ယခုမှ ကျောင်းဆရာ/မ အဖြစ် ပညာရေးလောကတွင်အလုပ်၀င်မည့် ကလေးများ/ပညာရေးမောင်နှမ များ ကို ဖွဲ့စည်းပုံ ရာထူးသစ်အကြောင်းပြောပြမည်
ယခုမှ ကျောင်းဆရာ/မ အဖြစ် ပညာရေးလောကတွင်အလုပ်၀င်မည့် ကလေးများ/ပညာရေးမောင်နှမ များ ကို ဖွဲ့စည်းပုံ ရာထူးသစ်အကြောင်းပြောပြမည်
မူလတန်းနှင့် အလယ်တန်းပြ ဆရာ/မများအတွက်
ဖွဲစည်းပုံအသစ်မှာ ပညာရေးနယ်ပယ်ခွဲခြားထားသည်
မူလတန်းဆင့်သင် ပညာရေးနယ်ပယ်
(၁)လ/ထမူလတန်းပြ(ပညာရှင်အဆင့်-၁) - APAT
(Assistant Primary Assistant Teacher)
(၂)ဒုတိယမူလတန်းပြ(ပညာရှင်အဆင့်-၂) - DPAT
(Deputy Primary Assistant Teacher)
(၃)မူလတန်းပြ(ပညာရှင်အဆင့်-၃) - PAT
(Primary Assistant Teacher)
အလယ်တန်းဆင့်သင် ပညာရေးနယ်ပယ်
(၁)လ/ထအလယ်တန်းပြ(ပညာရှင်အဆင့်-၁)- AJAT
(Assistant Junior Assistant Teacher)
(၂)ဒုတိယအလယ်တန်းပြ(ပညာရှင်အဆင့်-၂)- DJAT
(Deputy Junior Assistant Teacher)
(၃)အလယ်တန်းပြ(ပညာရှင်အဆင့်-၃)- JAT
(Junior Assistant Teacher)
အထက်တန်းဆင့်သင့် ဆရာ/မ များအတွက် မရေးဆွဲရသေးပါ အကျုံးမ၀င်ပါ
ပညာရေးဒီဂရီကောလိပ် /တက္ကသိုလ်တတ်နေသူများ
(၁)မကြာမှီ ကျောင်းဆင်းအလုပ်၀င်မည့်
DTEd( ပညာရေးကောလိပ်ဆင်း)ကလေးများသည် လ/ ထ မူပြ (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (APAT)အဖြစ် ခန့်ထားမည့်
ထို့နောက် သတ်မှတ် လုပ်သက်(၃နစ်/၅ နှစ်)ရှိလျှင် သင်တို့ သည် အလယ်တန်းသင် ဆရာဖြစ်လက်မှတ် ရှိသော်လည်း-- ဒု မူလတန်းပြ(DPAT) (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) အဖြစ် ရာထူးတိုးမည်
ဒုတိယ မူလတန်းပြ ဖြစ်ပြီး ပညာရေးလုပ်သက် (လ/ထ မူပြ+ဒုမူပြ) လုပ်သက် ( ၅ )နစ် ပြည့်ပြီး ပါက B.Ed ဖြေခွင့်ရှိသည်
DTEd ဘွဲ့ သာရရှိထားသူက အဝေးသင်ဘွဲ့ (.B.A)(B.Sc)ရယူပီးမှ B Ed ဖြေဆိုခွင့်ရှိသည်
B.Ed ဘွဲ့ ရပီးပါက (မူအုပ် / အထက်တန်းပြ /လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည်
B.Ed ဘွဲ့ မရသော်ညား မူလတန်းပြ (PAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ် ရာထူးတိူးခွင့်ရှိသည်
(၂)မကြာမှီ ကျောင်းဆင်းအလုပ်၀င်မည့်
BEd ( ပညာရေးတက္ကသိုလ်ဆင်း)ကလေးများသည်
အထက်တန်းပြ (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)
B.Ed ဘွဲ့ ရပီးသားဖြစ်သောကြောင့်(လယ်အုပ်/ ထက်အုပ် မှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည်
(၃)မကြာမှီ ကျောင်းဆင်းအလုပ်၀င်မည့်
