ဆရာများရှောင်ရှားသင့်သောအကျင့်စရိုက်များ။
#ဆရာများရှောင်ရှားသင့်သောအကျင့်စရိုက်များ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၁။ #အတန်းကို ငြိမ်သက်စေဖို့ စားပွဲကို မထုပါနှင့်
အတန်းက ငြိမ်တော့ငြိမ်သွားမယ်။ ကျောင်းသားများ ကျေကျေနပ်နပ်ကြီး
မဟုတ်လို့ပါ။
၂။ #စိတ်ဆိုးလို့ စာသင်ခန်းကနေ ထွက်မသွားပါနှင့်
စာသင်ချင်တဲ့ ကျောင်းသားစိတ်အားငယ်သွားမယ်။
မသင်ချင်တဲ့ကျောင်းသား ခိုးပြီးပျော်နေမယ်။
၃။ #ကလေးများကို အော်ဟောက်ပြီး မဆုံးမပါနှင့်
#အော်ဟောက်သံနဲ့ အကျိုးထိရောက်မူ မသက်ဆိုင်လို့ပါ။
၄။ #ကလေးများတစ်ခုခု အပြစ်လုပ်မိရုံနဲ့ သူတို့မိဘကို
အကြောင်းမကြားပါနှင့်
ကလေးများက မနှစ်သက်သလို မိဘများလည်း ကြိုက်မှာ မဟုတ်ပါဘူး။
၅။ #လူအများရှေ့မှာ ကလေးများကို #အရှက်ခွဲတဲ့ပုံစံနဲ့မဆုံးမပါနှင့်
ကလေးများ သိမ်ငယ်သွားစေနိုင်တယ်။ အမုန်းပွားစေနိုင်တယ်။
၆။ #ကလေးကိုဆုံးမတဲ့အခါမှာအနာဟောင်းကို မဖေါ် ပါနှင့်
ရှိတဲ့အပြစ်ကိုပဲ ပြောပါ။ အနာဟောင်းကို ခဏခဏ ဆွရင်
ပြန်ကျူးလွန်ဖို့ သတိပေးသလို ဖြစ်နေတတ်တယ်။
ရ။ #ကလေးများရဲ့အပြစ်ကိုပုံကြီးမချဲ့မိပါစေနှင့်၊
မုန့်နဲနဲ ခိုးစားမိတာနဲ့ သူခိုးလို့ တင်စားတာမျိုး ရှောင်ကျဉ်ပါ။
၈။ #ကျောင်းသားတစ်ဦးရဲ့ ရှေ့ မှာ အခြားကျောင်းသားတစ်ဦးရဲ့
မကောင်းကြောင်းကို မပြောမိပါစေနှင့်၊
အတင်းတုတ်တဲ့သူဟာ အတင်းသမားသာဖြစ်တယ်။
ကျောင်းဆရာ မဟုတ်ပါ။
၉ ။ #အထင်အမြင်သေးတဲ့ အမူအယာနဲ့ ကျောင်းသားကို
မဆက်ဆံမိ ပါစေနှင့်၊
ဘယ်ကျောင်းသားကိုမှ စိတ်ထဲမှာ အထင်မသေးမိပါစေနှင့်၊
ကိုယ်ကအထင်သေးမိရင် ကျောင်းသားများ ခံစားမိနိုင်လို့ပါ။
၁၀။ #ကလေးရတဲ့အမှတ် တစ်ခုတည်းနဲ့ ကလေးကို မဆုံးဖြတ်ပါနှင့်၊
စာရိတ္တဟာ ရမှတ်ထက် အဆပေါင်းများစွာ အရေးကြီးပါတယ်။
၁၁။ #ကလေးကိုဆုံးမတဲ့အခါကလေးရဲ့ခန္ဒာကိုယ်အားနည်းချက်၊
မိသားစု အားနည်းချက်များကို မဆက်စပ်မိပါစေနှင့်၊
ဥပမာ၊ မင်းအဖေနဲ့ တူတူပဲ၊ မင်းဦးလေးနဲ့ တူချင်လို့လား ဆိုတဲ့
ဆုံးမစကားမျိုး ရှောင်ကျဉ်ပါ။
၁၂။ #အပြင်ကစိတ်ဆိုးမူများကိုအတန်းထဲသို့ သယ်မသွားပါနှင့်
မိန်းမနဲ့ ရန်ဖြစ်လာလို့ အတန်ထဲမှာ ကျောင်းသားများကို
တန်းစီအပြစ်ပေးတာမျိုး လုပ်မိရင် သင်ကျောင်းဆရာ မလုပ်သင့်တော့ပါ။
၁၃။ #ကျောင်းသားများရဲ့ရှေ့မှာအခြားဆရာများမကောင်းကြောင်း
လုံး၀ မပြောမိပါစေနှင့်
ကိုယ့်သင်နည်းနဲ့ ကိုယ်ပဲ၊ လုပ်ဖေါ်ကိုင်ဘက်ကို သွားဝေဖန်မိရင်
ဘယ်သူ့အတွက်မှ မကောင်းပါ။
၁၄။ #ကလေးကိုစာသင်တဲ့အခါ စိတ်မပါတာမျိုး မဖြစ်စေနှင့်
စာသင်တဲ့အခါ ထဲထဲ၀င်၀င်ဖြစ်ပါစေ၊ စိတ်နှစ်ကိုယ်နှစ် ဖြစ်ပါစေ။
၁၅။ #ကလေးတစ်ဦးစီတို့ရဲ့ချစ်စရာကောင်းတဲ့အချက်များကို
လစ်လျူ မရူ့ မိပါစေနှင့်၊
ကလေးရဲ့ ကောင်းကွက်ကို တွေ့မှ ကလေးတိုးတက်အောင် ဆွဲတင်နိုင်မယ်။
၁၆။ #စာတော်တဲ့ ကလေးများ အပြစ်ကို လစ်လျူရူ့ တာမျိုး မပြုလုပ်ပါနှင့်၊
ဘာအမှားလုပ်လုပ်၊ စာတော်ရင် ခွင့်လွတ်တယ်ဆိုတဲ့
ဆရာမျိုး မဖြစ်ပါစေနှင့်။
အကျင့်စာရိတ္တ ထက်အရေးကြီးတဲ့ အရာ မရှိပါ။
#Ref:
#we chat
Comments
Post a Comment