မူအောက်ဆင့် စစ်ဆေးအကဲဖြတ်တာနဲ့ပတ်သတ်ပြီး ဆွေးနွေးချင်ပါတယ်
မင်္ဂလာပါ
မူအောက်ဆင့် စစ်ဆေးအကဲဖြတ်တာနဲ့ပတ်သတ်ပြီး ဆွေးနွေးချင်ပါတယ်
မူထက်ဆင့် G4 G5က တစ်နှစ်မှာ ၄ကြိမ်စစ်ဆေးရပါမယ် မူအောက်ဆင့်မှာ စာသင်ခန်းတွင်း ပုံမှန်တတ်မြောက်မှုစစ်ရမှာပါ အဲတော့ ကျွန်မတို့က မူအောက်ဆင့်ကို ဘယ်လိုတတ်မြောက်မှုစစ်ဆေးမလဲ ဘယ်လိုအမှတ်ပေးကြမလဲ စစ်ဆေးပြီးရင်လည်း တစ်ဦးချင်း သင်ယူမှုရလဒ်ကို ဖြည့်ကြရမှာပါ
ကျွန်မတို့ဟာ ကလေးတစ်ဦးချင်းရဲ့ တတ်မြောက်မှုကို စာသင်စဥ်လည်းစစ်ဆေးအကဲဖြတ်ရပါတယ် သင်ခန်းစာခေါင်းစဥ်တစ်ခု သင်ကြားပြီးတိုင်းလည်းစစ်ဆေးအကဲဖြတ်ရပါတယ်
ကျွန်မတို့ ကလေးတစ်ဦးချင်းသင်ယူမှုရလဒ်ဖြည့်ရတဲ့အခါကျ ခေါင်းစဥ်အလိုက် လအလိုက် ဖြည့်ကြရပါတယ် A S Eအမှတ်ပေးရတဲ့အခါ ကျွန်မတို့က ရမ်းပြီးအမှတ်ပေးလို့အဆင်မပြေပါဘူးရှင် အမှန်အကန်ဖြည့်ကြရမှာပါ
အဲတော့ ကျွန်မက လပိုင်းမာတိကာအတိုင်း တစ်လတစ်ကြိမ် သင်ခန်းစာအားလုံးခြုံပြီး မေးခွန်းထုတ်ပါတယ် တစ်လတစ်ကြိမ်လည်း စစ်ဆေးအကဲဖြတ်ပါတယ်ရှင် အဲတော့ ကလေးက ဇွန်လတစ်လလုံးစာသင်ခန်းစာအားလုံးကို ဘယ်လောက်တတ်မြောက်သွားသလဲ သိနိုင်ပါတယ်
ကျွန်မပြောချင်တာက လပိုင်းမာတိကာအရ တစ်လတစ်ကြိမ် မေးခွန်းပုံစံရေးပြီး ကလေးတစ်ဦးချင်းတတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရင် အဆင်ပြေမယ်ထင်ပါတယ် ကွန်မရဲ့အကြံပြုချက်ကို ဆွေးနွေးပေးပါ့ရှင့် လိုအပ်ချက်ကိုလည်း ပြောပြပေးပါ
🌿သာယာပျော်ရွှင်စရာ နေ့တစ်နေ့ဖြစ်ကြပါစေ
#crd
#credit
Comments
Post a Comment