PGDMA (ပညာရေးတက္ကသိုလ်) ကလေး/လူရွယ်များသည် လ/ ထ အလယ်တန်းပြ (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (AJAT)အဖြစ် ခန့်ထားမည့်
ထို့နောက် သတ်မှတ် လုပ်သက်(၃နစ်/၅ နှစ်)ရှိလျှင် သင်တို့ သည် - ဒု အလယ်တန်းပြ(DJAT) (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) အဖြစ် ရာထူးတိုးမည်
ဒုတိယ အလယ်တန်းပြ ဖြစ်ပြီး ပညာရေးလုပ်သက် (လ/ထ မူပြ+ဒုမူပြ) လုပ်သက် ( ၅ )နစ် ပြည့်ပြီး ပါက B.Ed ဖြေခွင့်ရှိသည်။
B.Ed ဘွဲ့ ရပီးပါက (မူအုပ် / အထက်တန်းပြ/လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည်
B.Ed ဘွဲ့ မရသော်ညား အလယ်တန်းပြ (JAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ် ရာထူးတိူးခွင့်ရှိသည်
ယခင်က PGDMA ကျောင်းဆင်းကို
အလယ်တန်းပြ (မီဒိယာ)အဖြစ် (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)တန်း ပေးခဲ သဖြင့်
ယခုနစ်(2021-2022)တွင် (လ/ထ လယ်ပြ(AJAT)(၁၈၀၀၀၀-၂၀၀၀-၂၀၈၀၀၀)အဖြစ် ခန့်ထား ပေးမလား ???? ??????
ဒု အလယ်တန်းပြ(DJAT)(၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) အနေဖြင့် ခန့်ထားမလား စိတ်၀င်စားဖွယ် ဖြစ်သည်
(၄)ယခု ကျောင်းတတ်ဆဲ ဖြစ်နေသော /B.A.Ed /BSc.Ed (လေးနစ်သင်) ပညာရေးဒီဂရီ ကောလိပ်ဆင်း)ကလေးများသည် တတိယနစ် ရောက်သည်နှင့်
(မူလတန်းသင် /အလယ်တန်းသင် )ပညာရေးနယ်ပယ်အဆင့် ကို မိမိဆန္ဒ အရ ရွေးချယ်ကြရမည် ထို့နောက် B.A Ed /BSc.Ed ဘွဲ့ ရပီးပါက မိမိတို့ အထူးယူခဲ့သည့် ပညာရေးနယ်ပယ် အဆင့်အရ လ/ ထ မူပြ(APAT) (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) နှင့် လ/ ထ လယ်ပြ (AJAT)(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)အဖြစ် ခန့်ထားမည့်
ထို့နောက် သတ်မှတ် လုပ်သက်(၃နစ်/၅ နှစ်)ရှိလျှင် သင်တို့ သည် (ဒု မူလတန်းပြ)(DPAT)/
ဒု အလယ်တန်းပြ (DJAT)(၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) အဖြစ် ရာထူးတိုးမည်
ဒုတိယ မူလတန်းပြ (DPAT)/ဒုတိယ အလယ်တန်းပြ(DJAT) ဖြစ်ပြီး ပညာရေးလုပ်သက် (လ/ထ မူပြ+ဒုမူပြ)(လ/ထ လယ်ပြ+ဒူလယ်ပြ) လုပ်သက် ( ၅ )နစ် ပြည့်ပြီး ပါက B.Ed ဖြေခွင့်ရှိသည်
B.Ed ဘွဲ့ ရပီးပါက (မူအုပ် / အထက်တန်းပြ/လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ ရာထူးတိုးခွင့်ရှိသည်
B.Ed ဘွဲ့ မရသော်ညား မိမိသင်ကြားသည့်နယ်ပယ်အဆင့်အရ မူလတန်းပြ (PAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)/အလယ်တန်းပြ(JAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ် ရာထူးတိူးခွင့်ရှိသည်
လ/ထ မူလတန်းပြများသည် မူလတန်းကျောင်းအုပ်တွင်
