အာဇာနည်နေ့ ကဗျာများ
![Image](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtw0UvAbQXOHlo8EQbxyMH2du85hr2bhblULzqtrQreSaavweXN1Ux6Jo_VQKUhY57ASqHTFHIpoZhJ94-uyqD4-eCaq6bL_LsszX45AKXhzBHY7wmySFsi3CMX9hRDrYPLGoKENGVGY7sLkne8D4LoyQ6ERHAwyH5OtokIXWQwOdPJGeAqHZZ3BRK/s320/FB_IMG_1661994121632.jpg)
#မြန်မာစာ #မမ #ကဗျာများ #စာစီစာကုံးများ #အာဇာနည်နေ့ ကဗျာများ တွေ့သောနေရာမှ ကူးယူသိမ်းဆည်းထားသော အာဇာနည်နေ့နှင့် ပတ်သတ်သောကဗျာများပါ။မူရင်းရေးသူများအားလုံး Creditပေးသည်။ ကျနော်ငယ်ငယ်တုံးကသင်ခဲ့ရတဲ့အကြိုက်ဆုံး ဗိုလ်ချုပ်ဂုဏ်ပြု ကဗျာ ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ ၁၉၁၅ ရှေ့နေဦးဖာသား ဇာတိနတ်မောက်မကွေးခရိုင် သိကြ များခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင် ဒေါ်စုသား ၁၉၄၇ ပြောင်းကြွ တမလွန် မျက်ရေသွန်လို့ ဘဝန်ငြှိုး ဇူလိုင် တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် ဒို့ဖခင် ကောင်းစေချင်တဲ့ မှာစကား ငါတို့မမေ့အား။ ************************************************ ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့်ပစ္စုပ္ပန်) မသိ၍ဆို ၊ မလို၍ပြော ။ သူ့စိတ်မှာ အလွန်ယဉ်လို့ ၊ သူ့ဥာဉ်မှာ အလွန်သန့်တယ် ၊ ထူးချွန့်သဘော ။ မသိ၍ထင် ၊ မမြင်၍ပြော ။ သူ့ဝိဥာဉ် မသေပျောက်ပါဘူး ၊ မိုးပေါက်လို အစဉ်ကြည်လို့ ၊ နေခြည်လို အစဉ်လန်းကာ ၊ ဖျန်းဆွတ်စိတ်စော ။ ။ (မင်းသုဝဏ် - ၁၉၆၄ ၊ ဇူလိုင် -၁၉) ******************...