Grade 5  English ဘာသာ သင်နည်း အနှစ်ချုပ်

 Grade 5  English ဘာသာ သင်နည်း အနှစ်ချုပ်


အင်္ဂလိပ်စာရဲ့ 4-Skills က……….

1. Listening and Speaking

2 Reading and Writing

3. Culture

4. Language


G 1, G 2 နဲ့ G 3 ကို အချင်းချင်းပြောဆိုမှုအခြေခံစွမ်းရည်- Basic interpersonal communication skill

(BICS) ရအောင်သင်။

G 4 နဲ့ G 5 ကို BICS ကိုလည်း ရအောင်သင်ရမယ်။

သိမှုပညာရပ်ဆိုင်ရာ ဘာသာစကား ကျွမ်းကျင်(CALP) Cognitive academic language proficiency

ကိုလည်းရအောင်သင်ရမယ်။


English ဘာသာကို သင်တော့မယ်ဆိုရင်…

၁။ ကျောင်းသုံးစာအုပ်နဲ့ ဆရာလမ်းညွှန်ကိုဖတ်။

၂။ သင်ယူမှုဦးတည်ချက်ကိုကြည့်ပြီး ကလေးအတွက်

     ဘာကိုရစေချင်လဲ ဆိုတာ သိအောင်လုပ်။

၃။ သင်ခန်းစာအတွက်လိုအပ်တဲ့ သင်ထောက်ကူ လုပ်။

၄။ သင်ယူနေစဉ် စစ်ဆေးအကဲဖြတ်နိုင်အောင် ပြင်ဆင်။

၅။ သင်ယူမှုအတွက် ခွဲဝေအချိန်တွေကို သေချာလေ့လာ။


Grade-5 English မှာ Unit ၁၀-ခုရှိတယ်။

Unit ၁-ခုမှာ Lesson ၂-ခု ပါတယ်။

Lesson ၁-ခုမှာ စာသင်ချိန် ၆-ချိန်ပါတယ်။

စာသင်ချိန် ၁ ကနေ စာသင်ချိန် ၄ အထိ ဘာသာစကား(Language)ကိုအဓိကထားသင်ရတယ်။ 


(Language)ရအောင် ဘယ်လိုသင်မလဲ။

စာသင်ချိန် ၁ မှာ(Learn)။ စကားလုံး အသစ်‌သင်ယူမယ်။

စာသင်ချိန် ၂ မှာ (Try/extend)။

စာသင်ချိန် ၁ က သင်ထားတဲ့ဟာကို

Reading, Writing, Speaking တွေနဲ့ လေ့ကျင့်မယ်။


စာသင်ချိန် ၃ နဲ့ ၄ ကလည်း စာသင်ချိန်(၁+၂) လိုပဲ။


စာသင်ချိန် ၅ မှာ Readeing (Pre-Reading, Reading, Post-Reading) အဆင့် ၃-ဆင့်နဲ့ ရွတ်ဖတ်တတ်အောင်

သင် မယ်။


စာသင်ချိန် ၆ မှာ Writing ကို(Pre-writing, Writing, Post-Writing) အဆင့် ၃-ဆင့်နဲ့ ရေးသားတတ်အောင် 

သင်မယ်။


ကဲ Lesson (1+2)ပြီးတဲ့အခါ Review ၂-ချိန် လုပ်မယ်။

Review ချိန်-၁ က Lesson-1 အတွက်။

Review ချိန်-၂ က Lesson-2 အတွက်။

Project ၃-ချိန်(Plan, Do, Present) လုပ်မယ်။ ဒါပဲ။


ဒါကြောင့် အင်္ဂလိပ်စာဘာသာမှာ သင်ယူနေစဉ်

စစ်ဆေးခြင်းလုပ်ရင် နယ်ပယ် ၄-ခုကို အခြေခံပြီး

(Learn)နိုင်ရဲ့လား။ (Extend or try) နိုင်လား။

Project မှ (plan)နိုင်ရဲ့လား။ (Do)နိုင်လား။

(Presnet)နိုင်ရဲ့လား။ ဒါတွေကို စစ်ဆေးရမှာပါ။

(ပုံစံဇယားရှိပါတယ်)။


အဲ English ဘာသာရဲ့ Lesson တစ်ခုကို

သင်နေတဲ့ ပုံစံက ယခင်အတိုင်းသင်လို့မရတော့ဘူး။

စနစ်သစ်ပညာရေးမှာ အတန်းတိုင်း၊ ဘာသာတိုင်း၊

သင်ခန်းတိုင်း မျှော်မှန်းထားတဲ့ 21st Century Skill

ဖြစ်တဲ့C-၅လုံးရအောင် သင်ပေးရမှာပါ။ ဒါကြောင့်….


