လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အတွက် ပန်းချီ ကာတွန်း
လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အတွက်
ပန်းချီ ကာတွန်း
စာစီစာကုံးအထောက်အကူအဖြစ် အသုံးဝင်ပါလိမ့်မယ်ရှင်
🙋
👉လူကုန်ကူးမှုဆိုသည်မှာ👈
✍ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊
✍လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသောအခြေအနေကိုအလွဲသုံးစားပြုလုပ်ခြင်းစသည့်နည်းလမ်းများကိုအသုံးပြုပြီး
✍လူစုဆောင်းခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊
ခိုလှုံခွင့်ပြုခြင်း၊ လက်ခံခြင်းများကို လုပ်ဆောင်ကာ
✍မိမိဆန္ဒမပါဘဲအဓမ္မစေခိုင်းခံရခြင်း၊ ကျွန်ပြုခံရခြင်းလိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်အသုံးချခံရခြင်းစသည်တို့ကို ဆိုလိုသည်။
🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚🤚
ဒါလေးတွေတော့သတိထား
❌• လူပွဲစားများ အပါအဝင် မည်သူ့ကိုမျှ အလွယ်တကူ
မယုံပါနှင့်။
⭕• (လူစုဆောင်းသူ၏ လိပ်စာ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်များကို ဂရုစိုက်လေ့လာမှတ်သားထားပါ။)
❌• မိမိမကျွမ်းကျင်သည့်ဒေသသို့ သွားရန် ချက်ချင်းမဆုံးဖြတ်ပါနှင့်။
⭕• အခြားနိုင်ငံသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ပါက၎င်းနိုင်ငံ၏ဥပဒေအရအရေးယူခံရမည်။
❌• အလုပ်အကိုင်ကောင်းကောင်းရမည် ငွေကြေးချမ်းသာသည့်ယောက်ျား ရှာဖွေပေးမည်ဟု မက်လုံးပေးပြောလာသူအား မယုံကြည်ပါနှင့်၊ မိမိနဲ့မသိတဲ့ သူစိမ်းတွေနဲ့ လိုက်မသွားပါနှင့်။
⭕မိသားစု၊ ဆွေမျိုးများနဲ့သာအတူတူနေသင့်ပါတယ်။
👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️
လူကုန်ကူးခြင်းဖြစ်စဉ်များသည် ပြည်ပတွင်သာမက
ပြည်တွင်း၌လည်း ဖြစ်နိုင်ပါသည်။
👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️👮👮♀️
#Credit📷
Comments
Post a Comment