ဆရာကောင်းဆရာတော်များဖြစ်ရန် ​သိ​စေချင်​သောအရာများ

 👉စာမေးပွဲ(Examination)

-စာမေးပွဲသည် ဘာသာရပ် (သို့) ကျွမ်းကျင်မှုတစ်ခု၌ ကျောင်းသား၏ အသိပညာနှင့် တတ်ကျွမ်းမှုကို ပုံစံတကျ စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်သည်။ စာမေးပွဲသည် စာသင်ကာလ အပိုင်းအခြားတစ်ခု (သို့) စာသင်နှစ်တစ်နှစ် ပြီးဆုံးချိန်တွင် ကျောင်းသားများ ရရှိထားသည့် အသိပညာ၊ ကျွမ်းကျင်မှုများနှင့် တတ်ကျွမ်းမှုများ စစ်ဆေးအကဲဖြတ်ခြင်းကို အလေးထားသည်။ ယေဘုယျအားဖြင့် စာမေးပွဲများသည် သင်ယူအပြီး စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်သော်လည်း ယင်းစာမေးပွဲရလဒ်များကို သင်ကြားသင်ယူမှု တိုးတက်ရေးအတွက် အသုံးပြုပါက သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်သွားနိုင်သည်။


👉စစ်ဆေးမှု/စစ်ဆေးခြင်း (Test)

-စစ်ဆေးမှု/စစ်ဆေးခြင်း သည် ကျောင်းသားက မည်သည့်အရာကို သိသည် (သို့) မည်သည့်အရာကို လုပ်ဆောင်နိုင်သည်ကို မေးခွန်းမေးခြင်း (သို့) လက်တွေ့လုပ်ငန်းပေးခြင်းဖြင့် ရှာဖွေသောနည်းလမ်း ဖြစ်သည်။ အများအားဖြင့် စစ်ဆေးမှုသည် အချိန်တိုအတွင်း သင်ယူထားသော သတ်မှတ်အကြောင်းအရာနှင့် သက်ဆိုင်သည်။ အဓိကအားဖြင့် စစ်ဆေးမှုများသည် ကျောင်းသားက မည်သည့်အကြောင်းအရာကို မှတ်မိသည်၊ နားလည်သည်၊ အသုံးချနိုင်သည် အစရှိသည့် သတင်းအချက်အလက်များ ပေးသည်။ ယေဘုယျအားဖြင့် စစ်ဆေးမှုများသည် သင်ယူအပြီး စစ်ဆေးခြင်းဖြစ်သော်လည်း သင်ယူစဉ်စစ်ဆေးခြင်း အစိတ်အပိုင်းအဖြစ် သင်ကြားသင်ယူမှုကို တိုးတက်ကောင်းမွန်စေရန်နှင့် သတင်းအချက်အလက်များ ရရှိစေရန် အသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်သည်။


👉စစ်ဆေးအကဲဖြတ်ခြင်း (Assessment)

-စစ်ဆေးအကဲဖြတ်ခြင်းသည် ကျောင်းသား၏ သင်ယူမှု တိုးတက်ခြင်းနှင့် ပတ်သက်၍ဆုံးဖြတ်ချက်ချရာတွင် အကူအညီဖြစ်ရန် အထောက်အထားပေးသည့် စဉ်ဆက်မပြတ်ဖြစ်စဉ် ဖြစ်သည်။ စစ်ဆေးအကဲဖြတ်ခြင်းတွင်

-မျှော်လင့်ချက်များကို တိကျစေပြီး အများပြည်သူသိရှိအောင် ဆောင်ရွက်ခြင်း၊ 

-သင်ယူမှုအရည်အသွေးအတွက် သင့်လျော်သော စံများနှင့် မြင့်မားသောအဆင့်များ သတ်မှတ်ခြင်း၊ 

-မျှော်လင့်ချက်များ၊ အဆင့်များနှင့် လုပ်ဆောင်မှုတို့၏ ကိုက်ညီမှုအတိုင်းအတာကို ဆုံးဖြတ်ရန် အချက်အလက်များ စုဆောင်းခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် ရှင်းလင်းတင်ပြခြင်းတို့ကို စနစ်တကျဆောင်ရွက်ခြင်း၊ 

-ကျောင်းသား၏လုပ်ဆောင်မှုကို မှတ်တမ်းတင်ရန်၊ ရှင်းပြရန်နှင့် တိုးတက်စေရန်အတွက် ရလဒ်အဖြစ် ရရှိသော သတင်းအချက်အလက်များအား အသုံးပြုခြင်း စသည်တို့ ပါဝင်သည်။


#ဆရာကောင်းဆရာတော်များဖြစ်ရန်ရည်ညွှန်းလျက်

Credit;BEMS



Comments

Popular posts from this blog

အာဇာနည်နေ့ ကဗျာများ

အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ

G12စနှစ်သစ်မေးခွန်းပုံစံ