဲ့စညျးပုံ အသစ်အရဒုတိယအလယ်တန်းပြ(DJAT)( ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)များသည်ပညာရေးလုပ်သက် ၅ နစ်  ( မူ+လယ် ပေါင်း )ရှိပါက  B.Ed ဖြေခွင့်ရှိသည် 


B.Ed ဘွဲ့ ရပီးပါက (အထက်တန်းပြ /လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည် 


ယခု အခါ ဖွဲ့စည်းပုံအဟောင်းအလယ်တန်းပြ အသက် ၅၉ နှစ် နှင့် အထက် ဆရာ/မများကို အထက်တန်းပြ လစာ (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ပေး၍ ခန့်အပ်ပြီး ဖြစ်သည် မကြာခင် ဖွဲ့စည်းပုံအဟောင်းအလယ်တန်းပြဆရာ/မများပညာရေးလုပ်သက်(၁၀)နစ် နှင့် အထက်  (မူ+လယ် ပေါင်း) သညအလယ်တန်းပြ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ် ရာထူး/လစာတိုးပေးရမည် 


B.Ed ဘွဲ့ မရသော်ညား အလယ်တန်းပြ (JAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ်လုပ်သက်အရ ရာထူးတိူးခွင့်ရှိသည်


M.A /M.Sc ကိစ္စ


ယခု အခါ M.A/M.Sc များကို နေ့စားလ ပေး/PPTT စသည် ဖြင့်၀င်ပေါက် ဖွင့်က မူပြ ရာထူးမှစ၍အလုပ်ခန့်အပ်ပေးထားသည် သို့သော် လုပ်သက် (၆) လ တစ်ခါတလေ လုပ်သက်မလို အထက်တန်းပြ 

ရာထူးကို တဆင့်ခုန်ကူးခွင့်(Jump promotion)ပေးထားသည် ။M.A M.Sc များကို အထူးအခွင့်အရေးပေးထားခြင်းဖြစ်သည် မူပြပင် တစ်သက်လုံးသင်ချင်ကလည်း ရပါသည် ထက်ပြတိုးလုံး၀ မလျှောက်ပါနှင့်

ဖွဲ့စည်းပုံသစ်အရ မည်သူမဆို မည့်သည့်ဘွဲ့ မဆို

B.Ed ဘွဲ့ မရက ထက်ပြ ရာထူး/ဦးစီး/လယ်အုပ် /ထက်အုပ်မှသည် ညွန်ချုပ်အထိ ရာထူးမတိုးတော့ပါ 


ဖွဲ့စည်းပုံဟောင်း လယ်(၁)နှင့် လယ် (၂) /လယ် (၃)ကိစွ


လယ် (၁) လယ် (၂) ခွဲခြားခြင်းမှာ မိမိ အလုပ်၀င်သော လူနေရာသည် လယ်ပြ မူလတန်းသင် ဖြစိနေပါက မိမိသည် လယ် (၂) ဖြစ်ရခြင်းပါ

မိမိက လယ် (၁) ခွဲဝေရာထူးသစ် ကျောင်းသစ်ခွဲဝေ / ယခင်လူကလည်း လယ်ဆင့်သင် ဆိုပါက မိမိသည် အလယ်တန်းပြ (၁)ဖြစိပါသည် ကျောင်း၏ လိုအပ်ချက်အရ မူကိုလုံး၀ ခြေစုံပစ်မ၀င်သင့်ပါ လိုအပ်သည့်အတန်းကို ဆရာ/မများခွဲဝေ ယူသင့်ရပါမည်  သို့သော် မိမိတန်းပိုင်သင်ရသော်လည်း မိမိသည် အလယ်တနပြ (၁) ပင်ဖြစ်သည်ကျောင်းအုပ်က မူပြလစ်လပ်တင်ရမည်မိမိကိုလယ်(၂)စာရင်းမသွင်းရပါ 


အလယ်တန်းပြ(၃)ဆိုတာ မူလတန်းမှာ လုပ်သက်ကြာဆရာကြီး/ဆရာမကြီးများကိုခေါ်ခြင်းဖြစ်သည်


ယခု အလုပ်၀င်နေသည့်ဖွဲစည်းပုံအဟောင်း 

 မူဆင့်သင် အလယ်တန်းပြ (၂)များသည်  ရာထူးတူ လစာတူသည့် ဒုမူလတန်းပြ( DPAT) (သို့မဟုတ်)ဒုအလယ်တန်းပြ (DJAT)အဖြစ် မိမိဆန္ဒအရ ပြောင်းလဲခွင့်ရှိသည် မိမိကျောင်းမှာ ရာထူးလပ်လျှင် မိမိကျောင်းမှာပင် ဒုမူပြ (DPAT)/ဒုလယ်ပြ(DJAT)ပြန်ဖြစ်နိင်သည်နေရာမလပ်က မြို့နယ်အတွင်းရှိ အနီးအနားကျောင်းများကို ဦးစားပေးပြောင်းရွှေချထားမည်ဖြစ်သည်


ယခု အလုပ်၀င်နေသည့်ဖွဲစည်းပုံအဟောင်း 

 အလယ်တန်းပြ /PGDMA /လယ်ကာယများသည်  ရာထူးတူ လစာတူသည့် ဒုအလယ်တန်းပြ (DJAT)အဖြစ် ပြောင်းလဲရမည် မူဆင့်သင်နေကြပါက 

ဒု မူလတန်းပြ (DPAT)ဖြစ်နိင်သည်နေရာမလပ်က ကျောင်းပြောင်းရမည်


ဖွဲ့စည်းပုံဟောင်း အထက်တန်းပြများ


ယခုလက်ရှိ အထက်တန်း ပြ ဆရာ/မများ(BEd ဘွဲ့ ရ)များ သည် မူရင်း အထက်တန်းပြလစာ(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ဖြင့် ဒုဦးစီး/နည်းပြ/လ/ထပညာရေးမှူး သို့ ရာထူးလစာတူ ပြောင်းခွင့်ရှိသည်


ထိုနောက် လယ်အုပ်/ထက်အုပ်မှသည် ညွန်ကြားရေးမှူးချုပ်အထိ ရာထူးတိုးလျှောက်ခွင့်ရှိသည်


လ/ထ မူပြမှ လ/ထ လယ်ပြ

ဒုမူပြ မှ ဒု လယ်ပြ များသည် ရာထူးလစာတူသေည်လည်း ပညာသင်နယ်ပယ်မတူသောကြောင့် တိုက်ရိုက်ချိန်းခွင့်မရှိပေ 


နောက်ဆုံးမှာ ချင်ပါက မိမိ သည် ဒု မူ ပြ /ဒုလယ်ပြ ဖြစ်ပါကသတ်မှတ် လုပ်သက် ရပါက  B.Ed ဖြေခွင့်ရှိသည်  B Ed ဘွဲ့ ရပါက မူလတန်း ပြ / အလယ်တန်းပြ 

မလုပ်ချင်လျှင် မူအုပ် /အထက်တန်းပြ / လ/ ထပညာရေးမှုး/ဒုဦးစီး အဖြစ် ရာထူးတဆင့်ခုန် တိုးခွင့်ရှိသည် 


ထိုမှ တဆင့်  ညွှန်ကြားရေးမှူးချုပ်အထိ တိူးနိင်သည် 

ရာထူး အဆင့်ဆင့် တိုးချင်ပါက B.Ed ဘွဲ့ ရအောင်ကြိုးစားကြပါ


crd



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