Grade 5 English Unit 3 မှာ ပါတဲ့ Florence Nightingale အကြောင်း Get link Facebook X Pinterest Email Other Apps August 31, 2022 Grade 5 English Unit 3 မှာ ပါတဲ့Florence Nightingale အကြောင်းလေးကိုပြည့်ပြည့်စုံစုံ ရှင်ပြချင်သော တီချယ်များအတွက်...❤#SayaHtetOnlineClass ❤ Get link Facebook X Pinterest Email Other Apps Comments
အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ July 05, 2024 📌📌📌အာဇာနည်နေ့(Martyrs Day) အကြို စာစီစာကုံးပြိုင်ပွဲ၊ဟောပြောပွဲ၊ကဗျာနှင့်ပန်းချီပြိုင်ပွဲအတွက်မေးထားတာလေး စုဆောင်းထားမိသမျှလေးတွေပါ❤ #အာဇာနည်နေ့အကြောင်း ========================== မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးစားထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင် (၉) ဦး လုပ်ကြံခံခဲ့ရသော ဝမ်းနည်းဖွယ်နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ကာ အစိုးရရုံးပိတ်ရက်အဖြစ် သက်မှတ်ပြီး နိုင်ငံတော်အလံကို တိုင်တဝက်လွှင့်ထူခြင်း၊ သံရှည်ဥဩဆွဲခြင်းတို့ဖြင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကိုပြကြသည်။ အာဇာနည်နေ့သမိုင်းအကျဉ်း ၁၉၄၇၊ မြန်မာစံတော်ချိန် ၁၀နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လည်ရှိ အတွင်းဝန်များရုံး၊ ဝန်ကြီးများရုံး၌ အစည်းအဝေးပြုလုပ်နေချိန်ဖြစ်သည်။ ထိုအချိန်တွင် အင်္ဂလိပ်မြို့စောင့်တပ် အမှတ် (၁၂) ၏ စစ်ယူနီဖောင်းအပြည့်အစုံကိုဝတ်ဆင်ကာ စစ်သေနတ်ဖြင့် အစည်းအဝေးပြုလုပ်နေသော ခန်းမထဲသို့ဝင်ရောက် ပစ်ခတ်ခဲ့ကြသည်။ အဆိုပါပစ်ခတ်မှုအား နိုင်ငံတော်လုပ်ကြံမှုအဖြစ် သတ်မှတ်ခဲ့ကာ အတိုက်အခံ နိုင်ငံရေးအင်အားစု... Read more
အာဇာနည်နေ့ ကဗျာများ August 31, 2022 #မြန်မာစာ #မမ #ကဗျာများ #စာစီစာကုံးများ #အာဇာနည်နေ့ ကဗျာများ တွေ့သောနေရာမှ ကူးယူသိမ်းဆည်းထားသော အာဇာနည်နေ့နှင့် ပတ်သတ်သောကဗျာများပါ။မူရင်းရေးသူများအားလုံး Creditပေးသည်။ ကျနော်ငယ်ငယ်တုံးကသင်ခဲ့ရတဲ့အကြိုက်ဆုံး ဗိုလ်ချုပ်ဂုဏ်ပြု ကဗျာ ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ ၁၉၁၅ ရှေ့နေဦးဖာသား ဇာတိနတ်မောက်မကွေးခရိုင် သိကြ များခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား ၁၉၄၇ ပြောင်းကြွ တမလွန် မျက်ရေသွန်လို့ ဘဝန်ငြှိုး ဇူလိုင် တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင် ကောင်းစေချင်တဲ့ မှာစကား ငါတို့မမေ့အား။ ************************************************ ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပန်) မသိ၍ဆို ၊ မလို၍ပြော ။ သူ့စိတ်မှာ အလွန်ယဉ်လို့ ၊ သူ့ဥာဉ်မှာ အလွန်သန့်တယ် ၊ ထူးချွန့်သဘော ။ မသိ၍ထင် ၊ မမြင်၍ပြော ။ သူ့ဝိဥာဉ် မသေပျောက်ပါဘူး ၊ မိုးပေါက်လို အစဉ်ကြည်လို့ ၊ နေခြည်လို အစဉ်လန်းကာ ၊ ဖျန်းဆွတ်စိတ်စော ။ ။ (မင်းသုဝဏ် - ၁၉၆၄ ၊ ဇူလိုင် -၁၉) ******************... Read more
🔰🔰 မြန်မာ့စကားထာ🔰🔰 August 30, 2022 🔰🔰 မြန်မာ့စကားထာ🔰🔰 ====================== စကားထာ ဆိုသည်မှာ `တစ်ဖက်သား၏ ဉာဏ်ကို စမ်းလိုသောကြောင့် ကွယ်ဝှက်သော အနက်အဓိပ္ပါယ်တို့ဖြင့် ဖန်တီးထားသည့် အဆိုအမိန့်၊ အဖွဲ့အနွဲ့၊ အမေးပုစ္ဆာ၊ ပဟေဠိ ဟူ၍ ဖွင့်ဆိုသည်။ စကားထာသည် (စကားဓာရ) မှ (စကားဓာ)(စကားထာ) ဖြစ်လာသည်ဟု ဆိုကြသည်။ ဓာရသည် ဆောင်သည်ဟူသော အနက်ရှိသဖြင့် ဆောင်ထားအပ်သော စကားဟူ၍ ဖြစ်နိုင်သည်။ တဖန် ပါဠိဘာသာ ဌာပန သက္ကတဘာသာ သ္ထာပန မြန်မာဘာသာ ထားခြင်း အနက်ကို ဆောင်ပေသည်။ မုန့်ကို ဌာပနာ သကဲ့သို့ စကားကိုလည်း ဌာပနာသည်ဟု သုံးစွဲရာမှ စကားဌာပနာ၊ စကားထာ ဖြစ်လာလေမည် ဟု စဉ်းစားကြသေးသည်...။ စကားထာ ဆိုသည် မိမိရည်ညွှန်းလိုသော အရာကို သွယ်ဝိုက်ကာ ဝှက်ထားသော စကားစုကို ခေါ်ဆိုသည်။ စာမတတ်ခင်က မြန်မာတွေရဲ့ "ပါးစပ်စာပေ"ထဲမှာ မြန်မာစကားထာတွေလည်းပါဝင်ပါသည်...။ စကားထာအကြောင်းအရာများက... တောတောင်သဘာဝ နေ့စဉ်သုံးပစ္စည်းဆိုင်ရာ သားငှက် လူ့ကိုယ်ခန္ဓာ အပင် တို့နှင့်ပတ်သတ်သည့် အကြောင်းများဖြစ်ပြီး ချစ်မှုရေးရာစကားထာများလည်း သီးခြားတည်ရှိသေးသည်။ စကားထာများ စုစည်းမိသမျှတင်ပြရလျှင်-... ၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး) ... Read more
Comments
Post a Comment