နေရာလစ်လပ်ပါက ထက်ပြ လစာ မစားရဘဲ ဒုလယ်ပြ လစာ (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)ဖြင့် ကျောင်းအုပ်တာ၀န်ခံ ယူနိင်သည်
(၅)ယခု ကျောင်းတတ်ရမည် ဖြစ်နေသော PPTT ( သင်တန်းကာလ ယခင်/ယခု က ၄ လ သင်ရိုး /နောင်ခါ နစ်များတွင် တစ်နစ်/နစ်နစ် သင်ရိုးဖြစ်လာနိင် )(ပညာရေးဒီဂရီ ကောလိပ်ဆင်း)ကလေးများသည် PPTT ဘွဲ့ ရ ပြီးပါက လ/ ထ မူပြ (APAT)(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အဖြစ် ခန့်ထားမည့်
ထို့နောက် သတ်မှတ် လုပ်သက်(၃နစ်/၅ နှစ်)ရှိလျှင် သင်တို့ သည် ဒု မူလတန်းပြ (DPAT)အဖြစ် ရာထူးတိုးမည်
ဒုတိယ မူလတန်းပြ(DPAT) ဖြစ်ပြီး ပညာရေးလုပ်သက် (လ/ထ မူပြ+ဒုမူပြ) လုပ်သက် ( ၅ )နစ် ပြည့်ပြီး ပါက B.Ed ဖြေခွင့်ရှိသည်
B.Ed ဘွဲ့ ရပီးပါက ( အထက်တန်းပြ/လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ ရာထူးတိုးခွင့်ရှိသည် ။
B.Ed ဘွဲ့ မရသော်ညား မူလတန်းပြ (PAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ်လုပ်သက်အရ ရာထူးတိူးခွင့်ရှိသည်
အလုပ်ခွင်မူပြ/လယ်ပြ/မူအုပ်/ထက်ပြဆရာ/မများ
ဖွဲ့စည်းပုံဟောင်း မူအုပ်များ
ယခု အခါ မူလတန်း ကျောင်းအုပ် ဖြစ်ပြီးသား ပညာရေးလုပ်သက် (မူပြ /လယ်ပြ+မူအုပ်)စုစုပေါင်း ဆယ်နစ် ပြည့်ပြီးသားများကို အထက်တန်းပြ လစာ
(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ပေး၍ ခန့်အပ်ပြီး ဖြစ်သည် မကြာခင် မူအုပ် အားလူံး လုပ်သက်မလို ဘွဲ့ မလို ထက်ပြ လစာ (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ပေးမည်
(၆)လုပ်သက်ရင့် ဒုတိယ မူလတန်းပြ(DPAT) (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) များသည် မူအုပ် နေရာလစ်လပ်ပါက လျှောက်ထားနိင်သည်
မူအုပ်ရာထူးတိုးပီး B.Ed အောင်ပါက ထက်ပြ /လယ်အုပ် /DTEO /ပြောင်းလဲနိင်သည်
နောင်ကာလနစ်များတွင် မူပြမှ မူအုပ်လျှောက်မည် ဆိုပါက B.Ed ဘွဲ့ လိုအပ်လာမည်ဖြစ်သည်
ဖွဲ့စည်းပုံဟောင်း မူလတန်းပြများ
၇)ယခု လက်ရှိ အလုပ်၀င်နေသည်ဖွဲ့စည်းပုံရာထူးဟောင်း မူလတန်းပြဆရာ များ(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)သည်
ဖွဲ့စည်းပုံရာထူး သစ်အရ လ/ထ မူလတန်းပြ (APAT) ဖြစ်သည် လုပ်သက် ၅နစ် /၇ နစ် ရှိပြီးပါက ဒုတိယ မူလတန်းပြ(၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)(DPAT)အဖြစ် ရာထူးလစာတိုးမည် ထို့မှ လုပ်သက်အရ ပညာရေးလုပ်သက် ၁၀ နစ် နှင့်အထက် (လ/ထ မူ+ဒု မူ ပေါင်း )ရှိပါက မူလတန်းပြ (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)(PAT) အဖြစ် ရာထူးတိုး လစာ တိုးမည် ဖြစ်သည်
