ကလေးကို ဘယ်အရွယ်ကစပြီး စာစရေးခိုင်းခဲ့လဲ?
ကလေးကို ဘယ်အရွယ်ကစပြီး စာစရေးခိုင်းခဲ့လဲ?
ခဲတံစကိုင်တော့ အခက်အခဲတွေရှိခဲ့လား?
ကလေးက အိမ်မှာ ဖုန်းနဲ့ပဲ့နေတာမျိုးလား?
စသဖြင့် ကျွန်မတို့ တီချယ်တွေက မေးတဲ့အခါ အချို့မိဘတွေက သေသေချာချာဖြေတတ်ကြပေမဲ့ အချို့မိဘတွေကတော့ ကိုယ်တိုင်လဲ မမှတ်မိသလို သိပ်ပြီလည်း အာရုံမစိုက်တာတွေ့ရပါတယ်
တကယ်တော့ ကလေးတွေကို စာသင်ရတယ်ဆိုတာက စာသင်ပေးရုံပဲ့ မပြီးဘဲ ကလေးရဲ့ ဉာဏ်ရည်၊ ဝါဿနာ၊ Learning Style ၊ အားသာချက်၊ အားနည်းချက်၊ အာရုံစိုက်နိုင်မှု(အာရုံမစိုက်နိုင်တဲ့ ကလေးအတွက်က အဖြေရှာရတယ်၊ အိမ်မှာ ဖုန်းနဲ့ပဲ့ နေတတ်တဲ့ကလေးက အများနည်းတူ အာာရုံမစိုက်နိုင်တာမျိုးဖြစ်တတ်ပါတယ်)
စတဲ့ ကလေးရဲ့ Profileသေချာပြုစုဖို့ လိုအပ်ပါတယ်။
သီချင်းဆိုတာကြိုက်တဲ့ ကလေးကို Music basedနဲ့ သင်ရတာရှိသလို ပုံပြောတာကြိုက်တဲ့ ကလေးကိုလည်း ပုံပြင်လေးတွေဖန်တီးပြီး Learning is fun ဖြစ်အောင် ကြိုးစားကြရတဲ့အတွက် မေးခွန်းလေးတွေကို သေချာဖြေစေလိုပါတယ်။
#တွေ့ရဆုံရဆရာမဘ၀
#TeacherMia
PhotoCrd-Google

Comments
Post a Comment