အုပ်စုလုပ်ငန်းတွေလုပ်ခိုင်းမယ်၊ ideas မျှဝေခိုင်းမယ်။

အတူတကွဖြေရှင်းခြင်းတွေနဲ့သင်ပေးမယ်ဆိုရင်

ကလေးတွေအနေနဲ့ #Collaboration ကိုရစေမယ်။


ရေးစေခြင်း၊ ဖတ်စေခြင်း၊ ပြောစေခြင်း၊ နားထောင်စေခြင်းနဲ့ကလေးတွေ #Communication ကိုရစေမယ်။


ပြဿနာတွေကို အဖြေရှာစေပြီး အမှားတွေအတွက်

အမှန်တွေကို ပြင်စေလုပ်ငန်းတွေနဲ့လည်း

#Critical thinking and Problem Solving ကိုရမယ်။


စဉ်းစားစေပြီး new ideas တွေနဲ့ ဖြေရှင်းစေခြင်းဖြင့်

#Creativity and Innovation ကို ရစေမယ်။


ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ တက်ကြွစွာပါဝင်စေပြီး

#Citizenship ကို ရသွားစေပါမယ်။

ကိုင်း .. သင်ခန်းစာချိတ်ဆက်မှုတွေက အဲ့ဂလိုဗျ။


စစ်ဆေးအကဲဖြတ်မှာက ကလေးတွေရဲ့

ဗလ(၅)တန် (ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တ၊ ဘောဂ)ကို

အခြေခံတယ်။ သင်ခန်းစာ ၁-ခုသင်ကြားလိုက်ချိန်မှာ

ကလေးတွေရရှိသွားနိုင်တဲ့ နယ်ပယ်(၄)ခု ရှိတယ်။

၁) အသိပညာတတ်မြောက်မှု

၂) စွမ်းရည်များ

၃) စိတ်နေသဘောထား

၄) အသိပညာကို တွေးတောဆင်ခြင်နိုင်မှု


ဒီနယ်ပယ် ၄-ခုကို ရစေချင်ရင်

သင်ခန်းစာကို သင်ကြား/ယူမှုလုပ်တိုင်း

#Remember မှတ်မိအောင် သင်ရမယ်။

#Understanding နားလည်အောင် သင်ရမယ်။

#Apply အသုံးချနိုင်အောင် သင်ရမယ်။

ဒါကြောင့် သင်ယူပြီးချိန်မှာလည်း မှတ်မိ၊

နားလည်၊ အသုံးချနိုင်မှုတွေကို စစ်ဆေးရမှာပါ။


မူလတန်းထက်ဆင့် Grade-4နဲ့ Grade-5 က

Summative Assessment အနေနဲ့ တစ်နှစ်မှာ

၄-ကြိမ် စစ်ဆေးရပါမယ်။ Formal test အနေနဲ့ပါ။

July+August မှာ ၁ကြိမ် (အခန်းဆုံးစစ်ဆေးခြင်း)

October မှာ ၁ကြိမ်(နှစ်ဝက်ဆုံးစစ်ဆေးခြင်း)

December မှာ ၁ကြိမ်(အခန်းဆုံးစစ်ဆေးခြင်း)

March မှာ ၁ကြိမ်(နှစ်ဆုံးစစ်ဆေးခြင်း)

၁-ဘာသာမှာ ဖြေဆိုချိန် မိနစ်-၄၀ နဲ့ပါ။


မေးခွန်းတည်ဆောက်ပုံ (၂)မျိုးရှိတယ်။

#Item type(မေးခွန်းပုံစံ) နဲ့ #Rubic type(စံပုံစံ)