ဒုတိယ မူလတန်းပြ(DPAT)( ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) ဖြစ်ပါက B.Ed ဖြေခွင့်ရှိသည် လုပ်သက်ရင့် ဒုတိယမူလတန်းပြ (DPAT ) များသည် မူအုပ်လျှောက်ခွင့် ရှိပါသည်
B.Ed ဘွဲ့ ရပီးပါက / အထက်တန်းပြ /လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည်
B.Ed ဘွဲ့ မရသော်ညား မူလတန်းပြ (PAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ်လုပ်သက်အရ ရာထူးတိူးခွင့်ရှိသည်
ဖွဲ့စည်းပုံဟောင်း အလယ်တန်းပြများ
(၈)ယခု အလုပ်၀င်နေသည်ဖွဲ့စည်းပုံရာထူးဟောင်း
အလယ်တန်း ပြ (၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)
များသည် ဖွဲ့စည်းပုံရာထူး သစ်အရ ဒု အလယ်တန်းပြ (DJAT)ဖြစ်သည်
ထို့နောက် လုပ်သက်အရပညာရေးလုပ်သက် ၁၀ နစ်
( မူ+လယ် ပေါင်း )ရှိပါက အလယ်တန်းပြ (JAT) (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) အဖြစ် ရာထူးတိုး လစာ တိုးမည် ဖြစ်သည်
ရာထူးတိုးဖှဲ့စညျးပုံ အသစ်အရဒုတိယအလယ်တန်းပြ(DJAT)( ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)များသည်ပညာရေးလုပ်သက် ၅ နစ် ( မူ+လယ် ပေါင်း )ရှိပါက B.Ed ဖြေခွင့်ရှိသည်
B.Ed ဘွဲ့ ရပီးပါက (အထက်တန်းပြ /လထပညာရေးမှုး) ထိုမှ တဆင့် ညွန်ချုပ်အထိ အဆင့်ဆင့် ရာထူးတိုးခွင့်ရှိသည်
ယခု အခါ ဖွဲ့စည်းပုံအဟောင်းအလယ်တန်းပြ အသက် ၅၉ နှစ် နှင့် အထက် ဆရာ/မများကို အထက်တန်းပြ လစာ (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ပေး၍ ခန့်အပ်ပြီး ဖြစ်သည် မကြာခင် ဖွဲ့စည်းပုံအဟောင်းအလယ်တန်းပြဆရာ/မများပညာရေးလုပ်သက်(၁၀)နစ် နှင့် အထက် (မူ+လယ် ပေါင်း) သညအလယ်တန်းပြ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ် ရာထူး/လစာတိုးပေးရမည်
B.Ed ဘွဲ့ မရသော်ညား အလယ်တန်းပြ (JAT)(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)အဖြစ်လုပ်သက်အရ ရာထူးတိူးခွင့်ရှိသည်
M.A /M.Sc ကိစ္စ
ယခု အခါ M.A/M.Sc များကို နေ့စားလ ပေး/PPTT စသည် ဖြင့်၀င်ပေါက် ဖွင့်က မူပြ ရာထူးမှစ၍အလုပ်ခန့်အပ်ပေးထားသည် သို့သော် လုပ်သက် (၆) လ တစ်ခါတလေ လုပ်သက်မလို အထက်တန်းပြ
ရာထူးကို တဆင့်ခုန်ကူးခွင့်(Jump promotion)ပေးထားသည် ။M.A M.Sc များကို အထူးအခွင့်အရေးပေးထားခြင်းဖြစ်သည် မူပြပင် တစ်သက်လုံးသင်ချင်ကလည်း ရပါသည် ထက်ပြတိုးလုံး၀ မလျှောက်ပါနှင့်
ဖွဲ့စည်းပုံသစ်အရ မည်သူမဆို မည့်သည့်ဘွဲ့ မဆို
