မူကြိုအရွယ် ၃ နှစ် မှ ၅ နှစ် လေးတွေကို သင်ပေးဖို့
မူကြိုအရွယ် ၃ နှစ် မှ ၅ နှစ် လေးတွေကို သင်ပေးဖို့ က
1) Lesson plan ရေးထားရပါမယ်။
2) သင်ထောက်ကူ ကြိုတင် ပြင်ဆင်ထားရပါမယ်။
3) သင်နည်းစနစ်တွေ ကြိုတင်လေ့ကျင့်ထားရပါမယ်။
4) ကလေးတွေရဲ့ လက်ရှိစိတ်အခြေအနေကို အကဲခတ်တတ်ရပါမယ်။
5) စိတ်ရှည်သည်းခံ တတ်ရပါမယ်။
6) ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူစေနိုင်ရပါမယ်။
1) Lesson plan
အင်မတန်အရေးကြီးပါတယ်။
တနှစ်စာ paln ချပါ။ တလစာ plan ခွဲပါ။ တပတ်စာ plan စီစဥ်ပါ ။ ကလေးတယောက် ဘာကို ရသွားစေချင်တာလဲ။ ဘယ်အထိ သိသွားစေချင်တာလဲ။
သိမှုနယ်ပယ်၊ နားလည် သဘောပေါက်မှု နယ်ပယ် နဲ့ ပြန်လည်အသုံးချနိုင်မှု နယ်ပယ်ထိ နယ်ပယ်၃ ရပ် ထိရောက်ပါစေ။
2) သင်ထောက်ကူ
မူကြိုအရွယ် မှ အတန်းကြီးထိ သင်ထောက်ကူ မသုံးဘဲသင်တာနဲ့ သုံးပြီးသင်တာ ပေါက်မြောက်မှု နယ်ပယ် မတူပါဘူး။ သင်ယူကြာချိန် မတူပါဘူး။သင်ထောက်ကူကို စျေးကြီးမှ မဟုတ်ဘူး လမ်းဘေးက ကျောက်ခဲ သစ်ပင်က သစ်ရွက်ကနေပြီး မီးဖိုချောင်က အိုးခွက်ပန်ကန် ဟင်းချက်စရာ အဆုံး အကုန်အသုံးတည့်ပါတယ်။ သုံးတတ်ဖို့နဲ့ ကြိုပြင်ထားဖို့ဘဲ လိုတာပါ။
3)သင်ကြားနည်းစနစ်
ဆရာဆရာမများ မိဘများ သင်ကြားနည်း (၂၁ နည်း) တော့ ကောင်းကောင်းသဘောပေါက်သိရှိထားဖို့ လိုပါတယ်။
5)စိတ်ရှည်သည်းခံရပါတယ်။
6) ပျော်ပျော်ရွှင်ရွှင် စာသင်
စာသင်တဲ့နေရာက အေးချမ်းရပါမယ်။
ကလေးစိတ်ကြည်နူးလာအောင် သင်ကြားနည်းတွေထဲက တခုခုနဲ့ စာသင်ဖို့ နိဒါန်းပျိုးနေရတာနဲ့ သတ်မှတ်အချိန် ကုန်သွားတာမျိုး မဖြစ်စေကြပါနဲ့။ကလေးစိတ်ကြည်ပြီး ပျော်နေတဲ့ စာသင်ခန်းနဲ့ သင်ကြားနည်းတွေ ဖြစ်ပါစေ။
မန္တလေး
ပန်းမြတ်တော်ဝင်
ဆရာသော်ဇင်ဦး
Comments
Post a Comment