အလီလွယ်၂သင်ပေးကြမယ်
ဆရာမ ။ ၁
၂. -.......... ၂ × ၁=၂
၂+၂..........၂ × ၂=၄
၂+၂+၂......၂ × ၃= ၆
စသည်ဖြင့်
၂၊၄၊၆၊၈၊၁၀၊၁၂၊၁၄၊၁၆၊၁၈၊၂၀။
၅လီကို
၅၊၁၀၊၁၅၊၂၀၊၂၅၊၃၀၊၃၅၊၄၀၊၄၅၊၅၀။
ရေတွက်ပြီး ပေါင်းခြင်း ဆတိုးကို အရင်နားလည်အောင် သင်ပေးပြီး မြန်မြန်ရွတ်ဆိုနိုင်အောင် မှတ်မိအောင် ပေါင်းခြင်း ဆတိုးတာကို သင်ပေးပြီးမှ အလီကိုချပေးပြီး ကျက်ခိုင်းရင် ပိုပြီး လွယ်ကူစေပါတယ်
လွယ်တဲ့ ၂လီ ၅လီ ၁၀လီတွေကို ဖတ်စေပြီးမှ အခြားအလီတွေ ကို လွယ်လွယ်ကူကူ တိုးပြီးဖတ်မှတ်နိုင်သွားပါလိမ့်မယ်
ဆရာမ။ ၂
💓💓
💓💓 💓💓
💓💓 💓💓 💓💓
💓💓 💓💓 💓💓 💓💓
အဲ့လိုပုံလေးနဲ့
၂ပုံတစ်စု ဆွဲခိုင်းရင်း
နှစ်ပုံ ဆယ်စု ဆွဲ ပြီးကာမှ
အလီကိုဘေးက ရေးပြလိုက်ပြီး
ယှဥ်တွဲမြင်အောင်သင်ပါ
အိမ်ကသမီးကို ၅ နှစ်လောက်ထဲက
ပုံဆွဲဆော့ရင်း ကဗျာလိုဆိုခိုင်းလိုက်တာပါ
(အခြားနည်းလမ်းများစွာလဲရှိပါတယ်)
ဆရာမ။ ၃
ပုံမှန် နေ့တိုင်းအကြည့်ဖတ်ခိုင်းပါ အလေ့အကျင့်ဖြင့် ရလာလိမ့်မယ်
ဆရာမ။ ၄
အပေါင်းနဲ့တွဲပီးသင်ဥပမာနှစ်သုံးလီဆိုရင်နှစ်သုံးခါပေါင်းထားတာဖြစ်ကြောင်းရှင်းပြပီးသင်ရင်လွယ်ပါတယ်
Comments
Post a Comment