" ကသတ်/တသတ်/ပသတ် ဆိုင်ရာ အလွဲ ၁၀၀ "

 " ကသတ်/တသတ်/ပသတ် ဆိုင်ရာ အလွဲ ၁၀၀ "

(အမှန်တွေကို ကွင်းခတ်ပေးထားပါတယ်)

***********************

1. ကျောင်းတတ် (ကျောင်းတက်)

2. ကျော်တတ် (ကျော်တက်)

3. ကျတ်သရေ (ကျက်သရေ)

4. ကတ်ကတ်လန် (ကက်ကက်လန်)

5. ကြွက်ဆက်ဆက် (ကြွပ်ဆတ်ဆတ်)

6. ခံစားတက် (ခံစားတတ်)

7. ခတ်ထန် (ခက်ထန်)

8. ခတ်ခဲ (ခက်ခဲ)

9. ခက်တည်တည် (ခပ်တည်တည်)

10. ခဲဖျတ် (ခဲဖျက်)

11. ခိုင်းဖက် (ခိုင်းဖတ်)

12. ချဉ်ဖက် (ချဉ်ဖတ်)

13. ချီတတ် (ချီတက်)

14. ငြိမ်သပ် (ငြိမ်သက်)

15. စကားတက် (စကားတတ်)

16. စာဖက် (စာဖတ်)

17. စွတ်ဖက် (စွက်ဖက်)

18. စွဲမတ် (စွဲမက်)

19. ဆူပွတ်  ( ဆူပွက် )

20. ဆံပင်ညှက် (ဆံပင်ညှပ်)

21. ဆက်ခနဲ (ဆတ်ခနဲ)

22. ဇတ်ကြော  (ဇက်ကြော)

23. တမင်သတ်သတ် (တမင်သက်သက်)

24. တရစက် (တရစပ်)

25. တစ်သတ်လုံး (တစ်သက်လုံး)

26. တတ်ကြွ (တက်ကြွ)

27. တတ်လမ်း (တက်လမ်း)

28. တက်ကျွမ်း (တတ်ကျွမ်း)

29. တက်အပ်သေချာ (တပ်အပ်သေချာ)

30. တက်မြောက် (တတ်မြောက်)

31. တက်မက်(တပ်မက်)

32. တက္ကသိုလ်တတ်(တက္ကသိုလ်တက်)

33. တမာရွတ် (တမာရွက်)

34. တံမြတ်စည်း (တံမြက်စည်း)

35. တိုးတတ် (တိုးတက်)

36. ထမင်းငက်(ထမင်းငတ်)

37. ထက်မြတ် (ထက်မြက်)

38. ထက်တလဲလဲ (ထပ်တလဲလဲ)

39. ထက်တူထက်မျှ (ထပ်တူထပ်မျှ)

40. ထပ်ကြပ်မကွာ (ထက်ကြပ်မကွာ)

41. ထွတ်လာ (ထွက်လာ)

42. ထွတ်ပေါ် (ထွက်ပေါ်)

43. ထိုးနှပ်(ထိုးနှက်)

44. နှုတ်ဆတ် (နှုတ်ဆက်)

45. နတ်မှောင် (နက်မှောင်)

46. ပတ်သတ် (ပတ်သက်) 

47. ပတ်သပ် (ပတ်သက်)

48. ပက်သက် (ပတ်သက်)

49. ပက်သတ် (ပတ်သက်)

50. ပက်ဝန်းကျင် (ပတ်ဝန်းကျင်)

51. ပညာတက် (ပညာတတ်)

52. ပြတ်ချော်ချော်  ( ပြက်ချော်ချော်)

53. ပြတ်ရယ်ပြု (ပြက်ရယ်ပြု)

54. ပြဿနာတတ် (ပြဿနာတက်)

55. ပုခတ် (ပုခက်)

56. ပွင့်ဖက် (ပွင့်ဖတ်)

57. ဖက်ဖက်မော (ဖတ်ဖတ်မော)

58. ဖောက်ဖျတ် (ဖောက်ဖျက်)

59. ဖုန်တတ် (ဖုန်တက်)

60. ဖျက်ခနဲ (ဖျတ်ခနဲ)

61. ဖျန်းပတ် (ဖျန်းပက်)

62. ဖျက်ဖျက်လူး (ဖျပ်ဖျပ်လူး)

63. ဖျတ်စီး (ဖျက်ဆီး)

64. ဖြတ်ဆီး (ဖျက်ဆီး)

65. မြတ်ပင် (မြက်ပင်)

66. မတ်မော (မက်မော)

67. မျတ်ရည် (မျက်ရည်)

68. မျက်မှန်တက်(မျက်မှန်တပ်)

69. ယက်တောင် (ယပ်တောင်)

70. ရလက် (ရလဒ်)

71. ရေပတ် (ရေပက်)

72. ရေတတ်ချိန် (ရေတက်ချိန်)

73. ရေးတက်ဖတ်တက် (ရေးတတ်ဖတ်တတ်)

74. ရင်ဘက် (ရင်ဘတ်)

75. ရက်ကွက် (ရပ်ကွက်)

76. ရုတ်တရတ် (ရုတ်တရက်)

77. လုပ်ရက် (လုပ်ရပ်)

78. လက်ယက်ခေါ် (လက်ယပ်ခေါ်)

79. လင်းလတ် (လင်းလက်)

80. လွတ်လက် (လွတ်လပ်)

81. လုပ်တက်ကိုင်တက် (လုပ်တတ်ကိုင်တတ်)

82. လျှပ်တစ်ပြတ် (လျှပ်တစ်ပြက်)

83. လျှက်စစ် (လျှပ်စစ်)

84. ဦးဘ "လက်ထပ်/ လပ်ထက်"တုန်းက (လက်ထက်)

85. လပ်ဝတ်လက်စား (လက်ဝတ်လက်စား)

86. ဝမ်းပျတ် (ဝမ်းပျက်)

87. ဝက်ရှော့ (ဝပ်ရှော့)

88. သစ်ခတ်(သစ်ခက်)

89. သက်မှတ် (သတ်မှတ်)

90. သွက်လတ် (သွက်လက်)

91. သွတ်လက် (သွက်လက်)

92. သိတက်စ(သိတတ်စ)

93. သိုင်းဖတ် (သိုင်းဖက်)

94. သွေးထွတ် (သွေးထွက်)

95. ဟုတ်တိပက်တိ (ဟုတ်တိပတ်တိ)

96. အကြက်နေ့  (အကြတ်နေ့)

97. အခတ်အခဲ (အခက်အခဲ)

98. အဖက်မတင်(အဖတ်မတင်)

99. အဖတ်လုပ် (အဖက်လုပ်)

100. အမြင့်တတ် (အမြင့်တက်)

*******************

လေးစားလျက်...

မောင်အေးကို(ပေါင်းတလည်)



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