(Item type)မေးခွန်းအမျိုးအစား ၁၁ မျိုးရှိတယ်။

၁။ ယှဉ်တွဲမေးခွန်း 

၂။ အပိတ်မေးခွန်း

၃။ လွတ်လပ်စွာဖြေဆိုနိုင်သော မေးခွန်း 

၄။ အမှန်ရွေးမေးခွန်း

၅။ မှား/မှန်ရွေးမေးခွန်း 

၆။ ဖြည့်စွက်မေးခွန်း

၇။ အဖြေအမျိုးမျိုးမေးနိုင်သော မေးခွန်း 

၈။ အစီအစဉ်တကျ ပြန်စီရသော မေးခွန်း

၉။ အမှားများကို အမှန်ပြင်ရသော မေးခွန်း 

၁၀။ ဉာဏ်စမ်းမေးခွန်း

၁၁။ တင်ပြခြင်းနှင့် ကျိုးကြောင်းပြဖြေရသော မေးခွန်း


မှတ်မိမှုကို မေးတဲ့ မေးခွန်း။ အခြေခံမေးခွန်း။

နားလည်မှုကို မေးတဲ့ မေးခွန်း။ အခြေခံမေးခွန်း။

အသုံးချနိုင်မှုကို မေးတဲ့ မေးခွန်း။ အဆင့်မြင့်မေးခွန်း။


Rubic type(စံပုံစံ)

သင်ခန်းစာနဲ့ ပတ်သက်ပြီး အသိပညာ၊ ကျွမ်းကျင်မှု၊

သဘောထား၊ တွေးတောဆင်ခြင်နိုင်မှု တွေအပေါ်

မူတည်ပြီး စံသတ်မှတ်ပြီး စစ်ဆေးရပါတယ်။


လုပ်ဆောင်မှု(Performance) ကို စစ်ဆေးအကဲဖြတ်

မယ်ဆိုရင် ဒီအပိုင်းတွေကိုစစ်ဆေးမယ်။

Assessment point in writing

(အရေးအသားကိုစစ်ဆေးခြင်း)

Assessment point of Role Plays or Dialogue

(သရုပ်ဆောင်ခြင်း(သို့)ပြောဆိုဆက်သွယ်ခြင်း)

Assessment Point of Presentation

(တင်ပြခြင်းကို စစ်ဆေးခြင်း)

Assessment point of Project

(လုပ်ငန်းပေးစစ်ဆေးခြင်း)


အရေးအသားကို စစ်ဆေးခြင်း စံများ

1. Communicative achievement

2. Language

3. Handwriting


သရုပ်ဆောင်ခြင်း(သို့)ပြောဆိုဆက်သွယ်ခြင်း စံ

1. Voice

2. Pronunciation

3. Fluency,

4. Vocabulary and grammer

5. Presentation Techniques။


တင်ပြခြင်းကို စစ်ဆေးခြင်း စံ။

1. Pronunciation

2. Communication,

3. Vocabulary and grammer


လုပ်ငန်းပေးစစ်ဆေးခြင်း စံ။

1. Content

2. Vocabulary and grammer

3. Presentation Techniques။

4. Teamwork


Item type နဲ့ပဲ စစ်ဆေးစစ်ဆေး။

Rubic type နဲ့ပဲ စစ်ဆေးစစ်ဆေး။ ကလေးက..

သင်ရိုးညွှန်းတမ်းအတိုင်း ရရင် ကောင်း(S)။

သင်ရိုးညွှန်းတမ်းထက် ပိုပြီး ရရင် အလွန်ကောင်း(A)။

သင်ရိုးညွှန်းတမ်း အတိုင်း မရဘူးဆိုရင်

ထပ်မံကြိုးစားရန်(E)။

ကဲ ကလေးတွေရဲ့ Result ကို မှတ်တမ်းထဲမှာ

ထည့်သွင်းလိုက်လို့ရပါပြီ။


Crd/ဦးရဲ  ပညာရေး



Comments

Popular posts from this blog

G12စနှစ်သစ်မေးခွန်းပုံစံ