B.Ed ဘွဲ့ မရက ထက်ပြ ရာထူး/ဦးစီး/လယ်အုပ် /ထက်အုပ်မှသည် ညွန်ချုပ်အထိ ရာထူးမတိုးတော့ပါ
ဖွဲ့စည်းပုံဟောင်း လယ်(၁)နှင့် လယ် (၂) /လယ် (၃)ကိစွ
လယ် (၁) လယ် (၂) ခွဲခြားခြင်းမှာ မိမိ အလုပ်၀င်သော လူနေရာသည် လယ်ပြ မူလတန်းသင် ဖြစိနေပါက မိမိသည် လယ် (၂) ဖြစ်ရခြင်းပါ
မိမိက လယ် (၁) ခွဲဝေရာထူးသစ် ကျောင်းသစ်ခွဲဝေ / ယခင်လူကလည်း လယ်ဆင့်သင် ဆိုပါက မိမိသည် အလယ်တန်းပြ (၁)ဖြစိပါသည် ကျောင်း၏ လိုအပ်ချက်အရ မူကိုလုံး၀ ခြေစုံပစ်မ၀င်သင့်ပါ လိုအပ်သည့်အတန်းကို ဆရာ/မများခွဲဝေ ယူသင့်ရပါမည် သို့သော် မိမိတန်းပိုင်သင်ရသော်လည်း မိမိသည် အလယ်တနပြ (၁) ပင်ဖြစ်သည်ကျောင်းအုပ်က မူပြလစ်လပ်တင်ရမည်မိမိကိုလယ်(၂)စာရင်းမသွင်းရပါ
အလယ်တန်းပြ(၃)ဆိုတာ မူလတန်းမှာ လုပ်သက်ကြာဆရာကြီး/ဆရာမကြီးများကိုခေါ်ခြင်းဖြစ်သည်
ယခု အလုပ်၀င်နေသည့်ဖွဲစည်းပုံအဟောင်း
မူဆင့်သင် အလယ်တန်းပြ (၂)များသည် ရာထူးတူ လစာတူသည့် ဒုမူလတန်းပြ( DPAT) (သို့မဟုတ်)ဒုအလယ်တန်းပြ (DJAT)အဖြစ် မိမိဆန္ဒအရ ပြောင်းလဲခွင့်ရှိသည် မိမိကျောင်းမှာ ရာထူးလပ်လျှင် မိမိကျောင်းမှာပင် ဒုမူပြ (DPAT)/ဒုလယ်ပြ(DJAT)ပြန်ဖြစ်နိင်သည်နေရာမလပ်က မြို့နယ်အတွင်းရှိ အနီးအနားကျောင်းများကို ဦးစားပေးပြောင်းရွှေချထားမည်ဖြစ်သည်
ယခု အလုပ်၀င်နေသည့်ဖွဲစည်းပုံအဟောင်း
အလယ်တန်းပြ /PGDMA /လယ်ကာယများသည် ရာထူးတူ လစာတူသည့် ဒုအလယ်တန်းပြ (DJAT)အဖြစ် ပြောင်းလဲရမည် မူဆင့်သင်နေကြပါက
ဒု မူလတန်းပြ (DPAT)ဖြစ်နိင်သည်နေရာမလပ်က ကျောင်းပြောင်းရမည်
ဖွဲ့စည်းပုံဟောင်း အထက်တန်းပြများ
ယခုလက်ရှိ အထက်တန်း ပြ ဆရာ/မများ(BEd ဘွဲ့ ရ)များ သည် မူရင်း အထက်တန်းပြလစာ(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ဖြင့် ဒုဦးစီး/နည်းပြ/လ/ထပညာရေးမှူး သို့ ရာထူးလစာတူ ပြောင်းခွင့်ရှိသည်
ထိုနောက် လယ်အုပ်/ထက်အုပ်မှသည် ညွန်ကြားရေးမှူးချုပ်အထိ ရာထူးတိုးလျှောက်ခွင့်ရှိသည်
လ/ထ မူပြမှ လ/ထ လယ်ပြ
ဒုမူပြ မှ ဒု လယ်ပြ များသည် ရာထူးလစာတူသေည်လည်း ပညာသင်နယ်ပယ်မတူသောကြောင့် တိုက်ရိုက်ချိန်းခွင့်မရှိပေ
နောက်ဆုံးမှာ ချင်ပါက မိမိ သည် ဒု မူ ပြ /ဒုလယ်ပြ ဖြစ်ပါကသတ်မှတ် လုပ်သက် ရပါက B.Ed ဖြေခွင့်ရှိသည် B Ed ဘွဲ့ ရပါက မူလတန်း ပြ / အလယ်တန်းပြ
မလုပ်ချင်လျှင် မူအုပ် /အထက်တန်းပြ / လ/ ထပညာရေးမှုး/ဒုဦးစီး အဖြစ် ရာထူးတဆင့်ခုန် တိုးခွင့်ရှိသည်
ထိုမှ တဆင့် ညွှန်ကြားရေးမှူးချုပ်အထိ တိူးနိင်သည်
ရာထူး အဆင့်ဆင့် တိုးချင်ပါက B.Ed ဘွဲ့ ရအောင်ကြိုးစားကြပါ
#Crd ဦးရာဇာ
ဒုတိယအလယ်တန်းပြ(DJAT)
Comments
Post a Comment