စားမေးပွဲနဲ့ပတ်သက်ပြီး ကလေးတွေကို ဆရာ/မ တွေအနေနဲ့ ဘယ်လိုပံ့ပိုးပေးရမလဲ... ********************************** စာမေးပွဲဆိုတာ ကျောင်းသားတွေအတွက်သာမက ဆရာ/မများအတွက် မိဘများအတွက်လည်း ဖိအားများတဲ့အချိန်ဖြစ်ပါတယ်။ ကျောင်းသား/သူများအတွက် စာမေးပွဲမဖြေဆိုမီ အကောင်းဆုံးပံ့ပိုးနိုင်မယ့်အချက် တွေကို ဆရာ/မ တွေအတွက် မျှဝေပေးပါမယ်။ (၁) ကြိုတင်စီစဉ်ထားပါ ကျောင်းသား/သူတွေအတွက် လာမည့်စာမေးပွဲအတွက် မေးခွန်းများစွာရှိပါလိမ့်မယ်။ ဆရာဆရာမတွေအနေနဲ့ သင်ရိုးနှင့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း ရင်းနှီးအကျွမ်းတဝင်ရှိဖို့လိုသလို ကျောင်းသားကျောင်းသူတွေကိုလည်း သူတို့သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေရဲ့ ရည်ရွယ်ချက်တွေကို သိဖို့ ကူညီရပါမယ်။ စာမေးပွဲတွေမှာ မေးခွန်းတွေဟာ သင်ခန်းစာရဲ့ ရည်ရွယ်ချက်အပေါ် ကျောင်းသားတွေရဲ့ မှတ်မိမှုနှင့် နားလည်မှုကို စစ်ဆေးကြလေ့ရှိတာကြောင့်ဖြစ်ပါတယ်။ (၂) စာသင်ခန်းနှင့်စာသင်ချိန်အတွင်း မှတ်စုလိုက်ခဲ့ကြောင်းသေချာပါစေ စာသင်ချိန်များတွင် ကျောင်းသား/သူများအား အရေးကြီးသောအချက်တွေ၊ အသေးစိတ်အချက် အလက်တွေ ကို ကျောင်းသားသူများအနေအား မှတ်စုတွေရေးစေခဲ့ကြပါလိမ့...