Essay ရေးသားနည်း
Essay ရေးသားနည်း
-------------------------
အင်္ဂလိပ်လူမျိုး မဟုတ်တဲ့သူ တစ်ဦးကို အင်္ဂလိပ်လို စာရေးစမ်းပါလို့ ခိုင်းရင် သူတတ်ကျွမ်းတဲ့ သူ့ရဲ့ မိခင်ဘာသာစကားနဲ့ အရင်စဉ်းစားပေလိမ့်မည်။တွေးပေလိမ့်မည် ။
တရုတ်က တရုတ်လို အရင်တွေးမယ်
ပြင်သစ်က ပြင်သစ်လို အရင်စဉ်းစားမယ်
ရှမ်းက ရှမ်းလို ၊ ဗမာက ဗမာလို တွေးပေလိမ့်မည်။
အဲ့လိုတွေးပြီးမှ ကိုယ်တတ်သမျှ မှတ်သမျှ အင်္ဂလိပ်စာနဲ့ ရေးချလိုက်မှာပဲ ။
ဘာသာစကားတစ်ခုနဲ့တစ်ခု သဒ္ဒါ ၊ အသုံးအနှုန်း ၊ ရေးနည်းမတူကြတဲ့အတွက် တခြားဘာသာစကားတစ်ခုနဲ့ တွေးမိတဲ့ အတိုင်း အင်္ဂလိပ်လို တိတိကျကျ ရေးချလိုက်ရင် အမှားတွေချည်းဖြစ်မှာ သေခြာပါတယ် ။
ဥပမာ-
” ကျွန်တော် မနက်တိုင်း ကျောင်းကိုသွားတယ် "
ကျွန်တော် = I
မနက် = morning
တိုင်း = every
ကျောင်း = school
ကို (သို့) = to
သွားတယ် = go
ဒါကို ရေးချလိုက်ရင်
" I morning every school to go. "
လို့ ဖြစ်သွားတယ်။ ( အင်္ဂလိပ်စာရေးထုံးအရ သွတ်သွတ်ခါအောင် မှားပြီပေါ့ ။)
အင်္ဂလိပ်လို ပီပီပြင်ပြင် ရေးရင်-
" I go to school every morning. "
(သို့မဟုတ်)
" Every morning I go to school."
လို့ ရေးမှ မှန်ပါတယ် ။
နောက်ထပ် ဥပမာ-
" နေဝင်ရင် သူတို့ပြန်လာလိမ့်မယ် "ဆိုတာကို
အင်္ဂလိပ်လို အတိအကျ ပြန်ရေးရင်
နေ = the sun
ဝင် = sets
ရင် (သောအခါ) = when
သူတို့ = they
ပြန် = back
လာ = come
လိမ့်မယ် = will
" The sun sets when they back come will. " လို့ဖြစ်သွားပါတယ်။
မှန်ကန်တဲ့ အင်္ဂလိပ်လို ရေးရင်တော့
" They will come back when the sun sets. " ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ မိခင်ဘာသာစကားနဲ့ တွေးမိ စဉ်းစားမိတာတွေကို အင်္ဂလိပ်သဒ္ဒါ ၊ အသုံးအနှုန်း ၊ ရေးထုံးမှန်မှန်နဲ့ ပြန်ရေးနိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ခုလို ကိုယ့်ရဲ့မိခင်ဘာသာ ဗမာလိုတွေးပုံ ၊ တွေးမိတဲ့အတိုင်း အင်္ဂလိပ်လို အတိကျရေးပုံ ပြီးတော့မှ ပီပြင်တဲ့ အင်္ဂလိပ်စာအရေးအသား ဖြစ်အောင် ပြန်စီပုံတွေကို လေ့လာပြီး " သြော် .... မြန်မာစာ အရေးအသားနဲ့ အင်္ဂလိပ်စာ အရေးအသားဟာ အလွန်ခြားနားပါလား။
အင်္ဂလိပ်စာဆိုတာ ဒီလိုရေးရပါလား လို့ (ရေးတေးတေးပဲဖြစ်ဖြစ်) သဘောပေါမယ်ဆိုရင် အလွန်တရာ ဝမ်းသာပီတိ ကျေနပ်မိပါတယ်။
2023 အတွက် အရေးကြီးတဲ့ Essay တွေကို ပုံစံတူ ခေါင်းစဉ်လေးတွေစုပြီး ဖော်ပြပေးလိုက်ပါတယ်။ အလွတ်မကျက်ပါနဲ့ ကိုယ်ပိုင်အရေးအသားဖြစ်အောင် လေ့ကျင်ရေးသားပါ။
ကျောင်းသား/သူအားလုံး ထူးချွန်အောင်မြင်နိုင်ပါစေ
Comments
Post a Comment